Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရာသီဥတုေအးေနခ်ိန္ လူနာတင္ကားေစာင့္ေနတဲ့ပင္စင္စားတစ္ဦးနဲ႔ ေဆးဘက္အကူတုိ႔ကုိ ဘက္ခမ္း ေကာ္ဖီတုိက္ခဲ့

$
0
0



ရာသီဥတု ေအးျမေနခ်ိန္ လမ္းမေပၚမွာ လူနာတင္ယာဥ္ ေစာင့္ေနတဲ့ ပင္စင္စား သက္ႀကီးရြယ္အုိ အမ်ဳိးသားတစ္ဦးနဲ႔ ေဆးဘက္အကူ အမ်ဳိးသမီးတစ္ဦးတုိ႔ကုိ အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္း ေဒးဗစ္ဘက္ခမ္းက ပူေႏြးတဲ့ ေကာ္ဖီတစ္ခြက္စီတုိက္ၿပီး အံ့အားသင့္ေစခဲ့ပါတယ္။

လန္ဒန္အေရးေပၚလူနာတင္ကား၀န္ေဆာင္မႈဌာနရဲ႕ Cycle Response Unit(ယာဥ္ေၾကာပိတ္ဆုိ႔သည့္ေနရာမ်ားတြင္ စက္ဘီးျဖင့္၀န္ေဆာင္မႈေပးသည့္အဖြဲ႔)က ေဆးဘက္အကူ ေမနက္ဒ္ဟာ
လန္ဒန္ျမဳိ႕လယ္က Endsleigh လမ္းမွာ ေခ်ာ္လဲခဲ့တဲ့ ပင္စင္စား သက္ႀကီးရြယ္အုိတစ္ဦးကုိ ေဆး႐ုံပုိ႔ေပးဖုိ႔ လူနာတင္ယာဥ္ ေစာင့္ေနတုန္း ေဒးဗစ္ဘက္ခမ္းနဲ႔ ေတြ႕ခဲ့တာပါ။

ေဒးဗစ္ဘက္ခမ္းဟာ ပင္စင္စား အမ်ဳိးသားႀကီးနဲ႔ ေမနက္ဒ္တုိ႔ေဘးက ျဖတ္ေလ်ာက္သြားခ်ိန္မွာ သူတုိ႔ႏွစ္ဦးကုိ ႏႈတ္ဆက္ခဲ့ၿပီး သူ႔ကားထဲကုိ ၀င္သြားခဲ့တယ္လုိ႔ ေမနက္ဒ္က ေျပာပါတယ္။ ေနာက္ ၁၀ မိနစ္အၾကာမွာေတာ့ ဘက္ခမ္းက ပင္စင္စား အမ်ဳိးသားႀကီးအတြက္ လက္ဘက္ရည္တစ္ခြက္ ေမနက္ဒ္အတြက္ ေကာ္ဖီတစ္ခြက္ လာေပးခဲ့ပါတယ္။

ေဆးအကူ ေမနက္ဒ္ဟာ ကမာၻ႔အေက်ာ္ၾကားဆုံး ေဘာလုံးသမားေဟာင္း ေဒးဗစ္ဘက္ခမ္းနဲ႔ 
တြဲ႐ုိက္ခဲ့တဲ့ ဓာတ္ပုံကုိ လူမႈကြန္ယက္ စာမ်က္ႏွာေပၚမွာ ေဖာ္ျပခဲ့ၿပီး အရမ္းေက်နပ္မိတယ္လုိ႔ ေမနက္ဒ္က ေျပာခဲ့ပါတယ္။

Nz (႐ုိးရာေလး)
www.yoyarlay.com

#Nz_yyl
#news_yyl

Unicode version

ရာသီဥတုအေးနေချိန် လူနာတင်ကားစောင့်နေတဲ့ပင်စင်စားတစ်ဦးနဲ့ ဆေးဘက်အကူတို့ကို ဘက်ခမ်း ကော်ဖီတိုက်ခဲ့
.......................................................

ရာသီဥတု အေးမြနေချိန် လမ်းမပေါ်မှာ လူနာတင်ယာဉ် စောင့်နေတဲ့ ပင်စင်စား သက်ကြီးရွယ်အို အမျိုးသားတစ်ဦးနဲ့ ဆေးဘက်အကူ အမျိုးသမီးတစ်ဦးတို့ကို အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းက ပူနွေးတဲ့ ကော်ဖီတစ်ခွက်စီတိုက်ပြီး အံ့အားသင့်စေခဲ့ပါတယ်။

လန်ဒန်အရေးပေါ်လူနာတင်ကားဝန်ဆောင်မှုဌာနရဲ့ Cycle Response Unit(ယာဉ်ကြောပိတ်ဆို့သည့်နေရာများတွင် စက်ဘီးဖြင့်ဝန်ဆောင်မှုပေးသည့်အဖွဲ့)က ဆေးဘက်အကူ မေနက်ဒ်ဟာ လန်ဒန်မြို့လယ်က Endsleigh လမ်းမှာ ချော်လဲခဲ့တဲ့ ပင်စင်စား သက်ကြီးရွယ်အိုတစ်ဦးကို ဆေးရုံပို့ပေးဖို့ လူနာတင်ယာဉ် စောင့်နေတုန်း ဒေးဗစ်ဘက်ခမ်းနဲ့ တွေ့ခဲ့တာပါ။

ဒေးဗစ်ဘက်ခမ်းဟာ ပင်စင်စား အမျိုးသားကြီးနဲ့ မေနက်ဒ်တို့ဘေးက ဖြတ်လျောက်သွားချိန်မှာ သူတို့နှစ်ဦးကို နှုတ်ဆက်ခဲ့ပြီး သူ့ကားထဲကို ဝင်သွားခဲ့တယ်လို့ မေနက်ဒ်က ပြောပါတယ်။ နောက် ၁၀ မိနစ်အကြာမှာတော့ ဘက်ခမ်းက ပင်စင်စား အမျိုးသားကြီးအတွက် လက်ဘက်ရည်တစ်ခွက် မေနက်ဒ်အတွက် ကော်ဖီတစ်ခွက် လာပေးခဲ့ပါတယ်။

ဆေးအကူ မေနက်ဒ်ဟာ ကမ္ဘာ့အကျော်ကြားဆုံး ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံကို လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပြီး အရမ်းကျေနပ်မိတယ်လို့ မေနက်ဒ်က ပြောခဲ့ပါတယ်။

Viewing all articles
Browse latest Browse all 13796

Trending Articles


တာခ်ီလိတ္၌ အမ်ဳိးသားတစ္ဦး မိမိကိုယ္ကိုယ္ ေသနတ္ျဖင့္ ပစ္၍ ေသဆံုး ( ရုပ္သံ )


ေဒၚေအာင္ဆန္းစုၾကည္ မဟုတ္တဲ့ ျမန္မာႏုိ္င္ငံရဲ႕ ပထမဆံုး အမ်ဳိးသမီး သမၼတ...


စာအုပ္​​ေပါင္​း ၆၀၀ ​ေက်ာ္​ပါတဲ႔ Link


၂၀၀၁ ခုႏွစ္ ထိုင္း - ျမန္မာ နယ္စပ္ တိုက္ပြဲမ်ား


ဘုရင့္ေနာင္မွ ေတာင္ငူကို သိမ္းျခင္း


ခင္၀င့္၀ါ၏ ေဖာ္ခၽြတ္ျပထားေသာ အလွတရားမ်ား


ဆားပုလင္းႏွင္းေမာင္၏ နိဂံုး


ခ်ံဴျမင္တိုင္းတိုးခ်င္ေနၾကတဲ႔ ခ်စ္သူစံုတြဲမ်ား နားေထာင္ေပးပါ


ကရေ၀း စုိက္ပ်ိဳးနည္း


စပါး ⁠ေဖာင္စီးဂဏန္း က်⁠ေရာက္ပံု ⁠ႏွင့္ ကာကြယ္⁠ႏွိမ္နင္းနည္းမ်ား



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>