Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တိုက္ပြဲေတြ ရပ္သြားေပမဲ့ စစ္ေရးတင္းမာေနဆဲ

$
0
0

RCSS/SSA တပ္ဖြဲ႕၀င္မ်ား။ (Photo -RCSS - SSA News & Information Department) 
ရွမ္းေတာင္ပိုင္းတပ္နဲ႔ တေအာင္းပေလာင္ တပ္တို႔ၾကား စစ္ေရး ပဋိပကၡေတြ ျပင္းထန္ေနတဲ့ ရွမ္းေျမာက္ပိုင္းဘက္မွာ အခုရက္ပိုင္း ႏွစ္ဘက္ရင္ဆိုင္တိုက္ပြဲေတြ ေခတၱရပ္တန္႔သြားေပမဲ့လို႔ စစ္ေရး တင္းမာေနဆဲျဖစ္ပါတယ္။ ထိပ္တုိက္ျဖစ္ေနတဲ့ စစ္ေရးျပႆနာေတြကို ေျပလည္ေအာင္ တုိင္းရင္းသားပါတီေတြနဲ႔ တုိင္းရင္းသားလက္နက္ကိုင္ေတြစုဖြဲ႔ထားတဲ့ UNFC ဘက္က ဝင္ေရာက္ ညိႇႏိႈင္းေျဖရွင္းေပး ေနၾကပါတယ္။ ေဒသတြင္းမတည္ၿငိမ္တဲ့ အေနအထားေၾကာင့္ ေထာင္ခ်ီတဲ့ ရွမ္းစစ္ေျပး ဒုကၡသည္ေတြ ေနရပ္ရင္းမျပန္ရဲေသးတဲ့ အေနအထားျဖစ္ေနဆဲပါ။ အေျခအေန အေသးစိတ္ မဆုမြန္ ဆက္ေျပာျပပါမယ္။

အစိုးရနဲ႔ အပစ္ရပ္လက္မွတ္ထိုးထားတဲ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရး ေကာင္စီ RCSS/SSA ရွမ္းေတာင္ပိုင္းတပ္နဲ႔ ပေလာင္ လြတ္ေျမာက္ေရးတပ္ဦး PSLF လက္ေအာက္ခံ တေအာင္း အမ်ိဳးသားလြတ္ေျမာက္ေရးတပ္ TNLA တို႔အၾကား တိုက္ပြဲေတြက ၿပီးခဲ႔တဲ႔ႏွစ္ ၂၀၁၅ ခုႏွစ္ ႏို၀င္ဘာလကုန္ပိုင္းကတည္းက စခဲ့တာပါ။ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာေတာ့ ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္၊ နမ့္ခမ္း ၿမိဳ႕နယ္နဲ႔ နမ့္ဆန္၊ မိုင္တံု၊ ကြတ္ခုိင္ စတဲ့ ေဒသေတြမွာ ႏွစ္ဘက္တပ္တို႔အၾကား တုိက္ပြဲေတြက အေတာ္ေလးကို ျပင္းျပင္းထန္ထန္ျဖစ္ ပြားလာလို႔ ေထာင္ခ်ီတဲ့ ရွမ္း၊ ပေလာင္ေဒသခံျပည္သူေတြ စစ္ေဘးလြတ္ရာေတြဆီ ထြက္ေျပးခဲ့ရပါတယ္။

 စစ္ေရးက အေတာ္ေလးကို တင္းမာလာတဲ့အေနအထားျဖစ္လို႔ လႊတ္ေတာ္သစ္ စခ်ိန္မွာပဲ ျပည္သူ႔လႊတ္ေတာ္မွာ ၿပီးခဲ့တဲ့အဂၤါေန႔က ရွမ္းျပည္နယ္က တုိက္ပြဲေတြနဲ႔ ပတ္သက္လို႔ အေရးတႀကီးအဆုိ တင္သြင္းေဆြးေႏြးခဲ့ၾကသလို ဗုဒဟူးေန႔မွာ တိုက္ပြဲေတြရပ္ဆုိင္းေပးဖို႔အဆိုကို အတည္ျပဳလုိက္ပါတယ္။ က်ားေခါင္း က်ားျဖဴလို ရွမ္းပါတီႀကီးေတြနဲ႔ တိုင္းရင္းသားႏုိင္ငံေရးပါတီေတြ ဘက္ကလည္း ဒီစစ္ေရးကို ေျပလည္ေအာင္ေျဖရွင္းၾကဖို႔ ေၾကညာခ်က္ေတြ ထုတ္ျပန္ၿပီး တုိက္တြန္းခဲ့ၾကပါတယ္။

ထိုင္းႏုိင္ငံ ခ်င္းမုိင္ၿမိဳ႕မွာေတာ့ တုိင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြ စုဖြဲ႔ထားထဲ့ ညီညြတ္ေသာ တုိင္းရင္းသားလူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီ UNFC ကလည္း အေရးေပၚ အစည္းအေဝး ေခၚယူၿပီး တိုင္းရင္းသား လက္နက္ကိုင္တပ္ဖြဲ႔အခ်င္းခ်င္း တုိက္ပြဲေတြျဖစ္ေနတဲ့အေရးကို ေျပလည္ေအာင္ ဘယ္လိုေျဖရွင္းၾကမလဲဆိုတာကို အဓိကထား ေဆြးေႏြးေနၾကပါတယ္။ ဒီကေန႔မွာေတာ့ RCSS နဲ႔ TNLA တိုု႔ အၾကား ျပႆႆနာ ေတြကို ေျပလည္ေအာင္ ေတြ႕ဆံုုေဆြးေႏြး ညႇိႏိႈင္းေရးUNFC ဒုုဥကၠ႒ ဦးႏိုုင္ဟံသာ နဲ႔ KIA က ဗုုိလ္ခ်ဴပ္ ဂြမ္ေမာ္ ပါ ပါဝင္တဲ့ အဖြဲ႔ဝင္ ၅ ဦး ပါတဲ့ ေကာ္မတီ တရပ္ကိုလည္း ဒီကေန႔ ဖြဲ႔စည္းခဲ့ပါတယ္။

အခုလို စစ္ေရးျပႆနာကို ေျပလည္ေအာင္ေျဖရွင္းႏုိင္ဖို႔ လႊတ္ေတာ္ အပါအဝင္ ဘက္ေပါင္းစံုက ဝိုင္းဝန္းႀကိဳးပမ္းေနၾကခ်ိန္မွာပဲ အခုရက္ပိုင္းမွာေတာ့ တိုက္ပြဲေတြက ေခတၱရပ္တန္႔သြားခဲ့ပါတယ္။ အခုလက္ရွိ ႏွစ္ဘက္တပ္ၾကား စစ္ေရးအေျခအေနကို TNLA ေျပာခြင့္ရ မုိင္အိုက္ေက်ာက္ကေျပာပါတယ္။

” ႏွစ္ဖက္တိုက္ပြဲကေတာ့ ဒီေန႕ သတင္းၾကားတာေတာ့ မရွိဘူး။ ဒီတစ္ရက္ ႏွစ္ရက္ အတြင္းကေတာ့ နည္းနည္းေတာ့ ၿငိမ္တယ္။ တစ္ဖက္နဲ႕ တစ္ဖက္ လက္နက္ႀကီးေတြနဲ႕ လွမ္းပစ္တာေလာက္ပဲ ရွိတယ္။ ဒီႏွစ္ဖက္တပ္ကေတာ့ မူလရွိတဲ့အတိုင္းပဲ ေစာင့္ဆိုင္းေနတဲ့ အေနအထားပဲ ရွိတယ္။ စစ္ေရးအေျခအေနကေတာ့ တင္းမာတဲ့ အေနအထားပဲရွိေသးတယ္။”

တိုက္ပြဲေတြ ရပ္သြားေပမဲ့လို႔ အခုလက္ရွိအေျခအေန မွာေတာ့ ႏွစ္ဘက္တပ္တို႔အၾကား စစ္ေရးတင္းမာေနဆဲ အေျခအေန ျဖစ္လို႔ ႏွစ္ဘက္တပ္ေခါင္းေဆာင္ေတြ ေတ့ေတ့ဆိုင္ဆုိင္ ေတြ႔ဆံုၿပီး ေျပလည္ လည္ေအာင္ ညိႇႏိႈင္းေဆြးေႏြးၾကပါလုိ႔ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ အေထြေထြအတြင္းေရးမွဴး ဦးစိုင္းညြန္႔လြင္က တုိက္တြန္းလုိက္ပါတယ္။

“ဒီကိစၥကို အေတာ္ေလး အေစာၾကီးပိုင္းကတည္းက စဥ္းစားပါတယ္။ စဥ္းစားၿပီး ကၽြန္ေတာ္တို႕ လုပ္ႏိုင္တာကေတာ့ ပဋိပကၡမွာ ပါ၀င္ေနတဲ့ အဖြဲ႕အစည္းႏွစ္ခုေပါ့ေနာ္။ ေတြ႕ဆံုႏိုင္ဖို႕က ကၽြန္ေတာ္တို႕အတြက္ အမ်ားဆံုး စြမ္းေဆာင္ႏိုင္တဲ့ အေျခအေနပဲျဖစ္တယ္။ ႏွစ္ဖက္ေတြ႕ဆံု ေဆြးေႏြးတာပဲ အေကာင္းဆံုးပဲ။ ၾကာလူေတြလဲ ထားရင္ထားေပါ့ေလ။ ဘာျဖစ္လို႕လဲ ဆိုေတာ့ ဒီကိစၥက ကၽြန္ေတာ္တို႕ ၀င္ေဆာင္ရြက္လို႕ မရဘူးေလ။ မရဘူး ဆိုတာက ေျမျပင္အေျခအေနကို ကၽြန္ေတာ္တို႕က မသိဘူး။ ကာယကံရွင္ အဖြဲ႕ေတြပဲ သိပါတယ္။ ဒါေၾကာင့္ သူတို႕ ကိုယ္တိုင္ ေဆြးေႏြးတာ အေကာင္းဆံုးပဲလုိ႕ ထင္တယ္။”

အခုလို ရွမ္းေတာင္ပိုင္းတပ္နဲ႔ တေအာင္းတပ္တို႔ၾကား ျဖစ္ပြားေနတဲ့ လက္နက္ကိုင္ပဋိပကၡနဲ႔ အျပစ္မဲ့ျပည္သူေတြပါ။ စစ္ေဘးဒဏ္ သင့္ေနရတဲ့ အေပၚ ႏုိင္ငံေရးအရ ႏွစ္ဘက္ေတြ႔ဆံုၿပီး ညိႇနိႈင္းအေျဖရွာဖို႔ ကိုလည္း ဒုကၡသည္ေတြကို ကိုယ္တိုင္သြား ကူညီေစာင့္ေရွာက္ေပးေနတဲ့ ရွမ္းလူငယ္ ကြန္ရက္ဘက္ကလည္း ေမတၱာရပ္ခံထားပါတယ္။ တုိက္ပြဲေတြေၾကာင့္ အသက္ေဘးကလြတ္ေအာင္ ေထာင္ခ်ီၿပီး ထြက္ေျပးေနရတဲ့ ရွမ္းစစ္ေျပး ဒုကၡသည္ေတြ ေနရပ္ရင္း လံုျခံဳစိတ္ခ်စြာ အိမ္ျပန္ႏုိင္ေရးနဲ႔ ရွမ္းျပည္နယ္တြင္းမွာ တုိင္းရင္းသား အခ်င္းခ်င္း လူမ်ိဳးေရးအသြင္ေဆာင္ ပဋိပကၡေတြျဖစ္လာမွာကို မလိုလားဘူးလို႔ ရွမ္းလူငယ္ ကြန္ရက္က စိုင္းေနာ္စိုင္းကလည္း ေျပာပါတယ္။

”ကၽြန္ေတာ္တို႕ မျဖစ္ေစခ်င္တဲ့ အရာက လူမ်ိဳးေရး ပဋိပကၡလိုမ်ိဳး မျဖစ္ေစ ခ်င္ဘူး။ ျဖစ္သြားမွာလည္း ကၽြန္ေတာ္တုိ႕ အရမ္းစိုးရိမ္တယ္။ ခုက လက္နက္ကိုင္ ပဋိပကၡျဖစ္တဲ့ ကိစၥမွာ လူမႈကြန္ယက္ေတြကအစ၊ သတင္းမီဒီယာေတြကအစ လူမ်ိဳးေရး ဆန္ဆန္ ပံုစံမ်ိဳး ထြက္လာေတာ့ ကၽြန္ေတာ္တို႕လဲ အရမ္းစိုးရိမ္တယ္။ ရွမ္းလူငယ္ ကြန္ယက္အေနနဲ႕ကေတာ့ လူမ်ိဳးေရး ပဋိပကၡ ဆန္ဆန္ မျဖစ္ေစခ်င္ဘူး။ အားလံုး ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ ျဖစ္ေစခ်င္တယ္ေပါ့။”

အခု လတ္တေလာမွာေတာ့ ေထာင္ခ်ီထြက္ေျပးလာေနတဲ့ စစ္ေရွာင္ ဒုကၡသည္ေတြအတြက္ ရွမ္းျပည္နယ္ ေက်ာက္မဲၿမိဳ႕ေပၚက ဘုန္းႀကီးေက်ာင္းေတြမွာ စစ္ေဘးေရွာင္ဒုကၡသည္စခန္းေတြဖြင့္လွစ္ထားၿပီး ရွမ္းႏုိင္ငံေရးပါတီေတြ၊ ရွမ္းလူမႈ ကူညီေရး အဖြဲ႔အစည္းေတြနဲ႔ ေဒသခံရပ္မိရပ္ဖေတြက ဝိုင္းဝန္း ကူညီေစာင့္ေရွာက္ ေပးေနၾကပါတယ္။ ျမန္မာစစ္တပ္နဲ႔ တုိင္းရင္းသား လက္နက္ကိုင္တပ္ေတြအၾကား စစ္ေဘးဒဏ္ ကို ႏွစ္ခ်ီခါးစီးခံခဲ့ၾကရၿပီး ေဒသခံျပည္သူေတြမွာ အခုလည္း ထပ္ၿပီး တုိင္းရင္းသား လက္နက္ကိုင္အခ်င္းခ်င္းတုိက္ပြဲေတြပါ ထပ္ျဖစ္ေတာ့ ေဒသခံျပည္သူေတြမွာ စစ္ေဘးဒဏ္ေၾကာင့္ စိတ္ပိုင္းဆုိင္ရာ ရုပ္ပိုင္းဆုိင္ရာ ထိခိုက္မႈေတြ သိပ္ ႀကီးမားေနၿပီျဖစ္လို႔ ေဒသတြင္းတည္ၿငိမ္ေရး ေျပလည္ေအာင္ ညိႇႏိႈင္းၾကပါလို႔ လည္း ရွမ္းျပည္သူေတြနဲ႔ ေဒသခံရွမ္းလူငယ္ေတြက ေတာင္းဆိုေနၾကပါတယ္။

မဆုမြန္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..........

RCSS/SSA တပ်ဖွဲ့ဝင်များ။ (Photo -RCSS - SSA News & Information Department) 
ရှမ်းတောင်ပိုင်းတပ်နဲ့ တအောင်းပလောင် တပ်တို့ကြား စစ်ရေး ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ရှမ်းမြောက်ပိုင်းဘက်မှာ အခုရက်ပိုင်း နှစ်ဘက်ရင်ဆိုင်တိုက်ပွဲတွေ ခေတ္တရပ်တန့်သွားပေမဲ့လို့ စစ်ရေး တင်းမာနေဆဲဖြစ်ပါတယ်။ ထိပ်တိုက်ဖြစ်နေတဲ့ စစ်ရေးပြဿနာတွေကို ပြေလည်အောင် တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေစုဖွဲ့ထားတဲ့ UNFC ဘက်က ဝင်ရောက် ညှိနှိုင်းဖြေရှင်းပေး နေကြပါတယ်။ ဒေသတွင်းမတည်ငြိမ်တဲ့ အနေအထားကြောင့် ထောင်ချီတဲ့ ရှမ်းစစ်ပြေး ဒုက္ခသည်တွေ နေရပ်ရင်းမပြန်ရဲသေးတဲ့ အနေအထားဖြစ်နေဆဲပါ။ အခြေအနေ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA ရှမ်းတောင်ပိုင်းတပ်နဲ့ ပလောင် လွတ်မြောက်ရေးတပ်ဦး PSLF လက်အောက်ခံ တအောင်း အမျိုးသားလွတ်မြောက်ရေးတပ် TNLA တို့အကြား တိုက်ပွဲတွေက ပြီးခဲ့တဲ့နှစ် ၂၀၁၅ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းကတည်းက စခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၊ နမ့်ခမ်း မြို့နယ်နဲ့ နမ့်ဆန်၊ မိုင်တုံ၊ ကွတ်ခိုင် စတဲ့ ဒေသတွေမှာ နှစ်ဘက်တပ်တို့အကြား တိုက်ပွဲတွေက အတော်လေးကို ပြင်းပြင်းထန်ထန်ဖြစ် ပွားလာလို့ ထောင်ချီတဲ့ ရှမ်း၊ ပလောင်ဒေသခံပြည်သူတွေ စစ်ဘေးလွတ်ရာတွေဆီ ထွက်ပြေးခဲ့ရပါတယ်။

 စစ်ရေးက အတော်လေးကို တင်းမာလာတဲ့အနေအထားဖြစ်လို့ လွှတ်တော်သစ် စချိန်မှာပဲ ပြည်သူ့လွှတ်တော်မှာ ပြီးခဲ့တဲ့အင်္ဂါနေ့က ရှမ်းပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်လို့ အရေးတကြီးအဆို တင်သွင်းဆွေးနွေးခဲ့ကြသလို ဗုဒဟူးနေ့မှာ တိုက်ပွဲတွေရပ်ဆိုင်းပေးဖို့အဆိုကို အတည်ပြုလိုက်ပါတယ်။ ကျားခေါင်း ကျားဖြူလို ရှမ်းပါတီကြီးတွေနဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ဘက်ကလည်း ဒီစစ်ရေးကို ပြေလည်အောင်ဖြေရှင်းကြဖို့ ကြေညာချက်တွေ ထုတ်ပြန်ပြီး တိုက်တွန်းခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားထဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကလည်း အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း တိုက်ပွဲတွေဖြစ်နေတဲ့အရေးကို ပြေလည်အောင် ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို အဓိကထား ဆွေးနွေးနေကြပါတယ်။ ဒီကနေ့မှာတော့ RCSS နဲ့ TNLA တိုု့ အကြား ပြဿဿနာ တွေကို ပြေလည်အောင် တွေ့ဆုုံဆွေးနွေး ညှိနှိုင်းရေးUNFC ဒုုဥက္ကဋ္ဌ ဦးနိုုင်ဟံသာ နဲ့ KIA က ဗုုိလ်ချူပ် ဂွမ်မော် ပါ ပါဝင်တဲ့ အဖွဲ့ဝင် ၅ ဦး ပါတဲ့ ကော်မတီ တရပ်ကိုလည်း ဒီကနေ့ ဖွဲ့စည်းခဲ့ပါတယ်။

အခုလို စစ်ရေးပြဿနာကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ လွှတ်တော် အပါအဝင် ဘက်ပေါင်းစုံက ဝိုင်းဝန်းကြိုးပမ်းနေကြချိန်မှာပဲ အခုရက်ပိုင်းမှာတော့ တိုက်ပွဲတွေက ခေတ္တရပ်တန့်သွားခဲ့ပါတယ်။ အခုလက်ရှိ နှစ်ဘက်တပ်ကြား စစ်ရေးအခြေအနေကို TNLA ပြောခွင့်ရ မိုင်အိုက်ကျောက်ကပြောပါတယ်။

” နှစ်ဖက်တိုက်ပွဲကတော့ ဒီနေ့ သတင်းကြားတာတော့ မရှိဘူး။ ဒီတစ်ရက် နှစ်ရက် အတွင်းကတော့ နည်းနည်းတော့ ငြိမ်တယ်။ တစ်ဖက်နဲ့ တစ်ဖက် လက်နက်ကြီးတွေနဲ့ လှမ်းပစ်တာလောက်ပဲ ရှိတယ်။ ဒီနှစ်ဖက်တပ်ကတော့ မူလရှိတဲ့အတိုင်းပဲ စောင့်ဆိုင်းနေတဲ့ အနေအထားပဲ ရှိတယ်။ စစ်ရေးအခြေအနေကတော့ တင်းမာတဲ့ အနေအထားပဲရှိသေးတယ်။”

တိုက်ပွဲတွေ ရပ်သွားပေမဲ့လို့ အခုလက်ရှိအခြေအနေ မှာတော့ နှစ်ဘက်တပ်တို့အကြား စစ်ရေးတင်းမာနေဆဲ အခြေအနေ ဖြစ်လို့ နှစ်ဘက်တပ်ခေါင်းဆောင်တွေ တေ့တေ့ဆိုင်ဆိုင် တွေ့ဆုံပြီး ပြေလည် လည်အောင် ညှိနှိုင်းဆွေးနွေးကြပါလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က တိုက်တွန်းလိုက်ပါတယ်။

“ဒီကိစ္စကို အတော်လေး အစောကြီးပိုင်းကတည်းက စဉ်းစားပါတယ်။ စဉ်းစားပြီး ကျွန်တော်တို့ လုပ်နိုင်တာကတော့ ပဋိပက္ခမှာ ပါ၀င်နေတဲ့ အဖွဲ့အစည်းနှစ်ခုပေါ့နော်။ တွေ့ဆုံနိုင်ဖို့က ကျွန်တော်တို့အတွက် အများဆုံး စွမ်းဆောင်နိုင်တဲ့ အခြေအနေပဲဖြစ်တယ်။ နှစ်ဖက်တွေ့ဆုံ ဆွေးနွေးတာပဲ အကောင်းဆုံးပဲ။ ကြာလူတွေလဲ ထားရင်ထားပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီကိစ္စက ကျွန်တော်တို့ ၀င်ဆောင်ရွက်လို့ မရဘူးလေ။ မရဘူး ဆိုတာက မြေပြင်အခြေအနေကို ကျွန်တော်တို့က မသိဘူး။ ကာယကံရှင် အဖွဲ့တွေပဲ သိပါတယ်။ ဒါကြောင့် သူတို့ ကိုယ်တိုင် ဆွေးနွေးတာ အကောင်းဆုံးပဲလို့ ထင်တယ်။”

အခုလို ရှမ်းတောင်ပိုင်းတပ်နဲ့ တအောင်းတပ်တို့ကြား ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခနဲ့ အပြစ်မဲ့ပြည်သူတွေပါ။ စစ်ဘေးဒဏ် သင့်နေရတဲ့ အပေါ် နိုင်ငံရေးအရ နှစ်ဘက်တွေ့ဆုံပြီး ညှိနှိုင်းအဖြေရှာဖို့ ကိုလည်း ဒုက္ခသည်တွေကို ကိုယ်တိုင်သွား ကူညီစောင့်ရှောက်ပေးနေတဲ့ ရှမ်းလူငယ် ကွန်ရက်ဘက်ကလည်း မေတ္တာရပ်ခံထားပါတယ်။ တိုက်ပွဲတွေကြောင့် အသက်ဘေးကလွတ်အောင် ထောင်ချီပြီး ထွက်ပြေးနေရတဲ့ ရှမ်းစစ်ပြေး ဒုက္ခသည်တွေ နေရပ်ရင်း လုံခြံုစိတ်ချစွာ အိမ်ပြန်နိုင်ရေးနဲ့ ရှမ်းပြည်နယ်တွင်းမှာ တိုင်းရင်းသား အချင်းချင်း လူမျိုးရေးအသွင်ဆောင် ပဋိပက္ခတွေဖြစ်လာမှာကို မလိုလားဘူးလို့ ရှမ်းလူငယ် ကွန်ရက်က စိုင်းနော်စိုင်းကလည်း ပြောပါတယ်။

”ကျွန်တော်တို့ မဖြစ်စေချင်တဲ့ အရာက လူမျိုးရေး ပဋိပက္ခလိုမျိုး မဖြစ်စေ ချင်ဘူး။ ဖြစ်သွားမှာလည်း ကျွန်တော်တို့ အရမ်းစိုးရိမ်တယ်။ ခုက လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ ကိစ္စမှာ လူမှုကွန်ယက်တွေကအစ၊ သတင်းမီဒီယာတွေကအစ လူမျိုးရေး ဆန်ဆန် ပုံစံမျိုး ထွက်လာတော့ ကျွန်တော်တို့လဲ အရမ်းစိုးရိမ်တယ်။ ရှမ်းလူငယ် ကွန်ယက်အနေနဲ့ကတော့ လူမျိုးရေး ပဋိပက္ခ ဆန်ဆန် မဖြစ်စေချင်ဘူး။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တယ်ပေါ့။”

အခု လတ်တလောမှာတော့ ထောင်ချီထွက်ပြေးလာနေတဲ့ စစ်ရှောင် ဒုက္ခသည်တွေအတွက် ရှမ်းပြည်နယ် ကျောက်မဲမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေဖွင့်လှစ်ထားပြီး ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းလူမှု ကူညီရေး အဖွဲ့အစည်းတွေနဲ့ ဒေသခံရပ်မိရပ်ဖတွေက ဝိုင်းဝန်း ကူညီစောင့်ရှောက် ပေးနေကြပါတယ်။ မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေအကြား စစ်ဘေးဒဏ် ကို နှစ်ချီခါးစီးခံခဲ့ကြရပြီး ဒေသခံပြည်သူတွေမှာ အခုလည်း ထပ်ပြီး တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်းတိုက်ပွဲတွေပါ ထပ်ဖြစ်တော့ ဒေသခံပြည်သူတွေမှာ စစ်ဘေးဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ သိပ် ကြီးမားနေပြီဖြစ်လို့ ဒေသတွင်းတည်ငြိမ်ရေး ပြေလည်အောင် ညှိနှိုင်းကြပါလို့ လည်း ရှမ်းပြည်သူတွေနဲ့ ဒေသခံရှမ်းလူငယ်တွေက တောင်းဆိုနေကြပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>