29 January 2016
ျပည္ေထာင္စုႀကံ႕ခိုင္ေရးနဲ႔ဖံြ႔ၿဖိဳးေရးပါတီက အႀကီးတန္းေခါင္းေဆာင္တဦးျဖစ္ခဲ့တဲ့ သူရဦးေအာင္ကိုဟာ တသီးပုဂၢလ ႏိုင္ငံေရးသမားတဦးအေနနဲ႔ ဆက္လက္ ရပ္တည္ၿပီး၊ တိုင္းျပည္နဲ႔လူထု အက်ိဳးစီးပြား အတြက္ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ မည္သည့္ပုဂၢိဳလ္ မည္သည့္ပါတီနဲ႔မဆို လက္တဲြလုပ္သြားမယ္လို႔ ဗီြအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။ ေနျပည္ေတာ္က ဒီေန႔ လႊတ္ေတာ္ေဟာင္း ေနာက္ဆံုးေန႔ မွာ ေရာက္ရိွလာတဲ့ သူရဦးေအာင္ကို ကို မေမခက ေတြ႔ဆံုေမးျမန္းထားတာပါ။
ေမခ။ ။ ခ်ိတ္ဆက္ၿပီးေတာ့ ညိႇႏိႈင္းလာတာမ်ိဳးေတြေရာ ရွိပါသလား။ ဘာျဖစ္လို႔လဲဆိုေတာ့ သတင္းေတြက ေတာ္ေတာ္မ်ားမ်ား ထြက္ေနတာပါ။ ဝန္ႀကီးတေနရာမွာ အန္ကယ္လ္ကို ေပးမယ္ဆိုတဲ့ အသံေတြ ေတာ္ေတာ္ေလး ထြက္ေနလို႔ပါ။
သူရဦးေအာင္ကို။ ။ ဦးက အခုထက္ထိ အစ္မက အန္တီစုက ေျပာတာဆိုတာ မရွိေသးပါဘူး။ မေတြ႔ေသးပါဘူး။ ဒါေပမဲ့ေပါ့ေလ လိုအပ္ရင္ ဝိုင္းကူပါဆိုတဲ့ စကားေတာ့ မၾကာခဏ ေျပာပါတယ္။ လိုအပ္ရင္ တိုင္းျပည္အတြက္ ဝိုင္းကူပါလို႔ေျပာတာပဲ အဲ့ေလာက္ပဲ ေျပာလို႔ရပါတယ္။ ေတာ္ေလ်ာက္ ရပ္တည္မႈကိုက ျပည္သူ႔ဘက္က ရပ္တည္တာပဲေလ။ တိုင္းျပည္နဲ႔ လူမ်ိဳးဘက္က ရပ္တည္တာ မည္သည့္ပုဂၢိဳလ္ အဖြဲ႔အစည္းဘက္ကမွ ရပ္တည္တာမဟုတ္ဘူး။ ထို႔ေၾကာင့္ တုိင္းျပည္နဲ႔ လူမ်ိဳးအတြက္ဆိုရင္ ႏုိင္ငံနဲ႔လူမ်ိဳးအတြက္ဆိုရင္ အဆင္သင့္ရွိပါတယ္။
ေမခ။ ။ အဲ့ေတာ့ NLD နဲ႔ ပူးေပါင္းလုပ္ေဆာင္တဲ့အခါမွာ ပါတီနဲ႔ေရာ သေဘာထား ကြဲလြဲတာ ရွိမလားရွင့္။
သူရဦးေအာင္ကို။ ။ အခုဟာက အန္ကယ္လ္မွာက ျပည္ခိုင္ၿဖိဳးပါတီရဲ႕ တာဝန္လည္း မရွိေတာ့ပါဘူး။ မရွိလို႔မို႔လို႔ ဘာမွ သေဘာထားကြဲလြဲစရာလည္း ရွိမွာမဟုတ္ပါဘူး။
ေမခ ။ ။ ဘာေၾကာင့္ ျပည္ခိုင္ၿဖိဳးပါတီက တာဝန္မရွိတာလဲ။ အန္ကယ္လ္က ျပည္ခိုင္ၿဖိဳး ပါတီဝင္တေယာက္အေနနဲ႔ ပဲ ေနတာမဟုတ္ဘူးလား။
သူရဦးေအာင္ကို။ ။ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၂ရက္ေန႔ ညပိုင္း CEC အျဖစ္ကေန ဖယ္ရွားျခင္း ခံရတဲ့အခ်ိန္က စၿပီးေတာ့မွ ပါတီတာဝန္မရွိေတာ့ပါဘူး။
ေမခ။ ။ ပါတီဝင္အေနနဲ႔ေရာ ဆက္လက္ရွိေနပါေသးလားရွင့္။
သူရဦးေအာင္ကို။ ။ ပါတီဝင္အေနနဲ႔ေတာ့ ဆက္လက္ရွိေနပါတယ္။ ပါတီဝင္ဆိုတာ သာမန္ပဲေလ။ သာမန္ပါတီဝင္အျဖစ္ ရွိမွာပါ။
ေမခ။ ။ အကယ္လို႔ NLD ပါတီ ရဲ႕ ဖြဲ႔စည္းပံုထဲမွာ မပါဝင္ဘူးဆိုခဲ့ရင္ အန္ကယ္လ္ အေနနဲ႔ တသီးပုဂၢလအေနနဲ႔ ႏုိင္ငံေရးထဲမွာ ဆက္ၿပီးေတာ့ ဆက္သြားဖို႔မ်ား စီစဥ္ထားပါလဲရွင့္။
သူရဦးေအာင္ကို။ ။ ျပည္ခုိင္ၿဖိဳးပါတီ အေနနဲ႔ေတာ့ ပါဝင္လႈပ္ရွားဖို႔ အေၾကာင္း မရွိေတာ့ပါဘူး။ မရွိေတာ့ေပါ့ေလ။ တသီးပုဂၢလ အေနနဲ႔ပဲ ႏိုင္ငံေတာ္ နဲ႔ ႏုိင္ငံသားေတြရဲ႕ အက်ိဳးစီးပြားကို မည္သူ႔ပုဂၢိဳလ္ မည္သည့္အဖြဲ႔အစည္းနဲ႔မဆို လက္တြဲဖို႔အတြက္ကို အဆင္သင့္ရွိမွာပါ။ ထင္ပါတယ္။ ႏုတ္ထြက္ဖို႔အတြက္ေတာ့ တင္ဖို႔မလိုဘူးထင္ပါတယ္။
သူရဦးေအာင္ကိုဟာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တဦးအျဖစ္နဲ႔ ၿပီးခဲ့တဲ့ လႊတ္ေတာ္သက္တမ္း တေလွ်ာက္လံုးမွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နီးကပ္စြာ ဆက္ဆံခဲ့တဲ့ ဗိုလ္ခ်ဳပ္ေဟာင္းတဦးအျဖစ္နဲ႔ အမ်ားက သိၾကပါတယ္။ ဒါေၾကာင့္လည္း ႀကံ႕ခိုင္ေရးပါတီတြင္းမွာ အျခားေခါင္းေဆာင္ပိုင္းေတြနဲ႔ သေဘာကဲြလဲြခဲ့မႈေတြရိွခဲ့ပါတယ္။၊ အခုလာမယ့္ အန္အယ္ဒီအစိုးရအဖဲြ႔မွာလည္း ပါ၀င္လာႏိုင္တယ္လို႔လည္း ခန္႔မွန္းတြက္ဆမႈေတြ ရိွေနပါတယ္။
ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
......................................................
တသီးပုဂ္ဂလ နိုင်ငံရေးသမား လုပ်မယ့် သူရဦးအောင်ကို
29 January 2016
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက အကြီးတန်းခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ သူရဦးအောင်ကိုဟာ တသီးပုဂ္ဂလ နိုင်ငံရေးသမားတဦးအနေနဲ့ ဆက်လက် ရပ်တည်ပြီး၊ တိုင်းပြည်နဲ့လူထု အကျိုးစီးပွား အတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မည်သည့်ပုဂ္ဂိုလ် မည်သည့်ပါတီနဲ့မဆို လက်တွဲလုပ်သွားမယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ နေပြည်တော်က ဒီနေ့ လွှတ်တော်ဟောင်း နောက်ဆုံးနေ့ မှာ ရောက်ရှိလာတဲ့ သူရဦးအောင်ကို ကို မမေခက တွေ့ဆုံမေးမြန်းထားတာပါ။
မေခ။ ။ ချိတ်ဆက်ပြီးတော့ ညှိနှိုင်းလာတာမျိုးတွေရော ရှိပါသလား။ ဘာဖြစ်လို့လဲဆိုတော့ သတင်းတွေက တော်တော်များများ ထွက်နေတာပါ။ ဝန်ကြီးတနေရာမှာ အန်ကယ်လ်ကို ပေးမယ်ဆိုတဲ့ အသံတွေ တော်တော်လေး ထွက်နေလို့ပါ။
သူရဦးအောင်ကို။ ။ ဦးက အခုထက်ထိ အစ်မက အန်တီစုက ပြောတာဆိုတာ မရှိသေးပါဘူး။ မတွေ့သေးပါဘူး။ ဒါပေမဲ့ပေါ့လေ လိုအပ်ရင် ဝိုင်းကူပါဆိုတဲ့ စကားတော့ မကြာခဏ ပြောပါတယ်။ လိုအပ်ရင် တိုင်းပြည်အတွက် ဝိုင်းကူပါလို့ပြောတာပဲ အဲ့လောက်ပဲ ပြောလို့ရပါတယ်။ တော်လျောက် ရပ်တည်မှုကိုက ပြည်သူ့ဘက်က ရပ်တည်တာပဲလေ။ တိုင်းပြည်နဲ့ လူမျိုးဘက်က ရပ်တည်တာ မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းဘက်ကမှ ရပ်တည်တာမဟုတ်ဘူး။ ထို့ကြောင့် တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုရင် နိုင်ငံနဲ့လူမျိုးအတွက်ဆိုရင် အဆင်သင့်ရှိပါတယ်။
မေခ။ ။ အဲ့တော့ NLD နဲ့ ပူးပေါင်းလုပ်ဆောင်တဲ့အခါမှာ ပါတီနဲ့ရော သဘောထား ကွဲလွဲတာ ရှိမလားရှင့်။
သူရဦးအောင်ကို။ ။ အခုဟာက အန်ကယ်လ်မှာက ပြည်ခိုင်ဖြိုးပါတီရဲ့ တာဝန်လည်း မရှိတော့ပါဘူး။ မရှိလို့မို့လို့ ဘာမှ သဘောထားကွဲလွဲစရာလည်း ရှိမှာမဟုတ်ပါဘူး။
မေခ ။ ။ ဘာကြောင့် ပြည်ခိုင်ဖြိုးပါတီက တာဝန်မရှိတာလဲ။ အန်ကယ်လ်က ပြည်ခိုင်ဖြိုး ပါတီဝင်တယောက်အနေနဲ့ ပဲ နေတာမဟုတ်ဘူးလား။
သူရဦးအောင်ကို။ ။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ရက်နေ့ ညပိုင်း CEC အဖြစ်ကနေ ဖယ်ရှားခြင်း ခံရတဲ့အချိန်က စပြီးတော့မှ ပါတီတာဝန်မရှိတော့ပါဘူး။
မေခ။ ။ ပါတီဝင်အနေနဲ့ရော ဆက်လက်ရှိနေပါသေးလားရှင့်။
သူရဦးအောင်ကို။ ။ ပါတီဝင်အနေနဲ့တော့ ဆက်လက်ရှိနေပါတယ်။ ပါတီဝင်ဆိုတာ သာမန်ပဲလေ။ သာမန်ပါတီဝင်အဖြစ် ရှိမှာပါ။
မေခ။ ။ အကယ်လို့ NLD ပါတီ ရဲ့ ဖွဲ့စည်းပုံထဲမှာ မပါဝင်ဘူးဆိုခဲ့ရင် အန်ကယ်လ် အနေနဲ့ တသီးပုဂ္ဂလအနေနဲ့ နိုင်ငံရေးထဲမှာ ဆက်ပြီးတော့ ဆက်သွားဖို့များ စီစဉ်ထားပါလဲရှင့်။
သူရဦးအောင်ကို။ ။ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့တော့ ပါဝင်လှုပ်ရှားဖို့ အကြောင်း မရှိတော့ပါဘူး။ မရှိတော့ပေါ့လေ။ တသီးပုဂ္ဂလ အနေနဲ့ပဲ နိုင်ငံတော် နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို မည်သူ့ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းနဲ့မဆို လက်တွဲဖို့အတွက်ကို အဆင်သင့်ရှိမှာပါ။ ထင်ပါတယ်။ နုတ်ထွက်ဖို့အတွက်တော့ တင်ဖို့မလိုဘူးထင်ပါတယ်။
သူရဦးအောင်ကိုဟာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးအဖြစ်နဲ့ ပြီးခဲ့တဲ့ လွှတ်တော်သက်တမ်း တလျှောက်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်စွာ ဆက်ဆံခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတဦးအဖြစ်နဲ့ အများက သိကြပါတယ်။ ဒါကြောင့်လည်း ကြံ့ခိုင်ရေးပါတီတွင်းမှာ အခြားခေါင်းဆောင်ပိုင်းတွေနဲ့ သဘောကွဲလွဲခဲ့မှုတွေရှိခဲ့ပါတယ်။၊ အခုလာမယ့် အန်အယ်ဒီအစိုးရအဖွဲ့မှာလည်း ပါ၀င်လာနိုင်တယ်လို့လည်း ခန့်မှန်းတွက်ဆမှုတွေ ရှိနေပါတယ်။
မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com