Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796
လားရှိုးမှာ ပေါက်ကွဲမှုဖြစ်ပွား
$
0
0
အခုမိုင်းပေါက်ကွဲမှုဟာ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် လမ်းမီးတိုင်တချို့ပျက်စီးခဲ့ပြီး ကွမ်လုံမြို့ မှာ လျှပ်စစ်မီးတွေ ယာယီပျက်တောက်ခဲ့တယ်လို့လည်း သိရပါတယ်။
BBC Burmese
...............
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက် ၁၂ မိုင် ဟုန်ပိတ်ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မိုင်းတစ်လုံးပေါက်ကွဲခဲ့တဲ့နေရာကို တွေ့ရစဉ်။ Photo:Nay Myo
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အထွက် ၁၂ မိုင် ဟုန်ပိတ်ကျေးရွာအနီးမှာ မနေ ့ည ၁ဝ နာရီ အချိန်လောက်က မိုင်းတစ်လုံးပေါက်ကွဲခဲ့တာကြောင့် ခရီးသည်နဲ့ ယာဉ်မောင်းအပါအဝင် သုံးဦးဒဏ်ရာရခဲ့ပါတယ်။
ဆွဲမိုင်းလို ့ယူဆရတဲ့ မိုင်းတစ်လုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ခရီးသည်တင်ယာဉ်နှစ်စီးနဲ ့၁၂ ဘီး ကုန်တင် ယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကာ လူသုံးဦးတို့ ဒဏ်ရာရခဲ့တယ်လို့ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့က ရဲမှူး တင်ဖေဝင်းက ပြောပါတယ်။
"ခရီးသည် ၃ ဦး ဒဏ်ရာရတယ်၊ စပါယ်ယာ ၁ ဦး၊ ယာဉ်မောင်း ၁ ဦး၊ ခရီးသည် ၁ ဦး၊ ၃ ဦး ဒဏ်ရာရတယ်၊ ကား ၃ စီး ပျက်စီးတယ်၊ ၃ စီးမှာ ၂ စီးတော့ ပြန်ပြုပြင်မောင်းလို့ရတယ်၊ ၁ စီးကတော့ လေအိုးကွဲ သွားတော့ လေအိုးလဲပြီးမှ ရွေ့လို့ရမယ်၊ မိုင်းကွဲတာက ည ၁ဝ နာရီကျော်မှဖြစ်တာပါ"
ဒဏ်ရာရသူသုံးဦးထဲက မိုင်းစထိမှန်သူနှစ်ဦးကိုတော့ လားရှိုးမြို့ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ပြော ပါတယ်။
အခုမိုင်းပေါက်ကွဲမှုဟာ ဘယ််အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာကိုတော့ မသိရှိရသေးဘူးလို့ ပြောပါတယ်။
အလားတူပဲ ဒီနေ့ မနက်ပိုင်း ၅ နာရီအချိန်လောက်ကလည်း ကွမ်လုံနဲ ့ချင်းရွှေဟော် သွားရာလမ်းပိုင်းမှာလည်း မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူထိခိုက််ဒဏ်ရာရတာမရှိပေမယ့် လမ်းမီးတိုင်တချိုု့ပျက်စီးခဲ့ပြီး ကွမ်လုံမြို ့မှာ လျှပ်စစ်မီးတွေ ယာယီပျက်တောက်ခဲ့တယ်လို့လည်း သိရပါတယ်။
BBC Burmese
http://www.rfa.org/burmese
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>