ေမာ္စကုိ ၊ ၂၇-၁-၂၀၁၆
အေမရိကန္ ဘ႑ာေရးဝန္ႀကီး ဌာနက ႐ုရွားသမၼတ ပူတင္ အေနျဖင့္ လာဘ္စားမႈမ်ား က်ဴးလြန္ခဲ့ေၾကာင္း ေျပာၾကားမႈႏွင့္ ပတ္သက္၍ သက္ေသျပရန္ ႐ုရွားသမၼတ နန္းေတာ္က ဇန္နဝါရီ ၂၆ ရက္တြင္ ေတာင္းဆို လိုက္ေၾကာင္း သိရသည္။
အေမရိကန္ ဘ႑ာေရး ဝန္ႀကီးဌာန၏ အဆိုပါ ေျပာၾကားမႈသည္ တရားဝင္ စြပ္စဲြျခင္းႏွင့္ အလံုးစံု လိမ္လည္လွည့္ျဖား ျခင္းျဖစ္ေၾကာင္း ႐ုရွားသမၼတ႐ံုး ေျပာေရးဆိုခြင့္ ရွိသူ ဒီမီထရီ ပက္စ္ေကာ့ဗ္ က သတင္းေထာက္ မ်ားကို ေျပာၾကားသည္။
သမၼတ ပူတင္ အေနျဖင့္ လြန္ခဲ့ေသာ ႏွစ္မ်ားစြာ ကတည္းကပင္ လာဘ္စားမႈ မ်ားကို က်ဴးလြန္ခဲ့ျခင္း ျဖစ္သည္ဟု အေမရိကန္ အစိုးရက သိရွိထားေၾကာင္း အေမရိကန္ ဘ႑ာေရးဝန္ႀကီး ဌာနမွ အေရးယူ ပိတ္ဆို႔မႈမ်ားကို အေကာင္ အထည္ေဖာ္ လုပ္ေဆာင္လ်က္ ရွိသည့္ အာဒမ္ဆူဘင္ BBC Panoramaေ အစီအစဥ္ တြင္ ေျပာၾကားခဲ့ျခင္း ျဖစ္ၿပီး ယင္းသို႔ ေျပာၾကားမႈသည္ အေမရိကန္ က ႐ုရွားႏုိင္ငံ အေပၚ ပထမဆံုးအႀကိမ္ တိုက္႐ိုက္စြပ္စြဲ ေျပာဆိုမႈ ျဖစ္သည္။
တစ္ခ်ိန္တည္း မွာပင္ သမၼတ ပူတင္သည္ စြမ္းအင္က႑တြင္ လွ်ဳိ႕ဝွက္ ရင္းႏွီးျမႇဳပ္ႏွံ မႈမ်ား လုပ္ေဆာင္ ထားေၾကာင္း အေမရိကန္ အစိုးရက ေဖာ္ျပထားသည္။
အေမရိကန္ႏွင့္ ဥေရာပႏုိင္ငံ မ်ားသည္ ယူကရိန္းႏုိင္ငံ၏ ခ႐ိုင္းမီးယား ေဒသ အေရးအခင္းတြင္ ႐ုရွားႏုိင္ငံက က်ဴးေက်ာ္ စြက္ဖက္မႈမ်ား လုပ္ေဆာင္ခဲ့ သည္ဟု စြပ္စဲြကာ အေရးယူ ပိတ္ဆို႔မႈမ်ား ခ်မွတ္ထားသည္။
#PyiChitThar
.........................................................
အမေရိကန်၏ ပူတင်လာဘ်စားကြောင်း စွပ်စွဲချက်နှင့် ပတ်သက်၍ သက်သေပြရန် ရုရှားတောင်းဆို
မော်စကို ၊ ၂၇-၁-၂၀၁၆
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ရုရှားသမ္မတ ပူတင် အနေဖြင့် လာဘ်စားမှုများ ကျူးလွန်ခဲ့ကြောင်း ပြောကြားမှုနှင့် ပတ်သက်၍ သက်သေပြရန် ရုရှားသမ္မတ နန်းတော်က ဇန်နဝါရီ ၂၆ ရက်တွင် တောင်းဆို လိုက်ကြောင်း သိရသည်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အဆိုပါ ပြောကြားမှုသည် တရားဝင် စွပ်စွဲခြင်းနှင့် အလုံးစုံ လိမ်လည်လှည့်ဖြား ခြင်းဖြစ်ကြောင်း ရုရှားသမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် က သတင်းထောက် များကို ပြောကြားသည်။
သမ္မတ ပူတင် အနေဖြင့် လွန်ခဲ့သော နှစ်များစွာ ကတည်းကပင် လာဘ်စားမှု များကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် အစိုးရက သိရှိထားကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနမှ အရေးယူ ပိတ်ဆို့မှုများကို အကောင် အထည်ဖော် လုပ်ဆောင်လျက် ရှိသည့် အာဒမ်ဆူဘင် BBC Panoramaေ အစီအစဉ် တွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး ယင်းသို့ ပြောကြားမှုသည် အမေရိကန် က ရုရှားနိုင်ငံ အပေါ် ပထမဆုံးအကြိမ် တိုက်ရိုက်စွပ်စွဲ ပြောဆိုမှု ဖြစ်သည်။
တစ်ချိန်တည်း မှာပင် သမ္မတ ပူတင်သည် စွမ်းအင်ကဏ္ဍတွင် လျှို့ဝှက် ရင်းနှီးမြှုပ်နှံ မှုများ လုပ်ဆောင် ထားကြောင်း အမေရိကန် အစိုးရက ဖော်ပြထားသည်။
အမေရိကန်နှင့် ဥရောပနိုင်ငံ များသည် ယူကရိန်းနိုင်ငံ၏ ခရိုင်းမီးယား ဒေသ အရေးအခင်းတွင် ရုရှားနိုင်ငံက ကျူးကျော် စွက်ဖက်မှုများ လုပ်ဆောင်ခဲ့ သည်ဟု စွပ်စွဲကာ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားသည်။
#PyiChitThar