ရန္ကုန္၊ ေဖေဖာ္၀ါရီ ၂
၂၈.၁.၂၀၁၆ ရက္ေန႔ ၀၉၀၀ အခ်ိန္ခန္႔တြင္ အင္းစိန္ၿမိဳ႕နယ္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္အၾကား၊ ဥကၠလာလမ္း
မေဘးတြင္ အမည္မသိ၊ အသက္(၃၀)ႏွစ္ခန္႔ရွိ အမ်ဳိးသမီးတစ္ဦးမွာ ေမွာက္လ်က္အေနအထား ျဖင့္ ေသဆံုးေနေၾကာင္း သတင္းရရွိ၍ အင္းစိန္ၿမိဳ႕မရဲစခန္းမွတပ္ဖြဲ႕၀င္မ်ားက သြားေရာက္စစ္ေဆး
ခဲ့ရာ ေသဆံုးသူအမ်ဳိးသမီး၏နဖူးတြင္ ေပါက္ျပဲဒဏ္ရာ ၁ ခ်က္၊ ယာခ်ဳိေစာင္း
ေသြးေျခဥဒဏ္ရာ ၁ ခ်က္၊ လည္ပင္းညိဳမဲဒဏ္ရာႏွင့္ ႏွာေခါင္းေသြးထြက္ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကုိေတြ႕ရွိရသျဖင့္ အင္းစိန္ၿမိဳ႕မရဲစခန္း (ပ)၁၄၂/ ၂၀၁၆၊ ျပစ္မႈပုဒ္မ-၃၀၂ ျဖင့္ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူအား စံုစမ္း ေဆာင္ရြက္ခဲ့ပါသည္။
အမႈမွေသဆံုးသူ အမ်ဳိးသမီးႏွင့္ပတ္သက္၍စံုစမ္းခဲ့ရာ မဂၤလာဒံု၊ေထာက္ၾကန္႔ေန မျမတ္သင္းၾကဴ၊
(၂၂)ႏွစ္ျဖစ္ေၾကာင္းသိရွိရၿပီး ၎မွာ ၂၆.၁.၂၀၁၆ ရက္ေန႔ ၁၇၀၀ အခ်ိန္ခန္႔က ရည္းစားျဖစ္သူ သူထက္ႏုိင္
(ခ)သူရေအာင္ႏွင့္ ဖုန္းဆက္သြယ္ေျပာဆုိကာ ၁၈၀၀ အခ်ိန္ခန္႔တြင္ေနအိမ္မွထြက္သြားရာမွ ၁၉၃၀ အခ်ိန္ခန္႔အထိ ျပန္ေရာက္မလာသျဖင့္ မိခင္ျဖစ္သူမွ ဒဂံုၿမိဳ႕သစ္(ေျမာက္ပုိင္း)ၿမိဳ႕နယ္ေန သူထက္ႏုိင္(ခ)
သူရေအာင္၊ (၂၁)ႏွစ္ထံသုိ႔ ဖုန္းဆက္သြယ္ခဲ့ရာ ၎မွာ ေနျပည္ေတာ္သုိ႔ေရာက္ရွိေနသည္
ဟုေျပာဆုိခဲ့ေၾကာင္း စံုစမ္းသိရွိခဲ့ရေသာ္လည္း ၂၆.၁.၂၀၁၆ ရက္ေန႔မွ ၂၈.၁.၂၀၁၆ ရက္ေန႔ ၁၉၀၀ အခ်ိန္ခန္႔အထိ အခင္းျဖစ္ေနရာ အနီး၀န္းက်င္တြင္ရွိေနေၾကာင္းတို႔ကုိ ရဲတပ္ဖြဲ႕မွစံုစမ္းသိရွိ ခဲ့ရသျဖင့္ အမႈျဖင့္
မသကၤာသူသူထက္ႏိုင္(ခ)သူရေအာင္အား လုိက္လံစံုစမ္းဖမ္းဆီးခဲ့ရာ ၂၉.၁.၂၀၁၆ ေန႔
၁၇၄၀ အခ်ိန္တြင္ အခင္းျဖစ္ေနရာအနီးမွ ဖမ္းဆီးစစ္ေဆးခဲ့ပါသည္။
ဖမ္းဆီးရမိသူ သူထက္ႏုိင္(ခ)သူရေအာင္အား စစ္ေဆးခ်က္မ်ားအရ ၎သည္
၂၀၁၅ ခုႏွစ္၊ ၾသဂုတ္လအတြင္းက Facebook လူမႈကြန္ရက္မွတစ္ဆင့္
ေသဆံုးသူ မျမတ္သင္းၾကဴႏွင့္ အျပန္အလွန္စာပုိ႔ရင္း သမီးရည္းစားမ်ားျဖစ္ခဲ့
ၾကေၾကာင္း၊ ဒီဇင္ဘာလကုန္ခန္႔တြင္ သူထက္ႏုိင္(ခ)သူရေအာင္မွာ ၎၏
Facebook အေကာင့္မွတစ္ဆင့္ အျခားမိန္းကေလးမ်ားႏွင့္ ဆက္သြယ္ေန
ေၾကာင္း မျမတ္သင္းၾကဴမွသိရွိသြားၿပီး စိတ္မခ်၍ facebook မွတစ္ဆင့္
လက္ထပ္ခ်င္ေၾကာင္းေျပာဆုိရာ ၎မွ ရည္းစားသက္တမ္း ၁ ႏွစ္ျပည့္မွ
လက္ထပ္ရန္ေျပာဆုိခဲ့ေၾကာင္း၊ ၂၆.၁.၂၀၁၆ ရက္ေန႔ ၁၇၀၀ အခ်ိန္ခန္႔တြင္
သူထက္ႏုိင္(ခ)သူရေအာင္မွ ၎၏ကားျဖင့္ မျမတ္သင္းၾကဴ၏ေနအိမ္ဘက္
သုိ႔ထြက္လာၿပီး ေနအိမ္အနီးအေရာက္ အျပင္သုိ႔ထြက္လာရန္ ဖုန္းဆက္
ခ်ိန္းဆုိကာ မျမတ္သင္းၾကဴအားေခၚေဆာင္၍ ၎၏ကားျဖင့္ ထြက္လာခဲ့ရာ
မဂၤလာဒံုၿမိဳ႕နယ္၊ ရန္ကုန္-ျပည္လမ္း၊ ေရႊေညာင္ပင္မွတ္တုိင္အနီး လမ္းေဘး
တြင္ကားရပ္၍ ႏွစ္ဦးအတူစကားေျပာဆုိၾကစဥ္ မသင္းျမတ္ၾကဴမွ လက္ထပ္
ရန္တုိက္တြန္းေျပာဆုိခဲ့ေၾကာင္း၊ သူထက္ႏုိင္(ခ)သူရေအာင္မွ သရုပ္ေဆာင္
သင္တန္းတက္ရမည္ျဖစ္၍ မယူႏုိင္ေသးေၾကာင္းေျပာဆုိရာ တစ္ေယာက္
တစ္ခြန္းစကားမ်ားရန္ျဖစ္ခဲ့ၾကၿပီး မျမတ္သင္းၾကဴမွ လက္ျဖင့္ ၂ ခ်က္ရုိက္ခဲ့၍
အသားနာသြားသည္ကုိေဒါသျဖစ္ကာ မျမတ္သင္းၾကဴ၏လည္ပင္းအား
လက္ႏွစ္ဘက္ျဖင့္ ညွစ္ထားရာမွ မျမတ္သင္းၾကဴမွာ ရုန္းကန္ခဲ့ၿပီးၿငိမ္က်
သြားခဲ့ေၾကာင္း၊ ၎ေနာက္ ေမာ္ေတာ္ယာဥ္အား ေလဆိပ္လမ္းဆံုမီးပြဳိင့္မွ
ဥကၠလာလမ္းဘက္သုိ႔ေမာင္းႏွင္လာခဲ့ၿပီး လမ္းေဘးေမွာင္ရိပ္တြင္ လူသြား
အလာျပတ္သည့္အခ်ိန္၌ မျမတ္သင္းၾကဴအား ကားေပၚမွေပြ႕ခ်ီကာ ပစ္ခ်ထား
ခဲ့ေၾကာင္း၊ မျမတ္သင္းၾကဴ၏ လက္ကုိင္ဖုန္းကုိလည္း ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)
ၿမိဳ႕နယ္၊ (၄၃)ရပ္ကြက္ရွိ ေရေျမာင္းအတြင္းသုိ႔ လႊင့္ပစ္ခဲ့ေၾကာင္းစစ္ေဆး
ေပၚေပါက္ခဲ့ပါသည္။
ေပၚေပါက္ခ်က္အရ ေျမာက္ပုိင္းခရုိင္ရဲတပ္ဖြဲ႕မွဴး ဦးစီး၍ ေျမာက္ပိုင္းခရုိင္
ရဲတပ္ဖြဲ႕မွဴးရံုးမွတပ္ဖြဲ႕၀င္မ်ား၊ အင္းစိန္ၿမိဳ႕မရဲစခန္းမွဴးႏွင့္တပ္ဖြဲ႕၀င္မ်ားမွ
သက္ေသ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးတုိ႔ႏွင့္အတူ သူထက္ႏုိင္(ခ)သူရေအာင္
ပစ္ခ်ခဲ့ေသာ မျမတ္သင္းၾကဴ၏လက္ကုိင္ဖုန္းအား သြားေရာက္ရွာေဖြရာ
အဆုိပါလက္ကုိင္ဖုန္းအား ေရေျမာင္းအတြင္းမွ ေတြ႕ရွိသိမ္းဆည္းရမိခဲ့ၿပီး
ျပစ္မႈက်ဴးလြႏ္သူ သူထက္ႏုိင္(ခ)သူရေအာင္အား ဥပေဒႏွင့္အညီ ဆက္လက္
အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။
Yangon Police
.......................
အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အကြား ဥက္ကလာလမ်းမဘေးတွင်
အမျိုးသမီးတစ်ဦး၏အလောင်း တွေ့ရှိစစ်ဆေးရာမှ ပြစ်မှုကျူးလွန်သူအား
ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂
၂၈.၁.၂၀၁၆ ရက်နေ့ ၀၉၀၀ အချိန်ခန့်တွင် အင်းစိန်မြို့နယ်နှင့် မရမ်းကုန်း
မြို့နယ်အကြား၊ ဥက္ကလာလမ်းမဘေးတွင် အမည်မသိ၊ အသက်(၃၀)နှစ်
ခန့်ရှိ အမျိုးသမီးတစ်ဦးမှာ မှောက်လျက်အနေအထား ဖြင့် သေဆုံးနေကြောင်း
သတင်းရရှိ၍ အင်းစိန်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး
ခဲ့ရာ သေဆုံးသူအမျိုးသမီး၏နဖူးတွင် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာချိုစောင်း
သွေးခြေဥဒဏ်ရာ ၁ ချက်၊ လည်ပင်းညိုမဲဒဏ်ရာနှင့် နှာခေါင်းသွေးထွက်
ဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အင်းစိန်မြို့မရဲစခန်း
(ပ)၁၄၂/ ၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား
စုံစမ်း ဆောင်ရွက်ခဲ့ပါသည်။
အမှုမှသေဆုံးသူ အမျိုးသမီးနှင့်ပတ်သက်၍စုံစမ်းခဲ့ရာ မင်္ဂလာဒုံ၊
ထောက်ကြန့်နေ မမြတ်သင်းကြူ၊ (၂၂)နှစ်ဖြစ်ကြောင်းသိရှိရပြီး ၎င်းမှာ
၂၆.၁.၂၀၁၆ ရက်နေ့ ၁၇၀၀ အချိန်ခန့်က ရည်းစားဖြစ်သူ သူထက်နိုင်
(ခ)သူရအောင်နှင့် ဖုန်းဆက်သွယ်ပြောဆိုကာ ၁၈၀၀ အချိန်ခန့်တွင်
နေအိမ်မှထွက်သွားရာမှ ၁၉၃၀ အချိန်ခန့်အထိ ပြန်ရောက်မလာသဖြင့်
မိခင်ဖြစ်သူမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ သူထက်နိုင်(ခ)သူရအောင်၊
(၂၁)နှစ်ထံသို့ ဖုန်းဆက်သွယ်ခဲ့ရာ ၎င်းမှာ နေပြည်တော်သို့ရောက်ရှိနေသည်
ဟုပြောဆိုခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသော်လည်း ၂၆.၁.၂၀၁၆ ရက်နေ့မှ
၂၈.၁.၂၀၁၆ ရက်နေ့ ၁၉၀၀ အချိန်ခန့်အထိ အခင်းဖြစ်နေရာ အနီးဝန်းကျင်
တွင်ရှိနေကြောင်းတို့ကို ရဲတပ်ဖွဲ့မှစုံစမ်းသိရှိ ခဲ့ရသဖြင့် အမှုဖြင့်မသင်္ကာသူ
သူထက်နိုင်(ခ)သူရအောင်အား လိုက်လံစုံစမ်းဖမ်းဆီးခဲ့ရာ ၂၉.၁.၂၀၁၆ နေ့
၁၇၄၀ အချိန်တွင် အခင်းဖြစ်နေရာအနီးမှ ဖမ်းဆီးစစ်ဆေးခဲ့ပါသည်။
ဖမ်းဆီးရမိသူ သူထက်နိုင်(ခ)သူရအောင်အား စစ်ဆေးချက်များအရ ၎င်းသည်
၂၀၁၅ ခုနှစ်၊ သြဂုတ်လအတွင်းက Facebook လူမှုကွန်ရက်မှတစ်ဆင့်
သေဆုံးသူ မမြတ်သင်းကြူနှင့် အပြန်အလှန်စာပို့ရင်း သမီးရည်းစားများဖြစ်ခဲ့
ကြကြောင်း၊ ဒီဇင်ဘာလကုန်ခန့်တွင် သူထက်နိုင်(ခ)သူရအောင်မှာ ၎င်း၏
Facebook အကောင့်မှတစ်ဆင့် အခြားမိန်းကလေးများနှင့် ဆက်သွယ်နေ
ကြောင်း မမြတ်သင်းကြူမှသိရှိသွားပြီး စိတ်မချ၍ facebook မှတစ်ဆင့်
လက်ထပ်ချင်ကြောင်းပြောဆိုရာ ၎င်းမှ ရည်းစားသက်တမ်း ၁ နှစ်ပြည့်မှ
လက်ထပ်ရန်ပြောဆိုခဲ့ကြောင်း၊ ၂၆.၁.၂၀၁၆ ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင်
သူထက်နိုင်(ခ)သူရအောင်မှ ၎င်း၏ကားဖြင့် မမြတ်သင်းကြူ၏နေအိမ်ဘက်
သို့ထွက်လာပြီး နေအိမ်အနီးအရောက် အပြင်သို့ထွက်လာရန် ဖုန်းဆက်
ချိန်းဆိုကာ မမြတ်သင်းကြူအားခေါ်ဆောင်၍ ၎င်း၏ကားဖြင့် ထွက်လာခဲ့ရာ
မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ ရွှေညောင်ပင်မှတ်တိုင်အနီး လမ်းဘေး
တွင်ကားရပ်၍ နှစ်ဦးအတူစကားပြောဆိုကြစဉ် မသင်းမြတ်ကြူမှ လက်ထပ်
ရန်တိုက်တွန်းပြောဆိုခဲ့ကြောင်း၊ သူထက်နိုင်(ခ)သူရအောင်မှ သရုပ်ဆောင်
သင်တန်းတက်ရမည်ဖြစ်၍ မယူနိုင်သေးကြောင်းပြောဆိုရာ တစ်ယောက်
တစ်ခွန်းစကားများရန်ဖြစ်ခဲ့ကြပြီး မမြတ်သင်းကြူမှ လက်ဖြင့် ၂ ချက်ရိုက်ခဲ့၍
အသားနာသွားသည်ကိုဒေါသဖြစ်ကာ မမြတ်သင်းကြူ၏လည်ပင်းအား
လက်နှစ်ဘက်ဖြင့် ညှစ်ထားရာမှ မမြတ်သင်းကြူမှာ ရုန်းကန်ခဲ့ပြီးငြိမ်ကျ
သွားခဲ့ကြောင်း၊ ၎င်းနောက် မော်တော်ယာဉ်အား လေဆိပ်လမ်းဆုံမီးပွိုင့်မှ
ဥက္ကလာလမ်းဘက်သို့မောင်းနှင်လာခဲ့ပြီး လမ်းဘေးမှောင်ရိပ်တွင် လူသွား
အလာပြတ်သည့်အချိန်၌ မမြတ်သင်းကြူအား ကားပေါ်မှပွေ့ချီကာ ပစ်ချထား
ခဲ့ကြောင်း၊ မမြတ်သင်းကြူ၏ လက်ကိုင်ဖုန်းကိုလည်း ဒဂုံမြို့သစ်(မြောက်ပိုင်း)
မြို့နယ်၊ (၄၃)ရပ်ကွက်ရှိ ရေမြောင်းအတွင်းသို့ လွှင့်ပစ်ခဲ့ကြောင်းစစ်ဆေး
ပေါ်ပေါက်ခဲ့ပါသည်။
ပေါ်ပေါက်ချက်အရ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဦးစီး၍ မြောက်ပိုင်းခရိုင်
ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့မရဲစခန်းမှူးနှင့်တပ်ဖွဲ့ဝင်များမှ
သက်သေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ သူထက်နိုင်(ခ)သူရအောင်
ပစ်ချခဲ့သော မမြတ်သင်းကြူ၏လက်ကိုင်ဖုန်းအား သွားရောက်ရှာဖွေရာ
အဆိုပါလက်ကိုင်ဖုန်းအား ရေမြောင်းအတွင်းမှ တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး
ပြစ်မှုကျူးလွန်သူ သူထက်နိုင်(ခ)သူရအောင်အား ဥပဒေနှင့်အညီ ဆက်လက်
အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police