ေဖေဖာ္၀ါရီ ၂ရက္၊ ၂၀၁၆ခုႏွစ္။ ေစာျမတ္ဦးသာ
ကရင္ျပည္နယ္၊ ဘုရားသုံးဆူၿမိဳ႕ရွိ ဓမၼေဟ၀န္ဘုန္းေတာ္ႀကီး သင္ပညာေရးေက်ာင္းသည္ ပုံမွန္ ရံပုံေငြမရွိ ေသာေၾကာင့္ ဆရာ၊ ဆရာမမ်ားအား လစဥ္ လစာေထာက္ပ့ံေငြ ေပးရန္ အခက္အခဲႀကံဳေတြ႔ေနရသည္ဟု စာသင္ေက်ာင္းတာဝန္ခံ ဦးဇင္းဝါယမိႏၵက ဇန္န၀ါရီ ၂၉ ရက္ေန႔တြင္ ေကအိုင္စီသုိ႔ မိန္႔ၾကားသည္။
“ေစတနာနဲ႔ စာသင္ၾကားေပးေနတဲ့ ဆရာ၊ ဆရာမေတြကို လစဥ္ေထာက္ပံ့ေငြေပးဖို႔က အခက္အခဲ အႀကီးမား ဆုံးနဲ႔ ရင္ဆိုင္ေျဖရွင္းေပးေနရတဲ့ အဓိက ျပႆနာပါပဲ။ ေက်ာင္းသူေက်ာင္းသားေတြအတြက္ အစားအေသာက္ အဝတ္အထည္ေတြက ၿမိဳ႕ေပၚက အလႉရွင္ေတြနဲ႔ ထိုင္းႏိုင္ငံက အလူရွင္ေတြ လာၿပီး ေထာက္ပံ့ေပးေနလို႔ အခုထိ ရပ္တည္ႏိုင္တယ္”ဟု ဦးဇင္းဝါယမိႏၵက မိန္႔ၾကားသည္။
ဆရာ ဆရာမ လစဥ္ ေထာက္ပံ့ေၾကးကို ကရင္ျပည္နယ္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္း (ဘက)ေက်ာင္းအဖြဲ႔က ေထာက္ပံ့မႈေပးထားၿပီး ေက်ာင္းလည္ပတ္မႈအတြက္ လူမႈ၀န္ထမ္းဦးစီးဌာနမွ တစ္ႏွစ္တစ္ႀကိမ္ လာေရာက္ေထာက္ပံ့ေပးမႈရွိေသာ္လည္း ေက်ာင္းသား ဦးေရမ်ားျပားေသာေၾကာင့္ လုံေလာက္မႈမရွိေၾကာင္းလည္း ၎က ဆက္လက္မိန္႔ၾကားသည္။
ထို႔အျပင္ ဓမၼေဟ၀န္ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းႏွင့္ လာေရာက္တဲြဘက္ထားေသာ ၎ေဒသရွိ ကုိယ္ထူကိုယ္ထ မူလတန္းေက်ာင္း ၃၇ ေက်ာင္းမွ ေက်ာင္းဆရာ၊ ဆရာမမ်ားကို တစ္လလွ်င္ ဘတ္ေငြ ၂၀၀၀ မွ ၃၅၀၀ အထိ ပံုမွန္ေထာက္ပံ့ေပးေနရၿပီး ဘုရားသုံးဆူ အထက္ေက်ာင္းတြင္ ပညာသင္ၾကားေနေသာ နဝမတန္းႏွင့္ ဒသမတန္း ေက်ာင္းသူေက်ာင္းသား ၁၀၀ခန္႔ကိုလည္း သီးသန္႔ေထာက္ပံ့ေပးထားရေသးသည္ဟု သိရသည္။
ယင္းေက်ာင္း၏ မူလတန္းျပ ဆရာမ နန္းခင္မိုးက “ဒီေက်ာင္းမွာ စာသင္လာတာ ၁၇ႏွစ္ရွိပါၿပီ။ ၂၀၁၄-၂၀၁၅ ပညာသင္ႏွစ္က တရားဝင္ မူလြန္ေက်ာင္း က်တယ္ေပါ့။ မူလြန္ေက်ာင္းဆိုေပမဲ့ ဒီမွာက ၈တန္းအထိ သင္ေပး တယ္။ ေက်ာင္းမွာ လိုအပ္ခ်က္မွန္သမွ်ကို ဆရာေတာ္ကပဲ ေထာက္ပံ့ေပးတယ္။ အခက္အခဲအားလုံးကိုလည္း ဆရာေတာ္ကပဲ ေျဖရွင္းေပးမယ္လုိ႔ ေမွ်ာ္လင့္တယ္”ဟု ေကအိုင္စီသို႔ ေျပာသည္။
ဓမၼေဟဝန္ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းတြင္ ယခုႏွစ္ ၂၀၁၅-၂၀၁၆ ပညာသင္ႏွစ္၌ ေရး၊ သံျဖဴဇရပ္၊ ၾကာအင္းဆိပ္ႀကီးႏွင့္ ဝင္းေရးၿမိဳ႕နယ္တုိ႔္မွ လာေရာက္ ပညာသင္ယူၾကေသာ ေက်ာင္းသူေက်ာင္းသား ၅၀၀ ေက်ာ္ႏွင့္ ဆရာ ဆရာမ ၂၄ဦး ရွိသည္။ စာသင္ေက်ာင္းအတြက္ စာေရး ကိရိယာ၊ အားကစားပစၥည္းႏွင့္ ႐ုံးအသုံးအေဆာင္ပစၥည္းမ်ားကို ကရင္အမ်ဳိးသားအစည္း(KNU)ဒူးပလာယာခ႐ုိင္၏ ကရင္ပညာေရးဌာနက ႏွစ္စဥ္ လာေရာက္ေထာက္ပံ့ေပးထားသည္ဟု ေက်ာင္းတာဝန္ရွိသူမ်ားက ေျပာသည္။
ဓမၼေဟဝန္ ဓမၼေဟဝန္ ဘုန္းႀကီးေက်ာင္းကို ၁၉၉၂ ခုႏွစ္တြင္ လက္ရွိ ေက်ာင္းထုိင္ ဆရာေတာ္ ဦးဉာေဏာဘာသက စတင္တည္ေထာင္ခဲ့ၿပီး ရဟန္း၊ သံဃာေတာ္မ်ားကို ပရိယတၱိစာေပ သင္းၾကားျခင္းႏွင့္ ဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္းဖြင့္လွစ္သင္ၾကားေပးမႈတုိ႔ကို လူမႈဝန္္ထမ္းဦးစီးဌာနမွ ၁၉၉၃ခုႏွစ္၌ တရားဝင္ ခြင့္ျပဳခ်က္ရရွိခဲ့သည္။
ေစာျမတ္ဦးသာ
ေကအုိင္စီ - KIC
http://kicnews.org
...............................................................
ဘုရားသုံးဆူမြို့ ဓမ္မဟေဝန် ဘကကျောင်း၌ ဆရာ၊ ဆရာမများအား ထောက်ပံ့ငွေပေးရန် အခက်အခဲကြုံ
2 February 2016
ဖေဖော်ဝါရီ ၂ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ရှိ ဓမ္မဟေဝန်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းသည် ပုံမှန် ရံပုံငွေမရှိ သောကြောင့် ဆရာ၊ ဆရာမများအား လစဉ် လစာထောက်ပ့ံငွေ ပေးရန် အခက်အခဲကြံုတွေ့နေရသည်ဟု စာသင်ကျောင်းတာဝန်ခံ ဦးဇင်းဝါယမိန္ဒက ဇန်နဝါရီ ၂၉ ရက်နေ့တွင် ကေအိုင်စီသို့ မိန့်ကြားသည်။
“စေတနာနဲ့ စာသင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမတွေကို လစဉ်ထောက်ပံ့ငွေပေးဖို့က အခက်အခဲ အကြီးမား ဆုံးနဲ့ ရင်ဆိုင်ဖြေရှင်းပေးနေရတဲ့ အဓိက ပြဿနာပါပဲ။ ကျောင်းသူကျောင်းသားတွေအတွက် အစားအသောက် အဝတ်အထည်တွေက မြို့ပေါ်က အလှူရှင်တွေနဲ့ ထိုင်းနိုင်ငံက အလူရှင်တွေ လာပြီး ထောက်ပံ့ပေးနေလို့ အခုထိ ရပ်တည်နိုင်တယ်”ဟု ဦးဇင်းဝါယမိန္ဒက မိန့်ကြားသည်။
ဆရာ ဆရာမ လစဉ် ထောက်ပံ့ကြေးကို ကရင်ပြည်နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘက)ကျောင်းအဖွဲ့က ထောက်ပံ့မှုပေးထားပြီး ကျောင်းလည်ပတ်မှုအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ တစ်နှစ်တစ်ကြိမ် လာရောက်ထောက်ပံ့ပေးမှုရှိသော်လည်း ကျောင်းသား ဦးရေများပြားသောကြောင့် လုံလောက်မှုမရှိကြောင်းလည်း ၎င်းက ဆက်လက်မိန့်ကြားသည်။
ထို့အပြင် ဓမ္မဟေဝန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် လာရောက်တွဲဘက်ထားသော ၎င်းဒေသရှိ ကိုယ်ထူကိုယ်ထ မူလတန်းကျောင်း ၃၇ ကျောင်းမှ ကျောင်းဆရာ၊ ဆရာမများကို တစ်လလျှင် ဘတ်ငွေ ၂၀၀၀ မှ ၃၅၀၀ အထိ ပုံမှန်ထောက်ပံ့ပေးနေရပြီး ဘုရားသုံးဆူ အထက်ကျောင်းတွင် ပညာသင်ကြားနေသော နဝမတန်းနှင့် ဒသမတန်း ကျောင်းသူကျောင်းသား ၁၀၀ခန့်ကိုလည်း သီးသန့်ထောက်ပံ့ပေးထားရသေးသည်ဟု သိရသည်။
ယင်းကျောင်း၏ မူလတန်းပြ ဆရာမ နန်းခင်မိုးက “ဒီကျောင်းမှာ စာသင်လာတာ ၁၇နှစ်ရှိပါပြီ။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်က တရားဝင် မူလွန်ကျောင်း ကျတယ်ပေါ့။ မူလွန်ကျောင်းဆိုပေမဲ့ ဒီမှာက ၈တန်းအထိ သင်ပေး တယ်။ ကျောင်းမှာ လိုအပ်ချက်မှန်သမျှကို ဆရာတော်ကပဲ ထောက်ပံ့ပေးတယ်။ အခက်အခဲအားလုံးကိုလည်း ဆရာတော်ကပဲ ဖြေရှင်းပေးမယ်လို့ မျှော်လင့်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဓမ္မဟေဝန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယခုနှစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်၌ ရေး၊ သံဖြူဇရပ်၊ ကြာအင်းဆိပ်ကြီးနှင့် ဝင်းရေးမြို့နယ်တို့်မှ လာရောက် ပညာသင်ယူကြသော ကျောင်းသူကျောင်းသား ၅၀၀ ကျော်နှင့် ဆရာ ဆရာမ ၂၄ဦး ရှိသည်။ စာသင်ကျောင်းအတွက် စာရေး ကိရိယာ၊ အားကစားပစ္စည်းနှင့် ရုံးအသုံးအဆောင်ပစ္စည်းများကို ကရင်အမျိုးသားအစည်း(KNU)ဒူးပလာယာခရိုင်၏ ကရင်ပညာရေးဌာနက နှစ်စဉ် လာရောက်ထောက်ပံ့ပေးထားသည်ဟု ကျောင်းတာဝန်ရှိသူများက ပြောသည်။
ဓမ္မဟေဝန် ဓမ္မဟေဝန် ဘုန်းကြီးကျောင်းကို ၁၉၉၂ ခုနှစ်တွင် လက်ရှိ ကျောင်းထိုင် ဆရာတော် ဦးဉာဏောဘာသက စတင်တည်ထောင်ခဲ့ပြီး ရဟန်း၊ သံဃာတော်များကို ပရိယတ္တိစာပေ သင်းကြားခြင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖွင့်လှစ်သင်ကြားပေးမှုတို့ကို လူမှုဝန််ထမ်းဦးစီးဌာနမှ ၁၉၉၃ခုနှစ်၌ တရားဝင် ခွင့်ပြုချက်ရရှိခဲ့သည်။
စောမြတ်ဦးသာ
ကေအိုင်စီ - KIC
http://kicnews.org