ပဲရစ္ ၊ ၂၇-၁-၂၀၁၆
ျပင္သစ္ႏုိင္ငံ ပဲရစ္ၿမိဳ႕ရွိ အထက္တန္းေက်ာင္း ေျခာက္ေက်ာင္းကို ဗံုးခဲြ တိုက္ခိုက္မည္ဟု ၿခိမ္းေျခာက္ခံ ရေသာေၾကာင့္ ရဲတပ္ဖဲြ႕က ကယ္ဆယ္ေရး လုပ္ငန္းမ်ား လုပ္ေဆာင္ ခဲ့ရေၾကာင္း ၿမိဳ႕နယ္ ပညာေရးမွဴး႐ံုး ၏ ထုတ္ျပန္ခ်က္ကို ကိုးကား၍ ေဒသတြင္း သတင္းဌာန မ်ားက ဇန္နဝါရီ ၂၆ ရက္တြင္ ေဖာ္ျပထားသည္။
ပဲရစ္ၿမိဳ႕ရွိ Henri IV ၊ Louis Le Grand ၊ Condorcet ၊ Charlemagne ၊ Montaigne ႏွင့္ Fenelon အထက္တန္းေက်ာင္း တို႔၌ ဗံုးေထာင္ထားသည္ ဟူေသာ ၿခိမ္းေျခာက္မႈကို တယ္လီဖုန္းမွ တစ္ဆင့္ တစ္ၿပိဳင္နက္တည္း ရရွိခဲ့ျခင္း ျဖစ္သည္။
ထိုသုိ႔ ၿခိမ္းေျခာက္မႈ ရၿပီးေနာက္ ရဲတပ္ဖဲြ႕ဝင္ မ်ားသည္ အဆိုပါ ေက်ာင္း မ်ားမွ ေက်ာင္းသား မ်ားကို ေဘးလြတ္ရာသို႔ ေရႊ႕ေျပာင္း ေပးခဲ့ၿပီး ယင္းေက်ာင္းမ်ား၌ ေပါက္ကဲြ ေစ တတ္ေ သာ ပစၥည္း မ်ားရွိ၊ မရွိကို ရွာေဖြမႈမ်ား လုပ္ေဆာင္ ခဲ့ေၾကာင္း သိရသည္။
ရဲတပ္ဖဲြ႕ဝင္ မ်ားသည္ Henri IV ေက်ာင္းမွ သံသယရွိဖြယ္ အထုပ္တစ္ထုပ္ကို ရွာေဖြေတြ႕ရွိ ထားေၾကာင္း Le Figaro သတင္းဌာနက ၄င္းတို႔၏ ဝက္ဘ္ဆိုက္၌ ေဖာ္ျပ ထားသည္။
ထုိ႔ျပင္ ၿဗိတိန္ႏုိင္ငံ တစ္ဝန္းရွိ ေက်ာင္းေပါင္း ၁၄ ေက်ာင္းမွာလည္း ဗံုးခြဲ တိုက္ခိုက္ရန္ ၿခိမ္းေျခာက္ခံ ရမႈမ်ားႏွင့္ ႀကံဳေတြ႕ခဲ့ေၾကာင္း သိရသည္။
ၿဗိတိန္ရွိေက်ာင္း ၁၄ ေက်ာင္းအနက္ ေလးေက်ာင္းမွာ လန္ဒန္ၿမိဳ႕မွ ျဖစ္ၿပီး က်န္ေက်ာင္း မ်ားမွာ အေနာက္မစ္ဒ္လန္း ႏွင့္ ကြန္းေဝါလ္ၿမိဳ႕ တို႔မွျဖစ္ေၾကာင္း၊ ရဲတပ္ဖဲြ႕ဝင္ မ်ားက ဖုန္းေခၚဆိုသူကို စံုစမ္းရွာေဖြ မႈမ်ား လုပ္ေဆာင္လ်က္ ရွိေၾကာင္းႏွင့္ ေက်ာင္းဝင္းမ်ား အတြင္း မည္သည့္ ေပါက္ကဲြ ေစတတ္ေသာ ပစၥည္းကို မွ်မေတြ႕ရွိ ထားေၾကာင္း သိရသည္။
#PyiChitThar
.............................................................................................
ပြင်သစ်နှင့်ဗြိတိန်ရှိ စာသင်ကျောင်းများ ဗုံးခွဲတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံရ
ပဲရစ် ၊ ၂၇-၁-၂၀၁၆
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အထက်တန်းကျောင်း ခြောက်ကျောင်းကို ဗုံးခွဲ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခံ ရသောကြောင့် ရဲတပ်ဖွဲ့က ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် ခဲ့ရကြောင်း မြို့နယ် ပညာရေးမှူးရုံး ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသတွင်း သတင်းဌာန များက ဇန်နဝါရီ ၂၆ ရက်တွင် ဖော်ပြထားသည်။
ပဲရစ်မြို့ရှိ Henri IV ၊ Louis Le Grand ၊ Condorcet ၊ Charlemagne ၊ Montaigne နှင့် Fenelon အထက်တန်းကျောင်း တို့၌ ဗုံးထောင်ထားသည် ဟူသော ခြိမ်းခြောက်မှုကို တယ်လီဖုန်းမှ တစ်ဆင့် တစ်ပြိုင်နက်တည်း ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ခြိမ်းခြောက်မှု ရပြီးနောက် ရဲတပ်ဖွဲ့ဝင် များသည် အဆိုပါ ကျောင်း များမှ ကျောင်းသား များကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့ပြီး ယင်းကျောင်းများ၌ ပေါက်ကွဲ စေ တတ်ေ သာ ပစ္စည်း များရှိ၊ မရှိကို ရှာဖွေမှုများ လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင် များသည် Henri IV ကျောင်းမှ သံသယရှိဖွယ် အထုပ်တစ်ထုပ်ကို ရှာဖွေတွေ့ရှိ ထားကြောင်း Le Figaro သတင်းဌာနက ၄င်းတို့၏ ဝက်ဘ်ဆိုက်၌ ဖော်ပြ ထားသည်။
ထို့ပြင် ဗြိတိန်နိုင်ငံ တစ်ဝန်းရှိ ကျောင်းပေါင်း ၁၄ ကျောင်းမှာလည်း ဗုံးခွဲ တိုက်ခိုက်ရန် ခြိမ်းခြောက်ခံ ရမှုများနှင့် ကြုံတွေ့ခဲ့ကြောင်း သိရသည်။
ဗြိတိန်ရှိကျောင်း ၁၄ ကျောင်းအနက် လေးကျောင်းမှာ လန်ဒန်မြို့မှ ဖြစ်ပြီး ကျန်ကျောင်း များမှာ အနောက်မစ်ဒ်လန်း နှင့် ကွန်းဝေါလ်မြို့ တို့မှဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင် များက ဖုန်းခေါ်ဆိုသူကို စုံစမ်းရှာဖွေ မှုများ လုပ်ဆောင်လျက် ရှိကြောင်းနှင့် ကျောင်းဝင်းများ အတွင်း မည်သည့် ပေါက်ကွဲ စေတတ်သော ပစ္စည်းကို မျှမတွေ့ရှိ ထားကြောင်း သိရသည်။
#PyiChitThar