Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေဒၚစု ကမ္းလွမ္း လာရင္ အသင့္ရိွဟု သူရ ဦးေရႊမန္း ေျပာဆို

$
0
0
ျပည္ေထာင္စု လႊတ္ေတာ္ နာကက သူရဦးေရႊမန္းက လႊတ္ေတာ္ေနာက္ဆံုးေန႔ ဒီကေန႔ သတင္းစာရွင္းလင္းပဲြ။ (ဇန္နဝါရီ ၂၉၊ ၂၀၁၆)
NLD ဦးေဆာင္ တဲ့ အစိုးရသစ္ လက္ထက္မွာ ေဒၚေအာင္ဆန္းစုၾကည္ဘက္က တာဝန္ေပး လာတဲ့ အေပၚမွာ လက္ခံသြားဖို႔ အသင့္ရိွသလို၊ ေဒၚေအာင္ဆန္းစုၾကည္ ဘက္က လည္း သူ႕ကို အသံုးခ်လိမ့္မယ္လို႔ ျပည္ေထာင္စုလႊတ္ေတာ္နာကက သူရဦးေရႊမန္း က လႊတ္ေတာ္ေနာက္ဆံုးေန႔ ဒီကေန႔ သတင္းစာ ရွင္းလင္းပဲြ မွာ ေျပာသြား ပါတယ္။ အသြင္ ကူးေျပာင္းေရးေဆာင္ရြက္ခ်က္ေတြနဲ႔ ပတ္သက္ လို႔ ေဒၚေအာင္ဆန္းစုၾကည္ကို အတိုင္ပင္ခံ အႀကံေပးမႈေတြ လုပ္ခဲ့တယ္ လို႔လည္း ထည့္သြင္းေျပာခဲ့ပါတယ္။ သတင္းစာရွင္းလငး္ပဲြကို တက္ေရာက္ သတင္းယူခဲ့တဲ့ ဗီြအိုေအ သတင္းေထာက္ မေမခ သတင္းေပးပို႔ ထားပါတယ္။

ဒီကေန႔ ပထမအႀကိမ္ လႊတ္ေတာ္ေတြ ရပ္နားတဲ့ ေနာက္ဆံုးေန႔မွာ သူရဦးေရႊမန္းက မီဒီယာေတြ နဲ႔ ေတြ႔ဆံုစဥ္မွာ အခုလိုေျပာၾကားလိုက္တာပါ။ ေဒၚေအာင္ဆန္းစုၾကည္ ဖြဲ႔စည္းမယ့္ အစိုးရသစ္ လက္ထက္မွာ ေနရာေပးလာပါက လုပ္ေဆာင္သြား မွာ ျဖစ္ေၾကာင္း မေရြးခ်ယ္ဘူးဆိုရင္လည္း ႏိုင္ငံေရးလုပ္ငန္းေတြကို လုပ္ ေဆာင္ သြားမယ္လို႔ သူကအခုလိုေျပာခဲ့ပါတယ္။

"ဘယ္တာဝန္၊ ဘယ္ကိစၥေတြမွာ လုပ္ေပးပါ ဆိုတဲ့ဟာေတာ့ ေလာေလာဆယ္ မရွိပါဘူး။ ကိုယ့္ရဲ႕သံုးသပ္ခ်က္၊ ေမွ်ာ္လင့္ခ်က္ေပါ့ေလ။ ေဒၚေအာင္ဆန္းစုၾကည္ ဆိုလို႔ရွိရင္လည္း တာဝန္ေပးမယ္ သို႔မဟုတ္ အသံုးခ်မယ္ ဆိုလို႔ရွိရင္ေပါ့ေလ။ ေသခ်ာ စဥ္းစားၿပီးေတာ့ ႏွစ္ဦးႏွစ္ဘက္ အက်ိဳးရွိမယ္။ တိုင္းျပည္ အတြက္ အက်ိဳးရွိမယ့္ ကိစၥမ်ိဳး ျဖစ္မယ္လို႔ပဲ ထင္ပါတယ္။ တို႔ဘက္ကေတာ့ ဘယ္ေနရာ၊ ဘယ္ရာထူး၊ ဘာတာဝန္ဆိုတဲ့ဟာကို အဓိကထား မစဥ္းစားပဲနဲ႔ အမ်ားအက်ိဳး၊ တုိင္းျပည္ အက်ိဳးအတြက္ လုပ္ေဆာင္ေပးမယ္ဆိုတဲ့ မူလရည္ရြယ္ခ်က္အတုိင္းပဲ ျဖစ္ပါတယ္။"

သူရဦးေရႊမန္းက အခုလိုေျပာဆိုခဲ့တာပါ။ လက္ရွိမွာ NLD ပါတီ ရဲ႕ လႊတ္ေတာ္ေတြ အတြက္ ဥကၠ႒၊  ဒုဥကၠ႒ေနရာေတြ ေရြးခ်ယ္မႈမွာ အႀကံဉာဏ္ေပး ခဲ့ ေၾကာင္း၊ ျပည္သူ႔ လႊတ္ေတာ္ ဒုဥကၠ႒ေနရာ ကို ျပည္ခိုင္ၿဖိဳးပါတီဝင္ ကခ်င္ လႊတ္ေတာ္ အမတ္ ဦးတီခြန္ျမတ္ ကို ေရြးခ်ယ္ဖို႔ ေထာက္ခံေျပာဆိုခဲ့ေၾကာင္း သူရ ဦးေရႊမန္းက ေျပာဆိုပါတယ္။

ဒီအေပၚမွာ NLD ပါတီက ဖြဲ႔မယ့္ အစိုးရသစ္ အတြက္ ပါဝင္ၾကမယ့္ လူေရြးခ်ယ္မႈ မွာ သူရဦးေရႊမန္းက ေရြးခ်ယ္ေပးဖို႔ ေထာက္ခံထားသူ ရွိမရွိကို ဗီြအိုေအကေမးျမန္း တာမွာ သူရဦးေရႊမန္းက အခုလိုေျပာဆိုခဲ့ပါတယ္။

"အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္အတြက္ လွွ်ိဳ႕ဝွက္ၿပီးေတာ့ အဓိကထားေဆာင္ရြက္ေနတဲ့ ကိစၥေတြျဖစ္ပါတယ္။ အစိုးရဖြဲ႔စည္းေရးတို႔ ဝန္ႀကီး ေရြးခ်ယ္ေရးတို႔ ဘယ္သူ သမၼတျဖစ္လာမလဲ၊ ဘယ္သူ႔ကို ျဖစ္ေစခ်င္သလဲ။ အဲ့လိုေျပာလိုက္မယ္ဆုိရင္ ခုနက လည္လည္ပတ္ပတ္နဲ႔ ေမးလိုက္တဲ့ ေမးခြန္းကို ဥကၠ႒ႀကီးက ေထာင္ေခ်ာက္ထဲ ဝင္ၿပီး ေျဖလုိက္သလိုျဖစ္သြားမွာေပါ့။ ပြင့္လင္းျမင္သာမႈ ဆိုတာက လိုပါတယ္။ သူ႔အခ်ိန္နဲ႔သူျဖစ္ပါလိမ့္မယ္။ ဒါေၾကာင့္မို႔ ခုနက တုိင္ပင္တယ္ ဆိုတဲ့ေနရာမွာ အဲ့တာေတြလည္း ပါႏုိင္တာေပါ့။ ေနာ္ အဲ့တာေတြလည္း ပါႏုိင္တာေပါ့။ ပါႏုိင္ေပမဲ့ ဘယ္သူ႔ကို ဘယ္လို ဆိုတာေတာ့လည္း လံုျခံဳမႈ ခ်ိဳးေဖာက္သလို  တိုင္ပင္တဲ့သူအေပၚမွာ သစၥာမဲ့ရာလည္း ေရာက္သြားႏုိင္ပါတယ္။"

မၾကာမွီ အစိုးရသစ္ ဖြဲ႔ေတာ့မယ့္ အႏိုင္ရ NLD ပါတီအေနနဲ႔ ႀကံဳေတြ႔လာမယ့္ စိန္ေခၚမႈေတြနဲ႔ ပတ္သတ္ၿပီးလည္း သူက အခုလိုေျပာဆိုလိုက္ပါေသးတယ္။

"စိန္ေခၚမႈကေတာ့ ေတာ္ေတာ္မ်ားတယ္။ သူတို႔ရင္ဆုိင္ၾကံဳေတြ႔ရမယ့္ Mindset ေပါ့။ လူဆိုတဲ့ေနရာမွာ အားလံုးကို ဆိုလုိပါတယ္။ ဒီကေန႔ ေတြ႔ၾကံဳခဲ့တဲ့ အေတြ႔အၾကံဳ အရ  ဗဟိုဦးစီးစနစ္၊ အမိန္႔နဲ႔ညႊန္ၾကားၿပီး အုပ္ခ်ဳပ္တယ္။ အဲ့ကေနၿပီးေတာ့ကာ ဒီမိုကေရစီ နည္းက် ျပန္အုပ္ခ်ဳပ္မယ္ ။ အဲ့ဒီ့ Mindset နဲ႔ အဲ့ဒီ့အေလ့အက်င့္ ဒါ အခက္အခဲဆံုးထဲက တခုပဲျဖစ္ပါတယ္။ အ့ဲဒီ့အထဲမွာ NLD အဖြဲ႔ဝင္ေတြလည္း ပါႏုိင္တယ္။ ဝန္ထမ္းေတြလည္း ပါႏုိင္တယ္။ NLD အစိုးရ တက္လာၿပီဆိုရင္ အားလံုး အဆင္ေျပသြားမယ္ ထင္တယ္ဗ်။ လူေတြ အလုပ္အကိုင္ေတြ ရလာမယ္။ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံႈမႈေတြ လွိမ့္ၿပီး ဝင္လာမယ္။ ၿပီးတဲ့အခါမွာ ဝင္ေငြေတြ တုိးလာမယ္။ စသည္ စသည္ ေပါ့ေလ။ ဒီလိုေမွ်ာ္လင့္ခ်က္ေတြက တအားႀကီးတယ္။ အဲ့ဒီ့တအားႀကီးတာလည္း စိန္ေခၚမႈ တခုပဲ။ "

မၾကာခင္ တင္ေျမႇာက္ခံရမယ့္ သမၼတနဲ႔ပတ္သတ္ၿပီး ဘယ္သူဘယ္ဝါကို ျဖစ္ဖို႔နဲ႔ ဘယ္သူ႔ကို သမၼတျဖစ္ေစခ်င္လဲဆိုတာကိုေတာ့ တိက်စြာမေျပာဆိုခဲ့ပါဘူး။

စစ္ေခါင္းေဆာင္ေဟာင္း ဗိုလ္ခ်ဳပ္ မႈးႀကီး သန္းေရႊ နဲ႔ ေဒၚေအာင္ဆန္း စုၾကည္ ေတြ႔ဆံုႏိုင္ဖို႔ကို စီစဥ္ေပးခဲ့ တာဟာလည္း ႏိုင္ငံေကာင္းဖို႔ ရည္ရြယ္ လုပ္ေဆာင္ျခင္း သာျဖစ္ေၾကာင္း၊ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေရြးေကာက္ပြဲ အၿပီးမွာ ေန႔စဥ္ေတြ႔ဆံုၿပီး ေဆြးေႏြးတိုင္ပင္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သူကေျပာဆိုထားပါတယ္။ ဒါေပမဲ့ ဘယ္လို အေၾကာင္းအရာေတြ ကို ေဆြးေႏြးသလဲ ဆိုတာကို ေတာ့ သူက မေျပာခဲ့ပါဘူး။

လက္ရွိမွာေတာ့ ပထမအႀကိမ္က်င္းပတဲ့ လႊတ္ေတာ္ေတြဟာ ဒီကေန႔မွာ ရပ္နားလိုက္ပါၿပီ။ လာမယ့္ ေဖေဖာ္ဝါရီ ၁ရက္ေန႔မွာ ဒုတိယအႀကိမ္ လႊတ္ေတာ္ျပန္ စေတာ့မွာ ျဖစ္ေပမယ့္ ခုခ်ိန္ထိေတာ့ လႊတ္ေတာ္ ၂ရပ္အတြက္ ဥကၠ႒ နဲ႔ ဒုဥကၠ႒ေနရာေတြကိုဘဲ NLD ပါတီက ထုတ္ျပန္ေပးထားပါတယ္။ ဒီမွာ လႊတ္ေတာ္ နာယကေဟာင္းတဦးလည္းျဖစ္ တပ္မေတာ္သားလည္းျဖစ္တဲ့ သူရဦးေရႊမန္း က ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ဆက္ဆံေရးေကာင္းမြန္ တာေၾကာင့္ NLD ပါတီ အစိုးရဖြဲ႔မယ္ ဆိုရင္ သမၼတလုပ္ပိုင္ခြင့္နဲ႔ တာဝန္ေပးမယ့္ ေနရာတေနရာ ရႏိုင္တယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................
 ပြည်ထောင်စု လွှတ်တော် နာကက သူရဦးရွှေမန်းက လွှတ်တော်နောက်ဆုံးနေ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၉၊ ၂၀၁၆)
NLD ဦးဆောင် တဲ့ အစိုးရသစ် လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တာဝန်ပေး လာတဲ့ အပေါ်မှာ လက်ခံသွားဖို့ အသင့်ရှိသလို၊ ဒေါ်အောင်ဆန်းစုကြည် ဘက်က လည်း သူ့ကို အသုံးချလိမ့်မယ်လို့ ပြည်ထောင်စုလွှတ်တော်နာကက သူရဦးရွှေမန်း က လွှတ်တော်နောက်ဆုံးနေ့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ မှာ ပြောသွား ပါတယ်။ အသွင် ကူးပြောင်းရေးဆောင်ရွက်ချက်တွေနဲ့ ပတ်သက် လို့ ဒေါ်အောင်ဆန်းစုကြည်ကို အတိုင်ပင်ခံ အကြံပေးမှုတွေ လုပ်ခဲ့တယ် လို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။ သတင်းစာရှင်းလငး်ပွဲကို တက်ရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ ထားပါတယ်။

ဒီကနေ့ ပထမအကြိမ် လွှတ်တော်တွေ ရပ်နားတဲ့ နောက်ဆုံးနေ့မှာ သူရဦးရွှေမန်းက မီဒီယာတွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလိုပြောကြားလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းမယ့် အစိုးရသစ် လက်ထက်မှာ နေရာပေးလာပါက လုပ်ဆောင်သွား မှာ ဖြစ်ကြောင်း မရွေးချယ်ဘူးဆိုရင်လည်း နိုင်ငံရေးလုပ်ငန်းတွေကို လုပ် ဆောင် သွားမယ်လို့ သူကအခုလိုပြောခဲ့ပါတယ်။

"ဘယ်တာဝန်၊ ဘယ်ကိစ္စတွေမှာ လုပ်ပေးပါ ဆိုတဲ့ဟာတော့ လောလောဆယ် မရှိပါဘူး။ ကိုယ့်ရဲ့သုံးသပ်ချက်၊ မျှော်လင့်ချက်ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည် ဆိုလို့ရှိရင်လည်း တာဝန်ပေးမယ် သို့မဟုတ် အသုံးချမယ် ဆိုလို့ရှိရင်ပေါ့လေ။ သေချာ စဉ်းစားပြီးတော့ နှစ်ဦးနှစ်ဘက် အကျိုးရှိမယ်။ တိုင်းပြည် အတွက် အကျိုးရှိမယ့် ကိစ္စမျိုး ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ တို့ဘက်ကတော့ ဘယ်နေရာ၊ ဘယ်ရာထူး၊ ဘာတာဝန်ဆိုတဲ့ဟာကို အဓိကထား မစဉ်းစားပဲနဲ့ အများအကျိုး၊ တိုင်းပြည် အကျိုးအတွက် လုပ်ဆောင်ပေးမယ်ဆိုတဲ့ မူလရည်ရွယ်ချက်အတိုင်းပဲ ဖြစ်ပါတယ်။"

သူရဦးရွှေမန်းက အခုလိုပြောဆိုခဲ့တာပါ။ လက်ရှိမှာ NLD ပါတီ ရဲ့ လွှတ်တော်တွေ အတွက် ဥက္ကဋ္ဌ၊  ဒုဥက္ကဋ္ဌနေရာတွေ ရွေးချယ်မှုမှာ အကြံဉာဏ်ပေး ခဲ့ ကြောင်း၊ ပြည်သူ့ လွှတ်တော် ဒုဥက္ကဋ္ဌနေရာ ကို ပြည်ခိုင်ဖြိုးပါတီဝင် ကချင် လွှတ်တော် အမတ် ဦးတီခွန်မြတ် ကို ရွေးချယ်ဖို့ ထောက်ခံပြောဆိုခဲ့ကြောင်း သူရ ဦးရွှေမန်းက ပြောဆိုပါတယ်။

ဒီအပေါ်မှာ NLD ပါတီက ဖွဲ့မယ့် အစိုးရသစ် အတွက် ပါဝင်ကြမယ့် လူရွေးချယ်မှု မှာ သူရဦးရွှေမန်းက ရွေးချယ်ပေးဖို့ ထောက်ခံထားသူ ရှိမရှိကို ဗွီအိုအေကမေးမြန်း တာမှာ သူရဦးရွှေမန်းက အခုလိုပြောဆိုခဲ့ပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် လျှှို့ဝှက်ပြီးတော့ အဓိကထားဆောင်ရွက်နေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ အစိုးရဖွဲ့စည်းရေးတို့ ဝန်ကြီး ရွေးချယ်ရေးတို့ ဘယ်သူ သမ္မတဖြစ်လာမလဲ၊ ဘယ်သူ့ကို ဖြစ်စေချင်သလဲ။ အဲ့လိုပြောလိုက်မယ်ဆိုရင် ခုနက လည်လည်ပတ်ပတ်နဲ့ မေးလိုက်တဲ့ မေးခွန်းကို ဥက္ကဋ္ဌကြီးက ထောင်ချောက်ထဲ ဝင်ပြီး ဖြေလိုက်သလိုဖြစ်သွားမှာပေါ့။ ပွင့်လင်းမြင်သာမှု ဆိုတာက လိုပါတယ်။ သူ့အချိန်နဲ့သူဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မို့ ခုနက တိုင်ပင်တယ် ဆိုတဲ့နေရာမှာ အဲ့တာတွေလည်း ပါနိုင်တာပေါ့။ နော် အဲ့တာတွေလည်း ပါနိုင်တာပေါ့။ ပါနိုင်ပေမဲ့ ဘယ်သူ့ကို ဘယ်လို ဆိုတာတော့လည်း လုံခြုံမှု ချိုးဖောက်သလို  တိုင်ပင်တဲ့သူအပေါ်မှာ သစ္စာမဲ့ရာလည်း ရောက်သွားနိုင်ပါတယ်။"

မကြာမှီ အစိုးရသစ် ဖွဲ့တော့မယ့် အနိုင်ရ NLD ပါတီအနေနဲ့ ကြံုတွေ့လာမယ့် စိန်ခေါ်မှုတွေနဲ့ ပတ်သတ်ပြီးလည်း သူက အခုလိုပြောဆိုလိုက်ပါသေးတယ်။

"စိန်ခေါ်မှုကတော့ တော်တော်များတယ်။ သူတို့ရင်ဆိုင်ကြံုတွေ့ရမယ့် Mindset ပေါ့။ လူဆိုတဲ့နေရာမှာ အားလုံးကို ဆိုလိုပါတယ်။ ဒီကနေ့ တွေ့ကြံုခဲ့တဲ့ အတွေ့အကြံု အရ  ဗဟိုဦးစီးစနစ်၊ အမိန့်နဲ့ညွှန်ကြားပြီး အုပ်ချုပ်တယ်။ အဲ့ကနေပြီးတော့ကာ ဒီမိုကရေစီ နည်းကျ ပြန်အုပ်ချုပ်မယ် ။ အဲ့ဒီ့ Mindset နဲ့ အဲ့ဒီ့အလေ့အကျင့် ဒါ အခက်အခဲဆုံးထဲက တခုပဲဖြစ်ပါတယ်။ အဲ့ဒီ့အထဲမှာ NLD အဖွဲ့ဝင်တွေလည်း ပါနိုင်တယ်။ ဝန်ထမ်းတွေလည်း ပါနိုင်တယ်။ NLD အစိုးရ တက်လာပြီဆိုရင် အားလုံး အဆင်ပြေသွားမယ် ထင်တယ်ဗျ။ လူတွေ အလုပ်အကိုင်တွေ ရလာမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံှုမှုတွေ လှိမ့်ပြီး ဝင်လာမယ်။ ပြီးတဲ့အခါမှာ ဝင်ငွေတွေ တိုးလာမယ်။ စသည် စသည် ပေါ့လေ။ ဒီလိုမျှော်လင့်ချက်တွေက တအားကြီးတယ်။ အဲ့ဒီ့တအားကြီးတာလည်း စိန်ခေါ်မှု တခုပဲ။ "

မကြာခင် တင်မြှောက်ခံရမယ့် သမ္မတနဲ့ပတ်သတ်ပြီး ဘယ်သူဘယ်ဝါကို ဖြစ်ဖို့နဲ့ ဘယ်သူ့ကို သမ္မတဖြစ်စေချင်လဲဆိုတာကိုတော့ တိကျစွာမပြောဆိုခဲ့ပါဘူး။

စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ် မှုးကြီး သန်းရွှေ နဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံနိုင်ဖို့ကို စီစဉ်ပေးခဲ့ တာဟာလည်း နိုင်ငံကောင်းဖို့ ရည်ရွယ် လုပ်ဆောင်ခြင်း သာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရွေးကောက်ပွဲ အပြီးမှာ နေ့စဉ်တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သူကပြောဆိုထားပါတယ်။ ဒါပေမဲ့ ဘယ်လို အကြောင်းအရာတွေ ကို ဆွေးနွေးသလဲ ဆိုတာကို တော့ သူက မပြောခဲ့ပါဘူး။

လက်ရှိမှာတော့ ပထမအကြိမ်ကျင်းပတဲ့ လွှတ်တော်တွေဟာ ဒီကနေ့မှာ ရပ်နားလိုက်ပါပြီ။ လာမယ့် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဒုတိယအကြိမ် လွှတ်တော်ပြန် စတော့မှာ ဖြစ်ပေမယ့် ခုချိန်ထိတော့ လွှတ်တော် ၂ရပ်အတွက် ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌနေရာတွေကိုဘဲ NLD ပါတီက ထုတ်ပြန်ပေးထားပါတယ်။ ဒီမှာ လွှတ်တော် နာယကဟောင်းတဦးလည်းဖြစ် တပ်မတော်သားလည်းဖြစ်တဲ့ သူရဦးရွှေမန်း က ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆက်ဆံရေးကောင်းမွန် တာကြောင့် NLD ပါတီ အစိုးရဖွဲ့မယ် ဆိုရင် သမ္မတလုပ်ပိုင်ခွင့်နဲ့ တာဝန်ပေးမယ့် နေရာတနေရာ ရနိုင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>