ဧရာ၀တီတိုင္းေဒသႀကီး၊ အဂၤပူၿမိဳ႕နယ္အတြင္းရွိ အဂၤပူေတာႀကီးတန္းအတြင္း လြန္ခဲ့သည့္ ႏွစ္ေပါင္း ၂၅၀၀ ေက်ာ္က တည္ရွိခဲ့ေသာ ပ်ဴေခတ္ဂ၀ံ ၿမိဳ႕ေဟာင္းႀကီးဟုယူဆရသည့္ ပ်ဴေခတ္အေဆာက္အဦးပ်က္မ်ားႏွင့္ အသံုးအေဆာင္ပစၥည္းမ်ား ေတြ႔ရွိထားေၾကာင္း သြားေရာက္ ေလ့လာခဲ့သည့္ သမိုင္းသုေတသီ မ်ားထံမွ သိရွိရသည္။
ၿမိဳ႕ေဟာင္းႀကီးသည္ ပုသိမ္-မံုရြာ ကားလမ္းေပၚရွိ ေတာင္ဇင္းေက်းရြာ၏ အေနာက္ဘက္ ၂ မိုင္ ေက်ာ္ခန္႔ ကြာေ၀းေသာ အဂၤပူေတာႀကီးတန္းအတြင္း တည္ရွိေနၿပီး ေတြ႔ရွိထားသည့္ ဘုရားေစတီႏွင့္ အေဆာက္အ ဦးပ်က္မ်ားတြင္ ဘီစီ ၃ ရာစု(ဗုဒၶေခတ္)ႏွင့္ ဘီစီ ၆ ရာစု(အေသာကေခတ္) အတြင္း သံုးစြဲခဲ့ေသာ ဘရန္မီ အကၡရာမ်ားႏွင့္ ပ်ဴအကၡရာမ်ား ေရးထိုးပါရွိသည့္ လက္ေရးစင္း စပါးခြံ ပ်ဴအုတ္ခ်ပ္မ်ားႏွင့္ ပ်ဴေခတ္ ေက်ာက္ဆစ္နတ္ရုပ္မ်ားကိုလည္း ေတြ႔ရွိထားေၾကာင္း သမိုင္းသုေတသီမ်ားထံမွ သိရသည္။
ေတြ႔ရွိထားသည့္ ၿမိဳ႕ေဟာင္းႀကီးသည္ အ၀န္းပတ္လည္(၈)မိုင္ခန္႔ရွိၿပီး ဘယ္၊ ညာႏွစ္ဘက္တြင္ ကာကင္းကုန္း ႏွင့္ ေမွ်ာ္ကင္းကုန္းဟုယူဆရသည့္ ေရွးေဟာင္း ဂ၀ံေက်ာက္မ်ားျဖင့္ တည္ေဆာက္ထားသည့္ ေပ ၂၀၀ ေက်ာ္စီ ရွည္လွ်ားေသာ ေတာင္တန္းႀကီး ႏွစ္ခု တည္ရွိေနၿပီး ပ်ဴေခတ္၊ပုဂံေခတ္ အုတ္စီစနစ္ (အုတ္ေဒါင္ လိုက္စီ) ႏွင့္ ပ်ဴေခတ္ စပါးခြံ႕အုတ္ခ်ပ္မ်ား အသံုးျပဳကာ တည္ေဆာက္ထားသည့္ ေရွးေဟာင္း အုတ္ေလွကား ရွည္ႀကီးမ်ားလည္း ေတြ႔ရွိထားေၾကာင္း သြားေရာက္ေလ့လာခဲ့သူ သမိုင္းသုေတသီ ဆရာဘုန္းတင့္ေက်ာ္က ေျပာသည္။
“ၿမိဳ႕ေဟာင္းကုန္းနဲ႔ ၿမိဳ႕ေဟာင္းကုန္းပတ္လည္မွာရွိတဲ့ အေဆာက္အဦးေတြက အုတ္ခ်ပ္ေတြမွာ ေရးထိုးပါရွိတဲ့ ေရွးေခတ္အကၡရာေတြဟာလြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၅၀၀ ႏွင့္ ၂၃၀၀ ခန္႔က ဗုဒၶဘာသာယဥ္ေက်းမႈကို ျပန္ျပႏုိင္ သလို ပ်ဴေခတ္၊ ပ်ဴယဥ္ေက်းမႈကို ေဖာ္ျပတဲ့ ပ်ဴၿမိဳ႕ျပတစ္ခု ျဖစ္ခဲ့မယ္ ဆိုတာကို သက္ေသခံေနပါတယ္။”ဟု သြားေရာက္ေလ့လာခဲ့သူ သမိုင္းသုေတသီ ဆရာဘုန္းတင့္ေက်ာ္က ေျပာသည္။
ၿမိဳ႕ေဟာင္းႀကီး၏ အေရွ႕ဘက္တြင္ ကမ္းၿပိဳ ေတာရေရႊေတာင္ဦးေစတီ တည္ရွိၿပီး မူလလက္ရာကို လြန္ခဲ့ေသာ ၂၅ ႏွစ္ခန္႔က ပိႏၵဲကြင္း ဆရာေတာ္ႀကီး မွျပန္လည္ျပဳျပင္ထားေသာ္လည္း ေစတီေတာ္ အဂၤါေထာင့္ႏွင့္ စေနေထာင့္တြင္ ပ်ဴေခတ္ ေျမထိန္းနံရံမ်ား၊ ေဖာင္းရစ္ေတာ္တြင္လည္း ေရွးေဟာင္း ပ်ဴအကၡရာပါ စပါးခြံ႕အုတ္မ်ားေတြ႔ရွိရၿပီး အနီးတြင္ ဂ၀ံေက်ာက္သပိတ္ႀကီး တစ္ခုလည္း ေတြရွိထားေၾကာင္း သိရသည္။
အေနာက္ဘက္တြင္ ေလသာေတာင္ ဓမၼိက ေရွးေစတီ၊ေတာင္ဘက္တြင္ ေစာျပရြာ ေရွးေစတီကုန္းႏွင့္ အုတ္ေရကန္ႀကီး၊ ေျမာက္ဘက္ရွိ ႏွစ္က်ိပ္ရွစ္ဆူဘုရားမ်ားတြင္လည္း ပ်ဴေခတ္အေထာက္အထားမ်ားစြာ ေတြ႔ရွိထားေၾကာင္း ေရာက္ရွိေလ့လာခဲ့သူ သမိုင္းပညာရွင္မ်ားက ဆိုသည္။
ၿမိဳ႕ေဟာင္းႀကီး ေတြ႔ရွိထားရာႏွင့္ အနီးဆံုးေနရာတြင္ တည္ရွိေနေသာ ေတာင္ဇင္းေက်းရြာအတြင္း၌လည္း ပ်ဴအကၡရာမ်ား ေရးထိုးထားသည့္ စပါးခြံအုတ္မ်ားကို ပ်ဴေခတ္အုတ္စီစနစ္ျဖစ္ေသာ အျပားလိုက္ ၃ လႊာ ႀတိဂံပံု ၁ ရစ္ ျဖင့္တည္ေဆာက္ထားသည့္ ေရွးေဟာင္းေရတြင္း ၃ တြင္းရွိေနၿပီး ခိုင္ခံ့ေသာ အုတ္ခ်ပ္မ်ား၊ အုတ္စီစနစ္မ်ားျဖစ္၍ ျပန္လည္တူးေဖာ္ကာ ရြာသားမ်ားက ယေန႔တိုင္ အသံုးျပဳလွ်က္ရွိၿပီး ေရတြင္းမ်ားႏွင္႔ ပတ္၀န္းက်င္မွ ေရွးေခတ္အသံုးအေဆာင္ မ်ိဳးစံုရရွိေသာ္လည္း ေပ်ာက္ဆံုးပ်က္ဆီး ကုန္ၾကၿပီျဖစ္ေၾကာင္း ေတာင္ဇင္းေက်းရြာသားမ်ားထံမွ သိရသည္။
`အဘ ၁၅ ႏွစ္သားက ေရတြင္းကို စေဖာ္တာ၊တြင္းထဲက ေရာင္စံုပုတီးလံုး၊ ဖန္လံုးေတြ ရေပမယ့္ ငယ္ေတာ့မသိဘူး။ ဒီတိုင္းေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ မရွိေတာ့ဘူး၊ ေယာက္ခမေတာင္ ဒီေရတြင္းထဲက ရတဲ့ သလင္းနားေတာင္းႀကီး ပန္ပန္ၿပီးေလွ်ာက္သြားေနေသးတယ္၊ ေဆးတံတစ္ခုလည္း ရတယ္ ေပ်ာက္သြားၿပီ။´ဟု အသက္ ၈၈ ႏွစ္အရြယ္ရွိ ေတာင္ဇင္းရြာသား ဦးတင္ေမာင္က ေျပာသည္။
ယခုေတြ႔ရွိထားသည့္ ပ်ဴေခတ္ဂ၀ံၿမိဳ႕ေဟာင္း နယ္ေျမရွိ ေရွးေဟာင္း အေဆာက္အဦးမ်ား ေစတီပုထိုးမ်ားကို ဆက္လက္ပ်က္ဆီးမႈမရွိေစရန္ႏွင့္ ေရွးေဟာင္းအေဆာက္အဦးမ်ားကို ဆက္လက္ေဖာ္ထုတ္ရန္ ယဥ္ေက်းမႈနယ္ေျမအျဖစ္ ထိန္းသိမ္းေပးရန္ လိုအပ္ေနေၾကာင္း သမိုင္သုေတသီမ်ားထံမွ သိရသည္။
“ေရွးေဟာင္းဌာနအေနနဲ႔တူးေဖာ္ၾကည့္မွသာ ဘယ္ေနရာမွာ ဘာအၾကြင္းအက်န္ဘယ္ေနရာမွာ ဘာအၾကြင္းအက်န္ေတြ က်န္ေသးသမွ် ရဖို႔အလားအလာမ်ားလာမွာပါ၊ ရာဇ၀င္ေတြမွာရွာရတာ ႏွစ္ေပါင္း ၂၀၀၀ ေလာက္ကတည္းကိုက ဒီၿမိဳ႕ႀကီးက စာရင္းမေတြ႔ေတာ့ဘူး၊ေတာႀကီး ဖံုးၿပီး တိမ္ျမဳပ္သြားတာ အရမ္းၾကာသြားတယ္။”ဟု ေရွးေဟာင္းဂ၀ံၿမိဳ႕ေဟာင္းရွိ က်ပ္ျပင္ေတာရေစတီေတာ္ကို ျပဳျပင္ေစာင့္ေရွာက္ လွ်က္ရွိသည့္ ဆရာေတာ္ ဦးပညာသီရိကေျပာသည္။
ဂ၀ံၿမိဳ႕ေဟာင္းႀကီး၏ ေျမေပၚေတြ႔အေထာက္အထားမ်ားႏွင့္ ေျမထဲေတြ႔ အေထာက္အထားမ်ား စံုလင္လာပါက ၿမိဳ႕ေဟာင္းႀကီး၏ သမိုင္းေၾကာင္းကို ျပည့္စံုစြာ ေတြျမင္ရမည္ျဖစ္ၿပီး ျမန္မာႏုိင္ငံသမိုင္း၊ ဗုဒၶသာသနာသမိုင္း၏ တိမ္ျမဳပ္ေနေသာ သမိုင္းမွတ္တမ္း သစ္မ်ားကို ျပန္လည္ေဖာ္ထုတ္ေပးႏုိင္မည္ျဖစ္ေၾကာင္း ထို႔ေၾကာင့္ တူးေဖာ္ေရးပညာရွင္မ်ားအေနျဖင့္ ထိုၿမိဳ႕ေဟာင္းအား ျမန္ျမန္ တူးေဖာ္ေစလိုေၾကာင္း ေရွးေဟာင္းဂ၀ံ ၿမိဳ႕ေဟာင္းရွိ က်ပ္ျပင္ေတာရေစတီေတာ္ကို ျပဳျပင္ေစာင့္ေရွာက္ေနသည့္ ဆရာေတာ္ ဦးပညာသီရိ ေျပာျပခ်က္အရ သိရသည္။
ပ်ဴယဥ္ေက်းမႈထြန္းကားခဲ့သည့္ ျမန္မာႏိုင္ငံအလယ္ပုိင္းရပ္၀န္းႏွင့္ ဧရာ၀တီျမစ္၀ွမ္းတစ္ေလွ်ာက္တြင္ တည္ရွိခဲ့ေသာ ဟန္လင္း၊ ဗိႆႏုိးႏွင့္သေရေခတၱရာပ်ဴၿမိဳ႕ေဟာင္းတုိ႔အား ကုလသမဂၢ ပညာေရး သိပံၸႏွင္႔ ယဥ္ေက်းမႈအဖြဲ႔ (ယူနက္စကုိ)က ကမာၻ႔အေမြအႏွစ္စာရင္း၀င္အျဖစ္ ၂၀၁၄ ခုႏွစ္ဇြန္လ (၂၂) ရက္ေန႔က ကာတာႏုိင္ငံ ဒုိဟာျမိဳ႕တြင္ျပဳလုပ္ေသာ (၃၈)ႀကိမ္ေျမာက္ ကမာၻ႔အေမြႏွစ္အစည္းေ၀းတြင္ သတ္မွတ္ ေၾကျငာခဲ့သည္။
News - MMK
Yangon Media Group
.........................
အင်္ဂပူတောကြီးတန်းအတွင်း ပျူခေတ်အဆောက်အဦးပျက်များနှင့် အသုံးအဆောင်ပစ္စည်းများ တွေ့ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်းရှိ အင်္ဂပူတောကြီးတန်းအတွင်း လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က တည်ရှိခဲ့သော ပျူခေတ်ဂဝံ မြို့ဟောင်းကြီးဟုယူဆရသည့် ပျူခေတ်အဆောက်အဦးပျက်များနှင့် အသုံးအဆောင်ပစ္စည်းများ တွေ့ရှိထားကြောင်း သွားရောက် လေ့လာခဲ့သည့် သမိုင်းသုတေသီ များထံမှ သိရှိရသည်။
မြို့ဟောင်းကြီးသည် ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ တောင်ဇင်းကျေးရွာ၏ အနောက်ဘက် ၂ မိုင် ကျော်ခန့် ကွာဝေးသော အင်္ဂပူတောကြီးတန်းအတွင်း တည်ရှိနေပြီး တွေ့ရှိထားသည့် ဘုရားစေတီနှင့် အဆောက်အ ဦးပျက်များတွင် ဘီစီ ၃ ရာစု(ဗုဒ္ဓခေတ်)နှင့် ဘီစီ ၆ ရာစု(အသောကခေတ်) အတွင်း သုံးစွဲခဲ့သော ဘရန်မီ အက္ခရာများနှင့် ပျူအက္ခရာများ ရေးထိုးပါရှိသည့် လက်ရေးစင်း စပါးခွံ ပျူအုတ်ချပ်များနှင့် ပျူခေတ် ကျောက်ဆစ်နတ်ရုပ်များကိုလည်း တွေ့ရှိထားကြောင်း သမိုင်းသုတေသီများထံမှ သိရသည်။
တွေ့ရှိထားသည့် မြို့ဟောင်းကြီးသည် အဝန်းပတ်လည်(၈)မိုင်ခန့်ရှိပြီး ဘယ်၊ ညာနှစ်ဘက်တွင် ကာကင်းကုန်း နှင့် မျှော်ကင်းကုန်းဟုယူဆရသည့် ရှေးဟောင်း ဂဝံကျောက်များဖြင့် တည်ဆောက်ထားသည့် ပေ ၂၀၀ ကျော်စီ ရှည်လျှားသော တောင်တန်းကြီး နှစ်ခု တည်ရှိနေပြီး ပျူခေတ်၊ပုဂံခေတ် အုတ်စီစနစ် (အုတ်ဒေါင် လိုက်စီ) နှင့် ပျူခေတ် စပါးခွံ့အုတ်ချပ်များ အသုံးပြုကာ တည်ဆောက်ထားသည့် ရှေးဟောင်း အုတ်လှေကား ရှည်ကြီးများလည်း တွေ့ရှိထားကြောင်း သွားရောက်လေ့လာခဲ့သူ သမိုင်းသုတေသီ ဆရာဘုန်းတင့်ကျော်က ပြောသည်။
“မြို့ဟောင်းကုန်းနဲ့ မြို့ဟောင်းကုန်းပတ်လည်မှာရှိတဲ့ အဆောက်အဦးတွေက အုတ်ချပ်တွေမှာ ရေးထိုးပါရှိတဲ့ ရှေးခေတ်အက္ခရာတွေဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ နှင့် ၂၃၀၀ ခန့်က ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ပြန်ပြနိုင် သလို ပျူခေတ်၊ ပျူယဉ်ကျေးမှုကို ဖော်ပြတဲ့ ပျူမြို့ပြတစ်ခု ဖြစ်ခဲ့မယ် ဆိုတာကို သက်သေခံနေပါတယ်။”ဟု သွားရောက်လေ့လာခဲ့သူ သမိုင်းသုတေသီ ဆရာဘုန်းတင့်ကျော်က ပြောသည်။
မြို့ဟောင်းကြီး၏ အရှေ့ဘက်တွင် ကမ်းပြို တောရရွှေတောင်ဦးစေတီ တည်ရှိပြီး မူလလက်ရာကို လွန်ခဲ့သော ၂၅ နှစ်ခန့်က ပိန္ဒဲကွင်း ဆရာတော်ကြီး မှပြန်လည်ပြုပြင်ထားသော်လည်း စေတီတော် အင်္ဂါထောင့်နှင့် စနေထောင့်တွင် ပျူခေတ် မြေထိန်းနံရံများ၊ ဖောင်းရစ်တော်တွင်လည်း ရှေးဟောင်း ပျူအက္ခရာပါ စပါးခွံ့အုတ်များတွေ့ရှိရပြီး အနီးတွင် ဂဝံကျောက်သပိတ်ကြီး တစ်ခုလည်း တွေရှိထားကြောင်း သိရသည်။
အနောက်ဘက်တွင် လေသာတောင် ဓမ္မိက ရှေးစေတီ၊တောင်ဘက်တွင် စောပြရွာ ရှေးစေတီကုန်းနှင့် အုတ်ရေကန်ကြီး၊ မြောက်ဘက်ရှိ နှစ်ကျိပ်ရှစ်ဆူဘုရားများတွင်လည်း ပျူခေတ်အထောက်အထားများစွာ တွေ့ရှိထားကြောင်း ရောက်ရှိလေ့လာခဲ့သူ သမိုင်းပညာရှင်များက ဆိုသည်။
မြို့ဟောင်းကြီး တွေ့ရှိထားရာနှင့် အနီးဆုံးနေရာတွင် တည်ရှိနေသော တောင်ဇင်းကျေးရွာအတွင်း၌လည်း ပျူအက္ခရာများ ရေးထိုးထားသည့် စပါးခွံအုတ်များကို ပျူခေတ်အုတ်စီစနစ်ဖြစ်သော အပြားလိုက် ၃ လွှာ တြိဂံပုံ ၁ ရစ် ဖြင့်တည်ဆောက်ထားသည့် ရှေးဟောင်းရေတွင်း ၃ တွင်းရှိနေပြီး ခိုင်ခံ့သော အုတ်ချပ်များ၊ အုတ်စီစနစ်များဖြစ်၍ ပြန်လည်တူးဖော်ကာ ရွာသားများက ယနေ့တိုင် အသုံးပြုလျှက်ရှိပြီး ရေတွင်းများနှင့် ပတ်ဝန်းကျင်မှ ရှေးခေတ်အသုံးအဆောင် မျိုးစုံရရှိသော်လည်း ပျောက်ဆုံးပျက်ဆီး ကုန်ကြပြီဖြစ်ကြောင်း တောင်ဇင်းကျေးရွာသားများထံမှ သိရသည်။
`အဘ ၁၅ နှစ်သားက ရေတွင်းကို စဖော်တာ၊တွင်းထဲက ရောင်စုံပုတီးလုံး၊ ဖန်လုံးတွေ ရပေမယ့် ငယ်တော့မသိဘူး။ ဒီတိုင်းမေ့မေ့ပျောက်ပျောက်နဲ့ မရှိတော့ဘူး၊ ယောက်ခမတောင် ဒီရေတွင်းထဲက ရတဲ့ သလင်းနားတောင်းကြီး ပန်ပန်ပြီးလျှောက်သွားနေသေးတယ်၊ ဆေးတံတစ်ခုလည်း ရတယ် ပျောက်သွားပြီ။´ဟု အသက် ၈၈ နှစ်အရွယ်ရှိ တောင်ဇင်းရွာသား ဦးတင်မောင်က ပြောသည်။
ယခုတွေ့ရှိထားသည့် ပျူခေတ်ဂဝံမြို့ဟောင်း နယ်မြေရှိ ရှေးဟောင်း အဆောက်အဦးများ စေတီပုထိုးများကို ဆက်လက်ပျက်ဆီးမှုမရှိစေရန်နှင့် ရှေးဟောင်းအဆောက်အဦးများကို ဆက်လက်ဖော်ထုတ်ရန် ယဉ်ကျေးမှုနယ်မြေအဖြစ် ထိန်းသိမ်းပေးရန် လိုအပ်နေကြောင်း သမိုင်သုတေသီများထံမှ သိရသည်။
“ရှေးဟောင်းဌာနအနေနဲ့တူးဖော်ကြည့်မှသာ ဘယ်နေရာမှာ ဘာအကြွင်းအကျန်ဘယ်နေရာမှာ ဘာအကြွင်းအကျန်တွေ ကျန်သေးသမျှ ရဖို့အလားအလာများလာမှာပါ၊ ရာဇဝင်တွေမှာရှာရတာ နှစ်ပေါင်း ၂၀၀၀ လောက်ကတည်းကိုက ဒီမြို့ကြီးက စာရင်းမတွေ့တော့ဘူး၊တောကြီး ဖုံးပြီး တိမ်မြုပ်သွားတာ အရမ်းကြာသွားတယ်။”ဟု ရှေးဟောင်းဂဝံမြို့ဟောင်းရှိ ကျပ်ပြင်တောရစေတီတော်ကို ပြုပြင်စောင့်ရှောက် လျှက်ရှိသည့် ဆရာတော် ဦးပညာသီရိကပြောသည်။
ဂဝံမြို့ဟောင်းကြီး၏ မြေပေါ်တွေ့အထောက်အထားများနှင့် မြေထဲတွေ့ အထောက်အထားများ စုံလင်လာပါက မြို့ဟောင်းကြီး၏ သမိုင်းကြောင်းကို ပြည့်စုံစွာ တွေမြင်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံသမိုင်း၊ ဗုဒ္ဓသာသနာသမိုင်း၏ တိမ်မြုပ်နေသော သမိုင်းမှတ်တမ်း သစ်များကို ပြန်လည်ဖော်ထုတ်ပေးနိုင်မည်ဖြစ်ကြောင်း ထို့ကြောင့် တူးဖော်ရေးပညာရှင်များအနေဖြင့် ထိုမြို့ဟောင်းအား မြန်မြန် တူးဖော်စေလိုကြောင်း ရှေးဟောင်းဂဝံ မြို့ဟောင်းရှိ ကျပ်ပြင်တောရစေတီတော်ကို ပြုပြင်စောင့်ရှောက်နေသည့် ဆရာတော် ဦးပညာသီရိ ပြောပြချက်အရ သိရသည်။
ပျူယဉ်ကျေးမှုထွန်းကားခဲ့သည့် မြန်မာနိုင်ငံအလယ်ပိုင်းရပ်ဝန်းနှင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်တွင် တည်ရှိခဲ့သော ဟန်လင်း၊ ဗိဿနိုးနှင့်သရေခေတ္တရာပျူမြို့ဟောင်းတို့အား ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ်ဇွန်လ (၂၂) ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင်ပြုလုပ်သော (၃၈)ကြိမ်မြောက် ကမ္ဘာ့အမွေနှစ်အစည်းဝေးတွင် သတ်မှတ် ကြေငြာခဲ့သည်။