Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရခိုင္ဝန္ႀကီးခ်ဳပ္ေနရာကိစၥ ANP ပါတီတြင္း သေဘာထားကြဲ

$
0
0

2 February 2016 

ရခိုင္အမ်ိဳးသားပါတီ ANP ဗဟိုအလုပ္မႈေဆာင္ အစည္းအေဝးကို စစ္ေတြၿမိဳ႕မွာက်င္းပစဥ္။ Photo: Min Thein Aung/RFA
ရခိုင္ဝန္ႀကီးခ်ဳပ္ေနရာကို ရခိုင္အမ်ဳိးသားပါတီ ANP ကိုယ္စားလွယ္ေတြထဲက မရခဲ့ဘူးဆိုရင္ အတုိက္အခံပါတီ အျဖစ္ရပ္တည္သြားမွာျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ ဇန္နဝါရီလက ထုတ္ျပန္ခဲ့တဲ့ ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီး ANP ပါတီတြင္း သေဘာထားကဲြလဲြမႈေတြ ရွိေနပါတယ္။

ANP ပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၀င္ ၃၇ ေယာက္ရွိရာမွာ ၇ ဦးသာ တက္ေရာက္တဲ့ အစည္းအေဝးကေန ထုတ္ျပန္လိုက္တာျဖစ္ေၾကာင္း၊ ဒီလို ကိစၥမ်ိဳးကို ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီ၀င္ အမ်ားစု တက္ေရာက္မွသာ ေဆြးေႏြးဆံုးျဖတ္ ရမွာျဖစ္တယ္လို႔ ပါတီရဲ႕ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီ၀င္ တစ္ဦးျဖစ္သူ ဦးမ်ဳိးေက်ာ္ က ေျပာပါတယ္။

"၁/ ၂ဝ၁၆ ဟာ က်ေနာ္တို႔ပါတီရဲ႕စည္းမ်ဥ္းနဲ႔က်ေတာ့ မညီဘူးဗ်၊ မညီတဲ့အေၾကာင္းက ဒီရခိုင္အမ်ိဳးသားပါတီမွာ အဲ့လိုေၾကညာခ်က္ေတြထုတ္ဖို႔၊ တစ္ခုခုဆံုးျဖတ္ ဖို႔ဆိုရင္ CEC ရဲ႕က်ေနာ္တို႔ တစ္ဝက္ေက်ာ္တက္ရမယ့္ အစည္းအေဝးကသာဆံုးျဖတ္ခ်က္ေပးၿပီး လုပ္လို႔ရမယ္၊ CEC ကထုတ္ျပန္တဲ့ ၁/ ၂ဝ၁၆ ဟာ CEC အဲ့ပြဲကို ၇ ေယာက္ ပဲတက္တယ္၊ က်ေနာ္တို႔ပါတီမွာ အခုခ်ိန္ထိ ၃၇ ေယာက္ရွိတယ္၊ ၇ ေယာက္ တက္ၿပီးေတာ့ တစ္ဦးေသာပုဂိၢဳလ္က ဒီဟာ ပံုစံမက်၊ ေဘာင္ မဝင္ဘူးဆိုတာ သူတို႔ ျငင္းခ်က္ထုတ္ၿပီးေတာ့ ကန္႔ကြက္တယ္၊ ဒါေပမယ့္ သူတို႔ထုတ္လိုက္တဲ့အခ်ိန္မွာ ေဘာင္မဝင္ဘူးျဖစ္တာေပါ့ေနာ္၊ ANP အေနနဲ႔ အတိုက္ အခံေနသြားမယ္ဆိုတဲ့ပံုစံမ်ိဳးက ဒီလိုအေရးႀကီးတဲ့ ေၾကညာခ်က္မ်ိဳးကို CEC အဆိုမဟုတ္ရင္ေတာင္မွ အမ်ားစုတက္တဲ့ အစည္းအေဝးမ်ိဳးကသာ ဆံုးျဖတ္သင့္ တယ္လို႔ က်ေနာ္ထင္တယ္"

ANP ပါတီရဲ့ အေထြေထြအတြင္းေရးမွဴး ဦးထြန္းေအာင္ေက်ာ္က အစည္းအေ၀း မတက္ေရာက္ႏုိင္သူတခ်ဳိ႕ကို ဖုန္းနဲ႔ ဆက္သြယ္ေျပာဆုိၿပီးမွ ထုတ္ျပန္ တဲ့ ေၾကညာခ်က္ ျဖစ္တယ္လို႔ ေျပာပါတယ္။

"ဗဟိုေကာ္မတီ၊ ဗဟိုေကာ္မတီကေန ဗဟိုအလုပ္အမႈေဆာင္ CEC၊ CEC ကေန ဥကၠဌအဖြဲ႔နဲ႔ အတြင္းေရးမွဴးအဖြဲ႔ကို ေပးထားၿပီးေတာ့ အခုေၾကညာခ်က္ ကလည္း ဥကၠဌအဖြဲ႔နဲ႔ အတြင္းေရးမွဴးအဖြဲ႔ကေန မလာႏိုင္တဲ့သူေတြကို ဖုန္းနဲ႔အေၾကာင္းၾကား တယ္၊ တခ်ိဳ႕ကေတာ့ ဘယ္လိုမွဆက္သြယ္လို႔မရေတာ့ဘူးေလ၊ အေယာက္ ၂ဝ ရဲ႕သေဘာတူညီခ်က္ရရင္တရားဝင္တယ္၊ အဲ့ဒါေၾကာင့္ ဒီေၾကညာခ်က္ဟာ တရားဝင္ပါ တယ္၊ ေနာက္တစ္ခုက ဒါအထင္အရွားအားလံုး ကေထာက္ခံထားတဲ့အတြက္ ဒီဟာက အတည္ျဖစ္ပါတယ္"

အဲဒီေၾကညာခ်က္ထြက္ေပၚလာတာေၾကာင့္ ANP ပါတီတြင္းမွာ သေဘာထား ကဲြလဲြမႈေတြ ရွိေနၿပီး ပါတီ ႏွစ္ျခမ္းကြဲ သြားႏုိင္တယ္ဆိုတဲ့ ေ၀ဖန္မႈေတြလည္း ထြက္ေပၚခဲ့ပါတယ္။

လာမယ့္ ေဖေဖာ္၀ါရီလ ၆ရက္ေန႔မွာ ANP ပါတီ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေ၀း ကို စစ္ေတြၿမိဳ႕က ပါတီ ဌာနခ်ဳပ္မွာ က်င္းပမွာျဖစ္ၿပီး ပါတီ အတြင္းေရးကိစၥေတြ၊ ျပည္နယ္လႊတ္ေတာ္ ဥကၠဌ၊ ဒုဥကၠဌ ေနရာေတြ ေရြးခ်ယ္ဖို႔နဲ႔ ျပည္နယ္အစိုးရ ဖဲြ႔စည္းေရးကိစၥေတြကို ေဆြးေႏြးၾကမယ္လို႔ သိရပါတယ္။

ANP ပါတီဟာ လြန္ခဲ့တဲ့ ၁၉၉၀ ေရြးေကာက္ပဲြတုန္းက အႏုိင္ရရွိခဲ့တဲ့ ရခိုင္ဒီမိုကေရစီအဖဲြ႔ခ်ဳပ္ ALD နဲ႔ ၂၀၁၀ ေရြးေကာက္ပဲြမွာ ေပၚေပါက္လာတဲ့ ရခိုင္တုိင္းရင္း သားမ်ားတုိးတက္ေရးပါတီ RNDP တုိ႔ ပူးေပါင္းထားတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ေရြးေကာက္ပဲြမွာ ရခိုင္ျပည္နယ္တြင္း ကိုယ္စားလွယ္ ၂၂ ဦး နဲ႔ အမ်ားဆံုး အႏုိင္ရရွိခဲ့ပါတယ္။

အမ်ိဳးသားဒီမုိုကေရစီအဖဲြ႔ခ်ဳပ္က တရား၀င္ မထုတ္ျပန္ေသးေပမဲ့၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြရဲ႕ အမည္စာရင္းေတြ ထြက္ေပၚေနရာမွာ၊ အဲဒီစာရင္းေတြဟာ အမွန္ျဖစ္နုိင္တယ္လို႔ ယူဆေနၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese

.................................................................

ရခိုင်ဝန်ကြီးချုပ်နေရာကိစ္စ ANP ပါတီတွင်း သဘောထားကွဲ
2 February 2016

ရခိုင်အမျိုးသားပါတီ ANP ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို စစ်တွေမြို့မှာကျင်းပစဉ်။ Photo: Min Thein Aung/RFA
ရခိုင်ဝန်ကြီးချုပ်နေရာကို ရခိုင်အမျိုးသားပါတီ ANP ကိုယ်စားလှယ်တွေထဲက မရခဲ့ဘူးဆိုရင် အတိုက်အခံပါတီ အဖြစ်ရပ်တည်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီး ANP ပါတီတွင်း သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ANP ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၃၇ ယောက်ရှိရာမှာ ရ ဦးသာ တက်ရောက်တဲ့ အစည်းအဝေးကနေ ထုတ်ပြန်လိုက်တာဖြစ်ကြောင်း၊ ဒီလို ကိစ္စမျိုးကို ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အများစု တက်ရောက်မှသာ ဆွေးနွေးဆုံးဖြတ် ရမှာဖြစ်တယ်လို့ ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ဦးမျိုးကျော် က ပြောပါတယ်။

"၁/ ၂ဝ၁၆ ဟာ ကျနော်တို့ပါတီရဲ့စည်းမျဉ်းနဲ့ကျတော့ မညီဘူးဗျ၊ မညီတဲ့အကြောင်းက ဒီရခိုင်အမျိုးသားပါတီမှာ အဲ့လိုကြေညာချက်တွေထုတ်ဖို့၊ တစ်ခုခုဆုံးဖြတ် ဖို့ဆိုရင် CEC ရဲ့ကျနော်တို့ တစ်ဝက်ကျော်တက်ရမယ့် အစည်းအဝေးကသာဆုံးဖြတ်ချက်ပေးပြီး လုပ်လို့ရမယ်၊ CEC ကထုတ်ပြန်တဲ့ ၁/ ၂ဝ၁၆ ဟာ CEC အဲ့ပွဲကို ရ ယောက် ပဲတက်တယ်၊ ကျနော်တို့ပါတီမှာ အခုချိန်ထိ ၃၇ ယောက်ရှိတယ်၊ ရ ယောက် တက်ပြီးတော့ တစ်ဦးသောပုဂ္ဂိုလ်က ဒီဟာ ပုံစံမကျ၊ ဘောင် မဝင်ဘူးဆိုတာ သူတို့ ငြင်းချက်ထုတ်ပြီးတော့ ကန့်ကွက်တယ်၊ ဒါပေမယ့် သူတို့ထုတ်လိုက်တဲ့အချိန်မှာ ဘောင်မဝင်ဘူးဖြစ်တာပေါ့နော်၊ ANP အနေနဲ့ အတိုက် အခံနေသွားမယ်ဆိုတဲ့ပုံစံမျိုးက ဒီလိုအရေးကြီးတဲ့ ကြေညာချက်မျိုးကို CEC အဆိုမဟုတ်ရင်တောင်မှ အများစုတက်တဲ့ အစည်းအဝေးမျိုးကသာ ဆုံးဖြတ်သင့် တယ်လို့ ကျနော်ထင်တယ်"

ANP ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အစည်းအဝေး မတက်ရောက်နိုင်သူတချို့ကို ဖုန်းနဲ့ ဆက်သွယ်ပြောဆိုပြီးမှ ထုတ်ပြန် တဲ့ ကြေညာချက် ဖြစ်တယ်လို့ ပြောပါတယ်။

"ဗဟိုကော်မတီ၊ ဗဟိုကော်မတီကနေ ဗဟိုအလုပ်အမှုဆောင် CEC၊ CEC ကနေ ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ကို ပေးထားပြီးတော့ အခုကြေညာချက် ကလည်း ဥက္ကဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့ကနေ မလာနိုင်တဲ့သူတွေကို ဖုန်းနဲ့အကြောင်းကြား တယ်၊ တချို့ကတော့ ဘယ်လိုမှဆက်သွယ်လို့မရတော့ဘူးလေ၊ အယောက် ၂ဝ ရဲ့သဘောတူညီချက်ရရင်တရားဝင်တယ်၊ အဲ့ဒါကြောင့် ဒီကြေညာချက်ဟာ တရားဝင်ပါ တယ်၊ နောက်တစ်ခုက ဒါအထင်အရှားအားလုံး ကထောက်ခံထားတဲ့အတွက် ဒီဟာက အတည်ဖြစ်ပါတယ်"

အဲဒီကြေညာချက်ထွက်ပေါ်လာတာကြောင့် ANP ပါတီတွင်းမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေပြီး ပါတီ နှစ်ခြမ်းကွဲ သွားနိုင်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၆ရက်နေ့မှာ ANP ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကို စစ်တွေမြို့က ပါတီ ဌာနချုပ်မှာ ကျင်းပမှာဖြစ်ပြီး ပါတီ အတွင်းရေးကိစ္စတွေ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ နေရာတွေ ရွေးချယ်ဖို့နဲ့ ပြည်နယ်အစိုးရ ဖွဲ့စည်းရေးကိစ္စတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။

ANP ပါတီဟာ လွန်ခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပေါ်ပေါက်လာတဲ့ ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ RNDP တို့ ပူးပေါင်းထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်တွင်း ကိုယ်စားလှယ် ၂၂ ဦး နဲ့ အများဆုံး အနိုင်ရရှိခဲ့ပါတယ်။

အမျိုးသားဒီမိုုကရေစီအဖွဲ့ချုပ်က တရားဝင် မထုတ်ပြန်သေးပေမဲ့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေရဲ့ အမည်စာရင်းတွေ ထွက်ပေါ်နေရာမှာ၊ အဲဒီစာရင်းတွေဟာ အမှန်ဖြစ်နိုင်တယ်လို့ ယူဆနေကြပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...