Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရွမ္းအမ်ိဳးသားေန႔ပြဲေတာ္ကိုသြားေရာက္ၿပီး ျပန္လာတဲ့ ခရီးသည္တင္ကားတိမ္းေမွာက္၊တစ္ဦးေသဆုံး

$
0
0
ထိုင္းျမန္မာနယ္စပ္ရွိ ရွမ္းျပည္တပ္မေတာ္ေတာင္ပိုင္း ဌာနခ်ဳပ္ လြိဳင္တိုင္းလ်ဲန္းမွာ က်င္းပတဲ့ ရွမ္းအမ်ိဳးသားေန႔ပြဲေတာ္ကိုသြားေရာက္ၿပီး ျပန္လာတဲ့ ခရီးသည္တင္ကားတစ္စီး ေဖေဖာ္၀ါရီ ၈ရက္မနက္က တိမ္းေမွာက္ၿပီး ၁ ဦးေသဆံုးကာ ၄ ဦး ဒဏ္ရာရခဲ့ပါတယ္။
ထိုင္းႏိုင္ငံ ခ်င္းမိုင္ခရိုင္ မယ့္တိုင္ၿမိဳ႕နယ္နဲ႔ ပိုင္းၿမိဳ႕နယ္ၾကား မယ့္ေလာင္းဆိုတဲ့ရြာမွာ တိမ္းေမွာက္ ခဲ့တာျဖစ္ၿပီး ၁၀ ေပေလာက္နက္တဲ့ ေခ်ာက္ထဲထိုးက်သြားေၾကာင္း မ်က္ျမင္ခရီးသည္ တစ္ဦး ျဖစ္တဲ့ စိုင္းဆုက ဒီဗြီဘီကိုေျပာပါတယ္။
“ဒီကေန႔ ကားေတြအမ်ားႀကီး တန္းစီၿပီး ပြဲကျပန္လာၾကတယ္။ က်ေနာ္တို႔ ဆင္းလာေတာ့ ပန္ခမ္းရြာမေရာက္ခင္ ကားေမွာက္ေန တာေတြ႔တယ္ေလ၊ အသက္ ၅၀ ေက်ာ္ အေဒၚႀကီး တေယာက္ ဆံုးသြားတယ္။ ေနာက္ မိန္းကေလး ၄ ေယာက္ေလာက္ဒဏ္ရာရတယ္။ ကားေမာင္းသမားက နည္းနည္းပါးပါးဘဲ ဒဏ္ရာရတယ္။ သူတို႔ကားက လြိဳင္တိုင္းလ်ဲန္းကေန ဆင္းလာၿပီး ဆယ့္ငါးမိနစ္ေက်ာ္ေလာက္ဘဲ ေမာင္းရေသးတာတဲ့၊ ဘရိတ္မွာ ျပႆနာနည္းနည္းရွိၿပီး အဲဒီမွာ ဘရိတ္မအုပ္ႏိုင္လို႔ လမ္းေဘးက ေျမာင္းထဲေမွာက္သြားတာ၊ ကားလည္း ေတာ္ေတာ္ပ်က္စီးသြားတယ္။”
ေသဆံုးသူမွာ အသက္ ၅၂ ႏွစ္ရြယ္ရွိ ေဒၚနန္းနြန္းဆိုသူျဖစ္ၿပီး က်ိဳင္းတံုၿမိဳ႔နယ္ကျဖစ္ကာ မယ္ဆိုင္ဘက္ကေနလွည့္ျပန္ဖို႔ ျပင္စဥ္ ခုလိုမေတာ္တဆျဖစ္ခဲ့ရတာလို႔ ဆိုပါတယ္။ ဒဏ္ရာရ သူေတြကိုေတာ့ ထိုင္းႏိုင္ငံ မယ္ေဟာင္ေဆာင္ခရိုင္ရွိ ပန္မတ္ဖာ့ေဆးရံု လူနာတင္ယာဥ္ ၂ စီးက လာေရာက္ေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။
လိြဳင္တိုင္းလ်ဲန္းမွာ ေဖေဖာ္၀ါရီ ၇ ရက္က က်င္းပတဲ့ ရွမ္းျပည္အမ်ိဳးသားေန႔ပြဲကို ထိုင္းႏိုင္ငံရွိ ေရႊ႔ေျပာင္းအလုပ္သမားေတြလည္း အမ်ားအျပား တက္ေရာက္ၾကၿပီး ေဖေဖာ္၀ါရီလ ၆ ရက္ေန႔ ကလည္း အဲဒီပြဲကိုသြားမယ့္ ကားတစ္စီး တိမ္းေမွာက္ခဲ့ပါတယ္။
ဓာတ္ပံု – Suthep Chuejetton
DVB TV News
............
ထိုင်းမြန်မာနယ်စပ်ရှိ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ ကျင်းပတဲ့ ရှမ်းအမျိုးသားနေ့ပွဲတော်ကိုသွားရောက်ပြီး ပြန်လာတဲ့ ခရီးသည်တင်ကားတစ်စီး ဖေဖော်ဝါရီ ၈ရက်မနက်က တိမ်းမှောက်ပြီး ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ့်တိုင်မြို့နယ်နဲ့ ပိုင်းမြို့နယ်ကြား မယ့်လောင်းဆိုတဲ့ရွာမှာ တိမ်းမှောက် ခဲ့တာဖြစ်ပြီး ၁၀ ပေလောက်နက်တဲ့ ချောက်ထဲထိုးကျသွားကြောင်း မျက်မြင်ခရီးသည် တစ်ဦး ဖြစ်တဲ့ စိုင်းဆုက ဒီဗွီဘီကိုပြောပါတယ်။
“ဒီကနေ့ ကားတွေအများကြီး တန်းစီပြီး ပွဲကပြန်လာကြတယ်။ ကျနော်တို့ ဆင်းလာတော့ ပန်ခမ်းရွာမရောက်ခင် ကားမှောက်နေ တာတွေ့တယ်လေ၊ အသက် ၅၀ ကျော် အဒေါ်ကြီး တယောက် ဆုံးသွားတယ်။ နောက် မိန်းကလေး ၄ ယောက်လောက်ဒဏ်ရာရတယ်။ ကားမောင်းသမားက နည်းနည်းပါးပါးဘဲ ဒဏ်ရာရတယ်။ သူတို့ကားက လွိုင်တိုင်းလျဲန်းကနေ ဆင်းလာပြီး ဆယ့်ငါးမိနစ်ကျော်လောက်ဘဲ မောင်းရသေးတာတဲ့၊ ဘရိတ်မှာ ပြဿနာနည်းနည်းရှိပြီး အဲဒီမှာ ဘရိတ်မအုပ်နိုင်လို့ လမ်းဘေးက မြောင်းထဲမှောက်သွားတာ၊ ကားလည်း တော်တော်ပျက်စီးသွားတယ်။”
သေဆုံးသူမှာ အသက် ၅၂ နှစ်ရွယ်ရှိ ဒေါ်နန်းနွန်းဆိုသူဖြစ်ပြီး ကျိုင်းတုံမြို့နယ်ကဖြစ်ကာ မယ်ဆိုင်ဘက်ကနေလှည့်ပြန်ဖို့ ပြင်စဉ် ခုလိုမတော်တဆဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ ဒဏ်ရာရ သူတွေကိုတော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ရှိ ပန်မတ်ဖာ့ဆေးရုံ လူနာတင်ယာဉ် ၂ စီးက လာရောက်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
လွိုင်တိုင်းလျဲန်းမှာ ဖေဖော်ဝါရီ ရ ရက်က ကျင်းပတဲ့ ရှမ်းပြည်အမျိုးသားနေ့ပွဲကို ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားတွေလည်း အများအပြား တက်ရောက်ကြပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့ ကလည်း အဲဒီပွဲကိုသွားမယ့် ကားတစ်စီး တိမ်းမှောက်ခဲ့ပါတယ်။
ဓာတ်ပုံ – Suthep Chuejetton
DVB TV News



Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>