Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အန်ဂျလီနာဂျိုလီ ရန်ကုန်မြို့တွင် မဲစာရင်းစစ်ခြင်း ပညာပေးအစီအစဉ်၌် ပါဝင်အားပေး

$
0
0

မင်းသမီး အန်ဂျလီနာဂျိုလီ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ))

 မြန်မာနိုင်ငံသို့ လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာကာကွယ် ရေးရှေ့ဆောင်အဖွဲ့ (Prevent-ing Sexual Violence Initiative)(PSVI) ပူးတွဲတည်ထောင်သူနှင့် ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ၏ အထူးကိုယ်စားလှယ်အဖြစ် အလည်အပတ်လာရောက်ခဲ့သည့် ဟောလိဝုဒ်မင်းသမီး အန်ဂျလီနာဂျိုလီသည် ရန်ကုန်တွင် နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပညာပေးအစီအစဉ်၌ သောကြာနေ့က ပါဝင်ပေးခဲ့သည်။


အဆိုပါ ပညာပေးအစီအစဉ်များမှာ နိုင်ငံတကာရွေးကောက်ပွဲ စနစ်များဖောင်ဒေးရှင်း (IFES)၏ထောက်ပံ့မှုဖြင့် အမျိုးသမီးများ ဦးဆောင်မှု လေ့ကျင့်ရေးအစီအ စဉ်တစ်ရပ်အဖြစ် ပြည်တွင်း အင်န်ဂျီအိုအဖွဲ့ ရောင်ခြည်သစ်က ဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်းသည် မဲစာရင်းများကို အွန်လိုင်း

တွင် စစ်ဆေးခြင်းများကို ကြည့်ရှုအား ပေးခဲ့ပြီးနောက် ပါဝင်သူများနှင့်လည်း မဲစာရင်းအမည် စစ်ဆေးခြင်းများမှာ အရေးကြီး ကြောင်း ပြောကြားဆွေးနွေးခဲ့သည်။

‘‘လာမယ့်နိုဝင်ဘာမှာလုပ် မယ့် အထွေထွေရွေးကောက်ပွဲက ဒီနိုင်ငံအတွက် အထူးအရေးကြီး ပါတယ်။ ဒီနေ့မှာတော့ ပထမဆုံး အကြိမ် မဲပေးဖို့ ပြင်ဆင်နေတဲ့ အမျိုးသမီးငယ်တွေကို ကျွန်မတွေ့ရတာပါပဲ။ ဒီလိုအရေးကြီး တဲ့အချိန်မှာ သူတို့ဟာ ကိုယ့်ဘာ သာသင်ကြားပြီး တခြားသူတွေနဲ့ လည်း မဲပေးခြင်းအသိပညာကို မျှဝေနေတာပါ။ ဒီလိုနမူနာအတိုင်း လုပ်ကြဖို့ ကျွန်မတိုက်တွန်းအားပေးပါတယ်။ လူတိုင်းကို၊ အထူး

သဖြင့် လူငယ်တွေ၊ မိန်းကလေးတွေကို မိဘတွေ၊ မိသားစုတွေအတွက်လည်း မဲစာရင်းတွေ စစ် ပေးဖို့ ကျွန်မတိုက်တွန်းပါတယ်။အိမ်ပြန်ပြီး မစစ်နိုင်ဘူးဆိုရင် အွန်လိုင်းမှာ ဘယ်လိုစစ်ရတယ်ဆို တာကိုလည်း ကျွန်မဒီနေ့တော့လေ့လာခဲ့ရပါတယ်’’ ဟု မစ္စဂျိုလီ က အတွေ့ အကြုံကိုရှင်းပြသည်။

ဗြိတိသျှသံအမတ်ကြီးက လည်း ဂျိုလီပါဝင်ခဲ့သည့် She Leads အစီအစဉ်နှင့် ပတ်သက် ၍ ချီးကျူးခဲ့သည်။

‘‘She Leads အစီအစဉ်လို

မျိုး မဲဆန္ဒရှင်ပညာပေးလုပ်ငန်း တွေကို ထောက်ပံ့ပေးနိုင်လို့ ဗြိတိန်အစိုးရအနေနဲ့ ကျေနပ်ရပါ တယ်။ ဒီမိုကရေစီဖြစ်စဉ်တွေမှာ အမျိုးသမီးတွေပါဖို့ လိုပါတယ်။လူတိုင်းကို မဲစာရင်းမှာ ပါ၊ မပါစစ်ဆေးဖို့နဲ့ အသေးစိတ်အချက်တွေ မှန်ကန်မှုစစ်ဆေးဖို့ တိုက်တွန်း လိုပါတယ်။ ဒါမှ သူတို့ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲနေ့မှာ မဲပေးမှာဖြစ်ပါတယ်’’ ဟု သံအမတ်ကြီးက ပြောသည်။

မင်းသမီးဂျိုလီသည် မြန်မာ နိုင်ငံသို့ ဗုဒ္ဓဟူးနေ့တွင် ရောက်လာခဲ့ပြီးနောက် လေးရက်တာခရီးစဉ် အတွင်း အမျိုးသမီးအဖွဲ့များ၊အရပ်ဘက်အဖွဲ့များ ၊ ရွှေ့ပြောင်းဒုက္ခသည်များနှင့် လူငယ်များနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ထုတ် ပြန်ထားခဲ့သည်။

ဂျိုလီသည် မြန်မာတွင် လူ့အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေး၊ မဲဆန္ဒရှင်ပညာရေးနှင့် ရွေးကောက်ပွဲတွင် လူထုပါဝင်ရေး တို့ကို မြှင့်တင်ဆောင်ရွက်နေ သည့် အဖွဲ့ အစည်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...