စင်ကာပူနိုင်ငံ
ပင်နီဆူလာပလာဇာမှာ ဈေးဝယ်သူများ ငွေလွှဲသူများ သတိထားကြပါရန်
ပြီးခဲ့သောလပိုင်းက စင်ကာပူအကြီးဆုံး အီလက်ထရောနစ်ေ၇ှာ့ပင်းမောကြီးဖြစ်သည့် Sim Lim Square တွင် တရုတ်နိုင်ငံသားဖုန်းဆိုင်ပိုင်ရှင်က ဗီယက်နမ်တိုးရစ်တစ်ဦးကို ဖုန်းအားဈေးနှုန်းအဆမတန်တင်ပြီးရောင်းချသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသည် ။အဆိုပါဖြစ်စဉ်ကိုအွန်လိုင်းပေါ်တွင် တင်ခဲ့ရာ ရဲဌာနမှလာရောက်ပြီးဖုန်းဆိုင်ပိုင်ရှင်အား ခေါ်ယူစစ်ဆေးပြီး ဖုန်းဆိုင်အတွင်းရှိစာရွက်စာတမ်းများအား အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့မှ လာရောက်စစ်ဆေးရသည်ထိပင်ဆိုးရွားခဲ့ပါသည် ။
ဖုန်းဆိုင်ပိုင်ရှင်မှာ ဖုန်းအားဈေးကွက်ပေါက်ဈေးထက် အနည်းငယ်လျော့ရောင်းပြီး အက်ပလီကေးရှင်းများသွင်းခြင်း ၊ ဆားဗစ်ပြုလုပ်ခြင်းများအပြီးတွင် စုစုပေါင်းတန်ဖိုးမှာ ဖုန်း၂လုံးစာကျသင့်နေခဲ့သည် ။ထိုအချိန်တွင် ၀ယ်သူမှလည်း စရန်ငွေတစ်ဝက်ပေးပြီးဖြစ်နေပါသည်။ ထို့အတွက်ကျန်ရှိငွေကိုမပေးနိုင်ပါက ဖုန်းကိုမပေးအပ်နိုင်ဟု မောက်မာစွာပြောဆိုသဖြင့် အွန်လိုင်းသို့တင်ခဲ့ခြင်းဖြစ်သည်။
ပင်နီဆူလာပလာဇာရှိဖုန်းဆိုင်များသည်လည်း အာမခံမရှိသောဖုန်းများတင်ရောင်းခြင်း ၊ အခွန်ရှောင်ခြင်း ၊ ဖုန်းအပိုပစ္စည်းများကို ဈေးတင်ရောင်းချခြင်း စသည်တို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားလျှက်ရှိသည် ။
စင်ကာပူရဲတပ်ဖွဲ့မှလည်း တရားမ၀င်ငွေလွှဲလုပ်ငန်းများအပါအ၀င် တရားမ၀င်အလုပ်သမားများအား လုပ်ခလစာ အဆမတန်နှိမ်ပေးပြီးခိုင်းစေခြင်း ၊ ၀င်ငွေခွန် လျော့ပြီးတင်ပြကာ အခွန်ရှောင်ခြင်း ၊ ပြည်ပမှဖုန်းများအား အခွန်မဆောင်ပဲ တင်သွင်းပြီး စင်ကာပူနိုင်ငံအတွင်းပြန်လည်ရောင်းချခြင်း ၊ရက်လွန်အစားအသောက်များအား အသုပ်သုပ် / ဟင်းချက်ရာတွင်ထည့်သွင်းအသုံးပြု ခြင်းတို့ကြောင့် ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး ကွန်ပလိမ်းတက်မှု့များရှိခြင်း စသည် စသည်တို့ကြောင့် စင်ကာပူရဲတပ်ဖွဲ့မှ စောင့်ကြည့်လျှက်ရှိသည် ။
ထိုကာလအတွင်း အာမခံမပါရှိသည့် ဖုန်းများဝယ်ယူလျှင် ပြသနာမရှိသော်လည်း ဈေးကြီးပြီး အာမခံပါသည့်ဖုန်းများ ၀ယ်ယူမိကာ ဆိုင်ရှင်ကိုရဲမှ ခေါ်ယူစစ်ဆေးပြီး ဆိုင်ပိတ်သွားပါက အာမခံဆုံးရှုံးနိုင်ကြောင်း သတိပေးလိုက်ရပါသည် .။
တရားမ၀င်ဟွန်ဒီငွေလွှဲသည့်ကိစ္စနှင့် ပတ်သတ်ပြီး ယခင်လက တတိယထပ်ရှိ မြန်မာဆိုင် ၃ဆိုင်မှ စင်္ကာပူဒေါ်လာ ၂ သိန်းခွဲ သိမ်းဆည်းခံရကာ ဆိုင်ရှင်များအားလည်း ရဲစခန်းသို့ခေါ်ယူစစ်ဆေးနေကြောင်းလည်း သိရသည်(ဆိုင်အမည်များအား ချန်လှပ်ထားပါသည်)ထိုဆိုင်၃ဆိုင်မှာ ဟန်မပျက်ဆက်လက်လုပ်ကိုင်နေကြပြီး မတော်တဆ ထွက်ပြေးပါက ငွေလွှဲသည့်သူများ ဒူးနှင့်မျက်ရည်သုတ်ရနိုင်သဖြင့် သတိပေးပြောကြားလိုပါသည် ။
နောက်ထပ်ဖြစ်ရပ်တစ်ခုမှာ ဆီးဂိမ်းဖိုင်နယ်ပွဲစဉ်တွင် ဒို့မြန်မာကုန်စုံဆိုင်မှ မြန်မာပရိသတ်အဖွဲ့ အမည်ခံကာ လက်မှတ်ဝယ်ယူပြီး လက်မှတ်တစ်စောင်လျှင်စင်ကာပူဒေါ်လာ ၈ကျပ်မှ ၃၀ အထိ ဈေးတင်ပြီး ပြန်လည်ရောင်းချခဲ့ခြင်းကြောင့် သာမန်ဆိုင်များတွင် လက်မှတ်များဝယ်မရဖြစ်ကာ ရဲတိုင်ခံရပြီး စင်ကာပူရဲများလာရောက်စုံစမ်းရသည်ထိပင်ဖြစ်ခဲ့ရသည် ။ ဒို့မြန်မာပိုင်ရှင် စင်ကာပူဖွားတရုတ်မြန်မာကပြားလူမျိုးမှာ အဆိုပါဈေးတင်ရောင်းမှု့ကြောင့် တစ်ရက်ထဲနှင့် စင်ကာပူဒေါ်လာ ၃သောင်းကျော်အမြတ်ထွက်ခဲ့ပြီး နောက်ပိုင်းအွန်လိုင်းမီဒီယာများတွင် သတင်းပျံ့နှံ့လာသဖြင့် မြန်မာလက်ရွေးစင်အသင်းသို့ ဒေါ်လာ၈၀၀၀
ပြန်လည်လှူ ဒါန်းခဲ့သည် ။
အဆိုပါဖြစ်ရပ်များ မှန် / မှားကိုစင်ကာပူတွင် အနေကြာသော မြန်မာများသိပါသည် ၊ နောက်မှရောက်သော မြန်မာများအလိမ်မခံရစေရန် ကွန်မန့်များတွင် ဆွေးနွေးပေးကြပါရန် . . .
ပေးပို့သူ
ချစ်ရင်ပြုံး
Singapore လမ်းညွှန်