Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဆီြဒင္တြင္ ဇီကာဗိုင္းရပ္စ္ပိုး ပထမဆံုးေတ႔ြရွိ

$
0
0

စေတာ့ခ္ဟုမ္း ၊ ၂၈-၁-၂ဝ၁၆

ဆီြဒင္ႏုိင္ငံတြင္ ဇီကာဗိုင္းရပ္စ္ပိုး ပထမဆံုးအႀကိမ္ ကူးစက္မႈကို ေတြ႕ရွိထားေၾကာင္း ျပည္သူ႔ က်န္းမာေရး ဌာနမွ ကူးစက္ေရာဂါ ျပန္႔ပြားမႈ ကာကြယ္ေရး တာဝန္ရွိသူ တစ္ဦးက ဆီြဒင္သတင္းဌာန တစ္ခုသို႔ ဇန္နဝါရီ ၂၇ ရက္တြင္ ေျပာၾကား ခဲ့ေၾကာင္း Sputnik သတင္းတစ္ရပ္ အရ သိရသည္။

သေႏၶသားေလာင္း မ်ား၏ ဦးေႏွာက္ ဖြံ႕ၿဖိဳးမႈအေပၚ ဆိုးက်ဳိး သက္ေရာက္ ေစသည့္ ဇီကာဗုိင္းရပ္စ္ပိုး သည္ ၿပီးခဲ့သည့္ႏွစ္ မတ္လမွစ၍ အေမရိကတိုက္ရွိ ႏုိင္ငံေပါင္း ၂၁ ႏုိင္ငံသို႔ ျပန္႔ပြားခဲ့ျခင္း ျဖစ္ၿပီး ယခုအခါ ဥေရာပ တိုက္သို႔ ပထမဆံုး အႀကိမ္ ပ်ံ႕ႏွံ႔ေရာက္ရွိ လာၿပီျဖစ္ေၾကာင္း သိရသည္။

သို႔ေသာ္ ဇီကာဗိုင္းရပ္စ္ပိုး ကို သယ္ေဆာင္ ႏုိင္သည့္ ျခင္ေပါက္ပြား မႈသည္ ဆီြဒင္ႏုိင္ငံ၌ မရွိေသာေၾကာင့္ ယင္းေရာဂါပိုးသည္ ႏိုင္ငံ တစ္ဝန္းသို႔ ပ်ံ႕ႏွံ႔ႏိုင္ဖြယ္ မရွိေၾကာင္း ကူးစက္ေရာဂါ ျပန္႔ပြားမႈ ကာကြယ္ေရး တာဝန္ရွိသူ အန္ဒါစ္တက္နဲလ္ က TV4 ႐ုပ္သံဌာနသို႔ ေျပာၾကားသည္။

အဆိုပါ ဗိုင္းရပ္စ္ပိုးသည္ သေႏၶသားေလာင္း မ်ားႏွင့္ ေမြးကင္းစ ကေလးငယ္မ်ား၏ ဦးေႏွာက ္ဖြံ႕ၿဖိဳးမႈကို ေႏွးေကြးေစ ေသာ္လည္း အရြယ္ေရာက္ၿပီး သူမ်ားတြင္မူ ေရာဂါကူးစက္ ခံရမႈေၾကာင့္ ဆိုးရြားေသာ ခံစားမႈမ်ားကို ရရွိေစမည္ မဟုတ္ေၾကာင္း သိရသည္။

#PyiChitThar

...............................................................................

ဆွီဒင်တွင် ဇီကာဗိုင်းရပ်စ်ပိုး ပထမဆုံးတွေ့ရှိ

စတော့ခ်ဟုမ်း ၊ ၂၈-၁-၂ဝ၁၆

ဆွီဒင်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ပိုး ပထမဆုံးအကြိမ် ကူးစက်မှုကို တွေ့ရှိထားကြောင်း ပြည်သူ့ ကျန်းမာရေး ဌာနမှ ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်ရေး တာဝန်ရှိသူ တစ်ဦးက ဆွီဒင်သတင်းဌာန တစ်ခုသို့ ဇန်နဝါရီ ၂၇ ရက်တွင် ပြောကြား ခဲ့ကြောင်း Sputnik သတင်းတစ်ရပ် အရ သိရသည်။

သန္ဓေသားလောင်း များ၏ ဦးနှောက် ဖွံ့ဖြိုးမှုအပေါ် ဆိုးကျိုး သက်ရောက် စေသည့် ဇီကာဗိုင်းရပ်စ်ပိုး သည် ပြီးခဲ့သည့်နှစ် မတ်လမှစ၍ အမေရိကတိုက်ရှိ နိုင်ငံပေါင်း ၂၁ နိုင်ငံသို့ ပြန့်ပွားခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ဥရောပ တိုက်သို့ ပထမဆုံး အကြိမ် ပျံ့နှံ့ရောက်ရှိ လာပြီဖြစ်ကြောင်း သိရသည်။

သို့သော် ဇီကာဗိုင်းရပ်စ်ပိုး ကို သယ်ဆောင် နိုင်သည့် ခြင်ပေါက်ပွား မှုသည် ဆွီဒင်နိုင်ငံ၌ မရှိသောကြောင့် ယင်းရောဂါပိုးသည် နိုင်ငံ တစ်ဝန်းသို့ ပျံ့နှံ့နိုင်ဖွယ် မရှိကြောင်း ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်ရေး တာဝန်ရှိသူ အန်ဒါစ်တက်နဲလ် က TV4 ရုပ်သံဌာနသို့ ပြောကြားသည်။ 

အဆိုပါ ဗိုင်းရပ်စ်ပိုးသည် သန္ဓေသားလောင်း များနှင့် မွေးကင်းစ ကလေးငယ်များ၏ ဦးနှောက ်ဖွံ့ဖြိုးမှုကို နှေးကွေးစေ သော်လည်း အရွယ်ရောက်ပြီး သူများတွင်မူ ရောဂါကူးစက် ခံရမှုကြောင့် ဆိုးရွားသော ခံစားမှုများကို ရရှိစေမည် မဟုတ်ကြောင်း သိရသည်။

#PyiChitThar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>