7Daydaily
............................
ဘိန်းစိုက်ခင်းဖျက်ဆီးသည့် အဖွဲ့များ ကြေးစားလူမိုက် များ၏ တိုက်ခိုက်ခံနေရ
Byမောင်တာ အောင်သစ်လွင်On Tue, 2016-02-02 06:30Location ရန်ကုန်Issue No.No.997 Tuesday, February 2, 2016
လူထုအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဝင်များကဘိန်းခင်းများ ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - Machyang Si)
ကချင်ပြည်နယ် ကန် ပိုက်တီးမြို့တွင် တရုတ်နိုင်ငံသား များက စက်ယန္တရားများဖြင့် ဘိန်း စိုက်ပျိုးနေကြပြီး ဘိန်းခင်းများကို ကာကွယ်ရန် ကြေးစားလူမိုက်များ ငှားထားသောကြောင့် ဘိန်းခင်း ဖျက်ဆီးရေး လူထုအခြေပြုအဖွဲ့ ၀င်များ တိုက်ခိုက်ခံရမှုများ ရှိနေ ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် အသင်းမှ သတင်းရရှိသည်။
တရုတ်နိုင်ငံမှ နယ်စပ်ချင်း ထိစပ်နေသော ကန်ပိုက်တီး၊ ချီဖွေနှင့် ဆဒုံးမြို့နယ်တို့မှ ကျေးရွာများအတွင်း စိုက်ပျိုးထားသည့် ဘိန်းခင်းများကို လူထုအခြေပြုမူးယစ် ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က တပ်မတော်နှင့် ရဲတပ်ဖွဲ့၏လုံခြုံ ရေးအကူအညီဖြင့် ဇန်နဝါရီ ၁၈ ရက်မှစကာ ဖျက်ဆီးနေသည်။ ကန်ပိုက်တီးမြို့နယ်ရွာအချို့တွင် တရုတ်နိုင်ငံသားများက ဘိန်းပင်များ လာရောက်စိုက်ပျိုးနေသည်ကို တွေ့ရှိရကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဆမားဇုံနယ် အသင်းတော်များအဖွဲ့ဥက္ကဋ္ဌ ဦးမ ရန်မောရှေက ပြောသည်။
‘‘ကန်ပိုက်တီးဘက်က ကျ တော့ တရုတ်နိုင်ငံဘက်က စက်ယန္တရားနဲ့ လုပ်တာ။ သူတို့လုပ်တဲ့ ဧကက ၁၀ ဧကနေ ၅၀ ဧကအထိ လုပ်ကြတယ်ပြောတယ်။ အဲဒီက လူတွေနဲ့ပေါင်းပြီးမှ လုပ်ကြတာ နေမှာ။ စက်ယန္တရားနဲ့ကို လုပ်တယ် လို့ ကြားတယ်’’ဟု ဦးမရန်မောရှေ က ပြောသည်။
လူထုအခြေပြုမူးယစ်ဆေး ဝါးတိုက်ဖျက်ရေးအဖွဲ့များက ကန် ပိုက်တီး၊ ချီဖွေနှင့် ဆဒုံးမြို့နယ်တို့ တွင် လမ်းကြောင်း သုံးကြောင်းခွဲ၍ ဘိန်းခင်းများဖျက်ဆီးနေခြင်းဖြစ် သည်။ ဇန်နဝါရီ ၃၁ ရက်တွင် ကန် ပိုက်တီးမြို့နယ် ကျေးရွာတစ်ရွာ၌ ဘိန်းခင်းဖျက်ဆီးသည့်အဖွဲ့ မိုင်းဆွဲ ခံရသည့်အပြင် လူငါးဦးက ဓားဖြင့် တိုက်ခိုက်၍ အဖွဲ့ဝင်သုံးဦး ဒဏ် ရာရရှိခဲ့ကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းမှ သတင်းရရှိ သည်။ အထက်မြန်မာပြည်မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ကလည်း ဘိန်းခင်းဖျက်ဆီးရန် သွားသူများ တိုက်ခိုက်ခံရသော ကြောင့် လူသုံးဦး ဒဏ်ရာရခဲ့ ကြောင်း အတည်ပြုခဲ့ပြီး ပြစ်မှုကျူးလွန်သူအချို့အား ဖမ်းဆီးထား ကြောင်း ပြောသည်။
လျှိုအတွင်းမှ ဒေသန္တရဆွဲ မိုင်းတစ်လုံးပေါက်ကွဲခဲ့ခြင်းကြောင့် အသက်(၂၂)နှစ်၊ (၃၅)နှစ်နှင့် (၅၅)နှစ်အရွယ် အမျိုးသားသုံးဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဆွဲမိုင်းပေါက်ကွဲ သည့် နေရာဝန်းကျင်ကို တပ်မ တော်စစ်ကြောင်းက နယ်မြေရှင်း လင်းရေးဆောင်ရွက်ရာ အသက် (၂၈)နှစ်နှင့် (၂၃)နှစ်အရွယ် အမျိုး သား နှစ်ဦးတို့ကို ဓားရှည်၊ ဘိန်းစိမ်းထုပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။တိုက်ခိုက်ခံရသောကြောင့် ကန်ပိုက်တီးမြို့နယ်တွင် ဘိန်းခင်း ဖျက်ဆီးနေသည့်အဖွဲ့များ မြစ်ကြီး နားမြို့သို့ပြန်လာခဲ့ရကြောင်း ဦးမ ရန်မောရှေက ပြောသည်။ တိုက် ခိုက်ခံရသူ သုံးဦးသည် အသက်အန္တ ရာယ်စိုးရိမ်ရသည်အထိ ဒဏ်ရာ မပြင်းထန်သော်လည်း ဝိုင်းမော် မြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသ နေရကြောင်း သတင်းရရှိသည်။
‘‘ခြိမ်းခြောက်တိုက်ခိုက်တဲ့ သဘောလို့ ယူဆပါတယ်။ ထိခိုက် ဒဏ်ရာရတဲ့ သုံးဦးကိုတော့ မြစ် ကြီးနားဆေးရုံပို့ထားပြီး အရမ်းမစိုး ရိမ်ရပါဘူး။ အခုလို ဖြစ်ပေမယ့် ဘိန်းခင်းဖျက်တဲ့အဖွဲ့တွေကတော့ တောထဲ ဆက်တက်သွားပါတယ်’’ ဟု ဝိုင်းမော်မြို့နယ်ရဲစခန်းမှ ရဲအ ရာရှိတစ်ဦးက ပြောသည်။
ချီဖွေနှင့် ဆဒုံးမြို့နယ်တို့တွင် ဘိန်းခင်းများဖျက်ဆီးနေသည့်အ ဖွဲ့များသည် ဖေဖော်ဝါရီ ၁၃ ရက်အထိဆက်လက် လုပ်ဆောင်ရန် စီစဉ် ထားကြောင်း ဝိုင်းမော်မြို့ ကချင် နှစ်ခြင်းခရစ်ယာန်အသင်းမှ သ တင်းရရှိသည်။
ဇန်နဝါရီ ၂၄ ရက်မှစတင်ကာ ဘိန်းခင်းများ လိုက်လံဖျက်ဆီးနေ ခြင်းဖြစ်ပြီး ဘိန်းခင်းပိုင်ရှင်များနှင့် ပြည်သူ့စစ်အဖွဲ့များ၏ခြိမ်းခြောက် မှုများရှိခဲ့ကြောင်း လူထုအခြေပြု မူးယစ်ဆေး တိုက်ဖျက်ရေးပူး ပေါင်းလုပ်ဆောင်နေသည့် မြစ် ကြီးနားမြို့ခံအချို့က ပြောသည်။
မြန်မာနိုင်ငံသည် အာဖဂန် နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများ ဆုံးနိုင်ငံဖြစ်ပြီး ဆင်းရဲနွမ်းပါးမှု ကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ် နေသည့် အိမ်ထောင်စုပေါင်း ၁၃၃,၀၀၀ ကျော်ရှိသည်ဟု UNO DC က နောက်ဆုံးထုတ်ပြန်သည့် အစီရင်ခံစာ၌ ခန့်မှန်းဖော်ပြထား သည်။