Quantcast
Viewing all articles
Browse latest Browse all 13796

မေကြးတုိင္းလႊတ္ေတာ္ ဥကၠဌ အေဆာင္အေယာင္မ်ား လြဲေျပာင္းေပးျခင္း မရွိေသးဟုဆုိ


မေကြးတုိင္းေဒသႀကီး ဒုတိယအႀကိမ္ ပထမပုံမွန္ လႊတ္ေတာ္အစည္းအေ၀းက်င္းပၿပီး တုိင္းလႊတ္ေတာ္ဥကၠဌအျဖစ္ လႊတ္ေတာ္တြင္း က်မ္းသစၥာ ႀကိမ္ဆုိခဲ့ၿပီးျဖစ္ေသာ္လည္း လႊတ္ေတာ္ဥကၠဌမ်ား၏ အေဆာင္အေယာင္မ်ားကုိ လြဲေျပာင္းေပးအပ္ခဲ့ျခင္း မရွိေၾကာင္း အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္မွ တာ၀န္ရွိသူတစ္ဦးက ေဖေဖာ္၀ါရီလ၈ရက္ေန႔တြင္ ေစာင့္ၾကည့္ဂ်ာနယ္သုိ႔ ေျပာၾကားသည္။

‘’ကၽြန္ေတာ္တုိ႔က ဂုဏ္ေတြဘာေတြမက္ေမာလုိ႔ မဟုတ္ေပမဲ့ ျပဌာန္းထားၿပီးျဖစ္တဲ့ စည္းမ်ဥ္းစည္းကမ္းေတြအတုိင္း လႊတ္ေတာ္ဥကၠဌေတြရဲ႕ အေဆာင္အေယာင္ေတြကုိ လြဲေျပာင္းေပးသင့္တယ္လုိ႔ ထင္ပါတယ္ ‘’ဟု တုိင္းလႊတ္ေတာ္တက္ေရာက္ေနသူမ်ားက ေျပာဆုိသည္။

ယင္းလႊတ္ေတာ္ဥကၠဌမ်ား၏ အေဆာင္အေယာင္မ်ားမွာ ေနအိမ္၊ကား၊ကုိယ္ေရးအရာရွိႏွင့္ ေနအိမ္၀န္ထမ္းတစ္ဦးတုိ႔ျဖစ္သည္ဟု NLDအမတ္တစ္ဦးက ေျပာသည္။ ေလာေလာဆယ္တြင္ မေကြးတုိင္းေဒသႀကီး လႊတ္ေတာ္ဥကၠဌအျဖစ္ စလင္းၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္၁မွ ဦးတာႏွင့္ ဒုတိယဥကၠဌအျဖစ္ ၿမိဳ႕သစ္ၿမိဳ႕နယ္ အမွတ္၂မဲဆႏၵနယ္မွ ဦးေဇာ္မ်ဳိး၀င္းတို႔ကို ေရြးခ်ယ္ခဲ့ေၾကာင္း သိရသည္။

ထုိ႔ျပင္ လႊတ္ေတာ္ကုိယ္စားလွယ္မ်ားႏွင့္ သတင္းမီဒီယာသမားမ်ားကုိ စီစစ္မႈမ်ားျပဳလုပ္ခဲ့သလုိ လုံၿခံဳေရးမ်ားစြာလည္း ခ်ထားခဲ့သည္။ ယခုမေကြးတုိင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀းကုိ ေခတၱရပ္နားလုိက္ၿပီး လာမည့္ေဖေဖာ္၀ါရီလ ၁၇ရက္ေန႔တြင္ ျပန္လည္က်င္းပမည္ျဖစ္ေၾကာင္းလည္း သိရသည္။

ေစာေက်ာ္၀င္း
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
..............


မကွေးတိုင်းဒေသကြီး ဒုတိယအကြိမ် ပထမပုံမှန် လွှတ်တော်အစည်းအဝေးကျင်းပပြီး တိုင်းလွှတ်တော်ဥက္ကဌအဖြစ် လွှတ်တော်တွင်း ကျမ်းသစ္စာ ကြိမ်ဆိုခဲ့ပြီးဖြစ်သော်လည်း လွှတ်တော်ဥက္ကဌများ၏ အဆောင်အယောင်များကို လွဲပြောင်းပေးအပ်ခဲ့ခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ၈ရက်နေ့တွင် စောင့်ကြည့်ဂျာနယ်သို့ ပြောကြားသည်။

‘’ကျွန်တော်တို့က ဂုဏ်တွေဘာတွေမက်မောလို့ မဟုတ်ပေမဲ့ ပြဌာန်းထားပြီးဖြစ်တဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လွှတ်တော်ဥက္ကဌတွေရဲ့ အဆောင်အယောင်တွေကို လွဲပြောင်းပေးသင့်တယ်လို့ ထင်ပါတယ် ‘’ဟု တိုင်းလွှတ်တော်တက်ရောက်နေသူများက ပြောဆိုသည်။

ယင်းလွှတ်တော်ဥက္ကဌများ၏ အဆောင်အယောင်များမှာ နေအိမ်၊ကား၊ကိုယ်ရေးအရာရှိနှင့် နေအိမ်ဝန်ထမ်းတစ်ဦးတို့ဖြစ်သည်ဟု NLDအမတ်တစ်ဦးက ပြောသည်။ လောလောဆယ်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအဖြစ် စလင်းမြို့နယ် မဲဆန္ဒနယ်အမှတ်၁မှ ဦးတာနှင့် ဒုတိယဥက္ကဌအဖြစ် မြို့သစ်မြို့နယ် အမှတ်၂မဲဆန္ဒနယ်မှ ဦးဇော်မျိုးဝင်းတို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များနှင့် သတင်းမီဒီယာသမားများကို စီစစ်မှုများပြုလုပ်ခဲ့သလို လုံခြုံရေးများစွာလည်း ချထားခဲ့သည်။ ယခုမကွေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို ခေတ္တရပ်နားလိုက်ပြီး လာမည့်ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်းလည်း သိရသည်။

စောကျော်ဝင်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>