Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေဒၚစု သမၼတျဖစ္ခြင့္ ပိတ္ပင္သည့္ဥပေဒ ဆုိင္းငံ့မႈ ဦးရဲထြဋ္ ကန္႔ကြက္(ဒေါ်စု သမ္မတဖြစ်ခွင့် ပိတ်ပင်သည့်ဥပဒေ ဆိုင်းငံ့မှု ဦးရဲထွဋ် ကန့်ကွက်)

$
0
0
ဦးရဲထြဋ္
    By ဒီဗီြဘီ
    3 February 2016

ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတ ျဖစ္ခြင့္ ပိတ္ပင္ထားတဲ့ ပုဒ္မ ၅၉ စ ကို ဆိုင္းငံ့မႈကို သမၼတ ေျပာေရးဆိုခြင့္ရွိသူ  ျပန္ၾကားေရး၀န္ႀကီး ဦးရဲထြဋ္က ကန္႔ကြက္ေျပာၾကားပါတယ္။

“အခု အန္အယ္လ္ဒီက ပုဒ္မ တခုကို ဆိုင္းငံ့လုိက္ရင္ လာမယ့္ ၂၀၂၀ ေရြးေကာက္ပြဲမွာ ဘာျဖစ္မလဲ၊ တျခားပါတီတခု တက္လာမယ္၊ ၿပီးရင္သူတို႔ကလည္း ပုဒ္မ ၁၀ ခု၊ ၁၂ ခုေလာက္ကို ဆိုင္းငံ့လုိက္မယ္ဆိုရင္ က်ေနာ္တို႔ တုိင္းျပည္က ဘာျဖစ္သြားမလဲ” လို႔ ဦးရဲထြဋ္ေျပာဆိုခ်က္ကို  ႐ုိက္တာသတင္းက ကိုးကားပါတယ္။

ပုဒ္မ ၅၉ (စ) ဟာ ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ႏိုင္ငံေတာ္သမၼတတာ၀န္ မထမ္းရြက္ႏိုင္ေအာင္ ကန္႔သတ္ခ်က္ေတြပါရွိတဲ့ ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒပုဒ္မျဖစ္ပါတယ္။ အစိုးရသစ္ ဖြဲ႔စည္းတဲ့အခါ ဒီပုဒ္မကို လႊတ္ေတ္ာမွာ ဆိုင္းငံ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို သမၼတ တင္ေျမႇာက္ႏိုင္တယ္လို႔ သုံးသပ္မႈေတြ ျမင့္တက္ေနခ်ိန္ အစိုးရဘက္က ၀န္ႀကီးတဦးရဲ႕ တုံ႔ျပန္ခ်က္ျဖစ္ပါတယ္။

အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ဟာ ေရြးေကာက္ပဲြမွာ အျပတ္အသတ္ အႏိုင္ရထားတာေၾကာင့္ လြႊတ္ေတာ္မွာ ဒုသမၼတေလာင္း ၃ ဦးအနက္ ၂ ဦးကို တင္ေျမႇာက္ခြင့္ရွိေရး က်ိန္းေသေနၿပီး တပ္မေတာ္သားကိုယ္စားလွယ္ေတြက ၁ ဦးတင္ေျမႇာက္ခြင့္ရွိေနပါတယ္။

ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ဳိးသားလႊတ္ေတာ္တို႔ စတင္ေခၚယူၿပီးတဲ့အထိ အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္က ဒုတိယ သမၼတေလာငး္အမည္စာရင္းကို ထုတ္ေဖာ္ေျပာဆိုျခင္းမရွိေသးပါဘူး။ မေန႔ကအထိေတာ့ ပါတီနာယက သူရဦးတင္ဦးက ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ေရးအတြက္ ၾကိဳးစားေနတယ္လို႔ မီဒီယာေတြကုိ ေျပာၾကားခဲ့ပါတယ္။

လြန္ခဲ့တဲ့ ဒီဇင္ဘာလတုန္းက ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ဖြံ႔ၿဖဳိးေရး ဗဟိုအလုပ္အမွႈေဆာင္ေဟာင္း သူရဦးေအာင္ကိုက ၂၀၀၈ ဖြဲ႔စည္းပုံအေျခခံဥပေဒမွာ ပုဒ္မ ၅၉ (စ) ကို ဆိုင္းငံ့ႏိုင္တယ္၊ ဒါမွမဟုတ္ မဆိုင္ငံ့ႏိုင္ေရးနဲ႔ပတ္သက္လို႔ တားျမစ္ထားတာမရွိတဲ့အတြက္ ဥပေဒကို ဆိုင္းငံ့ႏိုင္တယ္လို႔  ေျပာဆိုခဲ့ပါတယ္။

သူရဦးေအာင္ကိုဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နီးကပ္တဲ့ ဆက္ဆံေရးရွိၿပီး ေဒၚေအာင္ဆန္းစုၾကည္က တာ၀န္တခုခုအပ္ႏွင္းရင္ ထမ္းေဆာင္မယ္လို႔ ဒီလ ၁ ရက္ေန႔က ေျပာဆုိခဲ့ပါတယ္။

ျပန္ၾကားေရး၀န္ႀကီးက ေဒၚေအာင္ဆန္းစုၾကည္ထံမွာ စြမ္းအားနဲ႔၊ ၾသဇာသက္ေရာက္မႈ ရွိသလို စိတ္ဓာတ္ျပင္းျပတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေကာင္းေတြနဲ႔ ရည္ရြယ္ခ်က္ေကာင္းေတြလည္း ရွိေနတယ္လို႔ ေျပာဆိုၿပီး အေကာင္အထည္ေဖာ္တဲ့အခါ  တျခားစစ္ဘက္ အရပ္ဘက္ အေတြ႔အႀကဳံေတြနဲ႔ ေပါင္းစပ္ႏိုင္ဖို႔ လိုေနတယ္လို႔ ေျပာပါတယ္။

“တခုကေတာ့ ဒီလိုအရည္အေသြးေတြကို စစ္ဘက္နဲ႔ အရပ္ဘက္က တျခားသူေတြရဲ႕ အေတြ႔အႀကဳံေတြနဲ႔ ဘယ္လို ပူးေပါင္းမလဲဆိုတာကေတာ့ အဓိက ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္” လို႔ ဦးရဲထြဋ္က ေျပာပါတယ္။

ဒါေၾကာင့္လည္း ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔ ဉာဏ္စြမ္း အစြမ္းကုန္သုံးၿပီး စိတ္ရွည္ရွည္နဲ႔ ေျဖရွင္းဖို႔နဲ႔ သူတို႔ရဲ႕ အစီအစဥ္ေတြကို ဦးစားေပးေဆာင္ရြက္ဖို႔ သူက ေျပာပါတယ္။

“သူတို႔ရဲ႕ အစိုးရသက္တမ္း ပထမ ၂ ႏွစ္ကို ဖြဲ႔စည္းပုံျပင္ဆင္ဖို႔ အသုံးျပဳမလား၊ လူထုေတြကို အက်ိဳးျဖစ္ထြန္းေစမယ့္ စီးပြားေရးျပဳျပင္ ေျပာင္းလဲေရးနဲ႔ ၿငိမ္းခ်မ္းေရး တည္ေဆာက္မႈေတြကို လုပ္မလား၊ မွန္ကန္တဲ့ အရာကို ဦးစားေပး သတ္မွတ္ လုပ္ေဆာင္သင့္တယ္” လို႔ ဦးရဲထြဋ္က ေျပာပါတယ္။

တရားလႊတ္ေတာ္ေရွ႔ေန ဦးကိုနီကေတာ့ ဦးရဲထြဋ္ရဲ႕ ဖြဲ႔စည္းပုံဆုိင္းငံ့ေရး ထင္ျမင္ယူဆခ်က္ေပၚမွာ သေဘာမတူေၾကာင္းေျပာပါတယ္။

ဒီပုဒ္မ ၅၉ (စ) ကို လႊတ္ေတာ္မွာတရား၀င္ ဆုိင္းငံ့လို ရ၊ မရ ေမးျမန္းရာမွာ သူက “ရပါတယ္ဗ်။ ၅၉ (စ) ကို ယာယီဆိုင္းငံ့တယ္ဆိုတဲ့ကိစၥသည္ ဖြဲ႔စည္းပုံအေျခခံဥပေဒဆိုင္ရာ အက်ပ္အတည္းေပၚေပါက္တဲ့အခါမွာ တခါတရံ သုံးတဲ့ကိစၥျဖစ္ပါတယ္။ အဲဒါကို က်ေနာ္တို႔က Informal Way လို႔ ေခၚပါတယ္ခင္ဗ်။ ဖြဲ႔စည္းပုံအေျခခံဥပေဒကို နည္းလမ္းတက် ျပင္လို႔မရတဲ့အခါမ်ဳိးမွာမွ သုံးတာပါ” လို႔ ေျပာပါတယ္။

အတိတ္တုန္းက အိမ္ေစာင့္အစိုးရေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ႀကီးေန၀င္းကို ၀န္ႀကီးခ်ဳပ္က အာဏာလႊဲေျပာင္းေပးစဥ္က ျပည္သူတင္ေျမႇာက္တဲ့အစိုးရသာ ၀န္ႀကီးခ်ဳပ္ လုပ္ကိုင္ခြင့္ရွိသည္လို႔ ျပ႒ာန္းထားတဲ့ အေျခခံဥပေဒအရ အတားအဆီးျဖစ္ေနတာေၾကာင့္ ဒီဥပေဒပုဒ္မကို ယာယီဆိုင္းငံ့ၿပီးမွ လႊဲေပးခဲ့ရတာကို နမူနာ ေျပာျပ ပါတယ္။

စီးပြားေရးတိုးတက္ဖို႔ အစိုးရ အဓိကလုပ္ရမွာျဖစ္သလုိ ဖြဲ႔စည္းပုံအေျခခံဥပေဒ ျပင္ဆင္တဲ့ကိစၥက လႊတ္ေတာ္က လုပ္ရမွာျဖစ္ၿပီး တၿပိဳင္တည္းလုပ္ရမယ္လို႔ ေျပာပါတယ္။

“ဥပမာ သာဓကျပရရင္ တိုင္းျပည္ကို တုိးတက္ရာတိုူတက္ေၾကာင္းလုပ္မယ့္ ေဒၚေအာင္ဆန္းစုၾကည္ကို  သမၼတခန္႔ဖို႔ကိစၥမွာေတာင္ ဒီဖြြဲ႔စည္းပုံအေျခခံဥပေဒက ဒုကၡေပးေနတယ္။ ဒါေၾကာင့္ ဒီဖြဲ႔စည္းပုံအေျခခံဥပေဒဟာ က်ေနာ္တို႔ တိုင္းျပည္ဖြံ႔ၿဖိဳးတိုးတက္ေရးနဲ႔ ဆက္စပ္ေနတယ္။ ျမန္ႏိုင္သမွ်ျမန္ျမန္ျပင္ရမယ္” လို႔ ေျပာပါတယ္။

႐ုိက္တာသတင္းမွာ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေနာက္သီတင္းပတ္ကုန္အထိ ေနျပည္ေတာ္မွာပဲေနၾကဖို႔ ညႊန္ၾကားထားတယ္လို႔ အမည္မေဖာ္လိုသူ ပါတီ ဗဟိုအလုပ္အမႈေဆာင္တဦးရဲ႕ ေျပာၾကားခ်က္ကို ကိုးကားေဖာ္ျပပါတယ္။

သူက “လာမယ့္သီတင္းပတ္ထဲမွာ အေရးႀကီးတဲ့ကိစၥေတြ ဒါမွမဟုတ္ ဥပေဒကိစၥ ရွိေကာင္းရွိႏိုင္တယ္လို႔ ဗဟိုအလုပ္အမႈေဆာင္တေယာက္က ေျပာတယ္” လို႔ ေျပာပါတယ္။

အဖြဲ႔ခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ဦး၀င္းထိန္ကလည္း လာမယ့္သီတင္းပတ္မွာ သမၼတေလာင္းအမည္စာရင္း ေၾကညာမယ္လို႔ ေျပာဆုိထားပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ ေရြးေကာက္ပြဲအႏိုင္ရရွိၿပီးေနာက္ ႏိုင္ငံေတာ္သမၼတ ဦးသိန္းစိန္၊ ျပည္ေထာင္စုလႊတ္ေတာ္နာယက သူရဦးေရႊမန္း၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တို႔နဲ႔ ေတြ႔ဆုံေဆြးေႏြးခဲ့တဲ့အျပင္ တပ္မေတာ္အႀကီးအကဲေဟာင္း ဗိုလ္ခ်ဳပ္မွဴးႀကီး (အၿငိမ္းစား) ဦးသန္းေရႊနဲ႔ပါ ေတြ႔ဆုံေဆြးေႏြးခဲ့ပါတယ္။

လက္ရွိအစိုးရသက္တမ္းဟာ မတ္လကုန္အထိျဖစ္ၿပီး ဒီကာလအတြင္းမွာ အႏိုင္ရပါတီက အစိုးရတရပ္ဖြဲ႔စည္းရမွာျဖစ္ပါတယ္။
DVB
..................................
ဒေါ်စု သမ္မတဖြစ်ခွင့် ပိတ်ပင်သည့်ဥပဒေ ဆိုင်းငံ့မှု ဦးရဲထွဋ် ကန့်ကွက်
ဦးရဲထွဋ်
    By ဒီဗွီဘီ
    3 February 2016

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ စ ကို ဆိုင်းငံ့မှုကို သမ္မတ ပြောရေးဆိုခွင့်ရှိသူ  ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ကန့်ကွက်ပြောကြားပါတယ်။

“အခု အန်အယ်လ်ဒီက ပုဒ်မ တခုကို ဆိုင်းငံ့လိုက်ရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘာဖြစ်မလဲ၊ တခြားပါတီတခု တက်လာမယ်၊ ပြီးရင်သူတို့ကလည်း ပုဒ်မ ၁၀ ခု၊ ၁၂ ခုလောက်ကို ဆိုင်းငံ့လိုက်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်က ဘာဖြစ်သွားမလဲ” လို့ ဦးရဲထွဋ်ပြောဆိုချက်ကို  ရိုက်တာသတင်းက ကိုးကားပါတယ်။

ပုဒ်မ ၅၉ (စ) ဟာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်သမ္မတတာဝန် မထမ်းရွက်နိုင်အောင် ကန့်သတ်ချက်တွေပါရှိတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မဖြစ်ပါတယ်။ အစိုးရသစ် ဖွဲ့စည်းတဲ့အခါ ဒီပုဒ်မကို လွှတ်တေ်ာမှာ ဆိုင်းငံ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တင်မြှောက်နိုင်တယ်လို့ သုံးသပ်မှုတွေ မြင့်တက်နေချိန် အစိုးရဘက်က ၀န်ကြီးတဦးရဲ့ တုံ့ပြန်ချက်ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရထားတာကြောင့် လွွှတ်တော်မှာ ဒုသမ္မတလောင်း ၃ ဦးအနက် ၂ ဦးကို တင်မြှောက်ခွင့်ရှိရေး ကျိန်းသေနေပြီး တပ်မတော်သားကိုယ်စားလှယ်တွေက ၁ ဦးတင်မြှောက်ခွင့်ရှိနေပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့ စတင်ခေါ်ယူပြီးတဲ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယ သမ္မတလောငး်အမည်စာရင်းကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။ မနေ့ကအထိတော့ ပါတီနာယက သူရဦးတင်ဦးက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် ကြိုးစားနေတယ်လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေး ဗဟိုအလုပ်အမှှုဆောင်ဟောင်း သူရဦးအောင်ကိုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့နိုင်တယ်၊ ဒါမှမဟုတ် မဆိုင်ငံ့နိုင်ရေးနဲ့ပတ်သက်လို့ တားမြစ်ထားတာမရှိတဲ့အတွက် ဥပဒေကို ဆိုင်းငံ့နိုင်တယ်လို့  ပြောဆိုခဲ့ပါတယ်။

သူရဦးအောင်ကိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိပြီး ဒေါ်အောင်ဆန်းစုကြည်က တာဝန်တခုခုအပ်နှင်းရင် ထမ်းဆောင်မယ်လို့ ဒီလ ၁ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

ပြန်ကြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ထံမှာ စွမ်းအားနဲ့၊ သြဇာသက်ရောက်မှု ရှိသလို စိတ်ဓာတ်ပြင်းပြတဲ့ လွှတ်တော်ကိုယ်စားလှယ်ကောင်းတွေနဲ့ ရည်ရွယ်ချက်ကောင်းတွေလည်း ရှိနေတယ်လို့ ပြောဆိုပြီး အကောင်အထည်ဖော်တဲ့အခါ  တခြားစစ်ဘက် အရပ်ဘက် အတွေ့အကြုံတွေနဲ့ ပေါင်းစပ်နိုင်ဖို့ လိုနေတယ်လို့ ပြောပါတယ်။

“တခုကတော့ ဒီလိုအရည်အသွေးတွေကို စစ်ဘက်နဲ့ အရပ်ဘက်က တခြားသူတွေရဲ့ အတွေ့အကြုံတွေနဲ့ ဘယ်လို ပူးပေါင်းမလဲဆိုတာကတော့ အဓိက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်” လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဉာဏ်စွမ်း အစွမ်းကုန်သုံးပြီး စိတ်ရှည်ရှည်နဲ့ ဖြေရှင်းဖို့နဲ့ သူတို့ရဲ့ အစီအစဉ်တွေကို ဦးစားပေးဆောင်ရွက်ဖို့ သူက ပြောပါတယ်။

“သူတို့ရဲ့ အစိုးရသက်တမ်း ပထမ ၂ နှစ်ကို ဖွဲ့စည်းပုံပြင်ဆင်ဖို့ အသုံးပြုမလား၊ လူထုတွေကို အကျိုးဖြစ်ထွန်းစေမယ့် စီးပွားရေးပြုပြင် ပြောင်းလဲရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေကို လုပ်မလား၊ မှန်ကန်တဲ့ အရာကို ဦးစားပေး သတ်မှတ် လုပ်ဆောင်သင့်တယ်” လို့ ဦးရဲထွဋ်က ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကတော့ ဦးရဲထွဋ်ရဲ့ ဖွဲ့စည်းပုံဆိုင်းငံ့ရေး ထင်မြင်ယူဆချက်ပေါ်မှာ သဘောမတူကြောင်းပြောပါတယ်။

ဒီပုဒ်မ ၅၉ (စ) ကို လွှတ်တော်မှာတရားဝင် ဆိုင်းငံ့လို ရ၊ မရ မေးမြန်းရာမှာ သူက “ရပါတယ်ဗျ။ ၅၉ (စ) ကို ယာယီဆိုင်းငံ့တယ်ဆိုတဲ့ကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းပေါ်ပေါက်တဲ့အခါမှာ တခါတရံ သုံးတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့က Informal Way လို့ ခေါ်ပါတယ်ခင်ဗျ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းလမ်းတကျ ပြင်လို့မရတဲ့အခါမျိုးမှာမှ သုံးတာပါ” လို့ ပြောပါတယ်။

အတိတ်တုန်းက အိမ်စောင့်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းကို ၀န်ကြီးချုပ်က အာဏာလွှဲပြောင်းပေးစဉ်က ပြည်သူတင်မြှောက်တဲ့အစိုးရသာ ၀န်ကြီးချုပ် လုပ်ကိုင်ခွင့်ရှိသည်လို့ ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေအရ အတားအဆီးဖြစ်နေတာကြောင့် ဒီဥပဒေပုဒ်မကို ယာယီဆိုင်းငံ့ပြီးမှ လွှဲပေးခဲ့ရတာကို နမူနာ ပြောပြ ပါတယ်။

စီးပွားရေးတိုးတက်ဖို့ အစိုးရ အဓိကလုပ်ရမှာဖြစ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တဲ့ကိစ္စက လွှတ်တော်က လုပ်ရမှာဖြစ်ပြီး တပြိုင်တည်းလုပ်ရမယ်လို့ ပြောပါတယ်။

“ဥပမာ သာဓကပြရရင် တိုင်းပြည်ကို တိုးတက်ရာတိုူတက်ကြောင်းလုပ်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို  သမ္မတခန့်ဖို့ကိစ္စမှာတောင် ဒီဖွွဲ့စည်းပုံအခြေခံဥပဒေက ဒုက္ခပေးနေတယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ကျနော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်စပ်နေတယ်။ မြန်နိုင်သမျှမြန်မြန်ပြင်ရမယ်” လို့ ပြောပါတယ်။

ရိုက်တာသတင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေကို နောက်သီတင်းပတ်ကုန်အထိ နေပြည်တော်မှာပဲနေကြဖို့ ညွှန်ကြားထားတယ်လို့ အမည်မဖော်လိုသူ ပါတီ ဗဟိုအလုပ်အမှုဆောင်တဦးရဲ့ ပြောကြားချက်ကို ကိုးကားဖော်ပြပါတယ်။

သူက “လာမယ့်သီတင်းပတ်ထဲမှာ အရေးကြီးတဲ့ကိစ္စတွေ ဒါမှမဟုတ် ဥပဒေကိစ္စ ရှိကောင်းရှိနိုင်တယ်လို့ ဗဟိုအလုပ်အမှုဆောင်တယောက်က ပြောတယ်” လို့ ပြောပါတယ်။

အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်ကလည်း လာမယ့်သီတင်းပတ်မှာ သမ္မတလောင်းအမည်စာရင်း ကြေညာမယ်လို့ ပြောဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအနိုင်ရရှိပြီးနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် တပ်မတော်အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး (အငြိမ်းစား) ဦးသန်းရွှေနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

လက်ရှိအစိုးရသက်တမ်းဟာ မတ်လကုန်အထိဖြစ်ပြီး ဒီကာလအတွင်းမှာ အနိုင်ရပါတီက အစိုးရတရပ်ဖွဲ့စည်းရမှာဖြစ်ပါတယ်။
DVB

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>