ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕က ရခိုင္အမ်ဳိးသားပါတီ ANP ဌာနခ်ဳပ္ကို ေတြ႕ရစဥ္။ Photo: Min Thein Aung/RFA |
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က စစ္ေတြၿမိဳ႕မွာ က်င္းပခဲ့တဲ့ ရခိုင္အမ်ိဳးသားပါတီ ဗဟိုအလုပ္မႈေဆာင္ အစည္း အေဝးရဲ႕ ဆံုးျဖတ္ခ်က္ဟာ တဖက္သတ္ဆံုးျဖတ္ခဲ့တာျဖစ္လို႔ အခုလို စီစဥ္တာျဖစ္တယ္လို႔ ရခိုင္အမ်ိဳးသားပါတီရဲ႕ ဗဟိုအလုပ္အမႈေဆာင္ ေကာ္မတီဝင္ ဦးမ်ိဳးေက်ာ္က ေျပာပါတယ္။
"က်ေနာ္တို႔ တဖက္သတ္ျဖတ္ေတာက္လိုက္တယ္၊ ဒီဟာကေတာ့ က်ေနာ္တို႔အေနနဲ႔လည္း လက္ခံႏိုင္ဖြယ္ မရွိပါဘူး၊ ဒီေတာ့ ဒီကိစၥေတြကိုက က်ေနာ္တို႔ပါတီထဲမွာ ပါတီေခါင္းဆာင္ေတြရဲ႕စာရင္း က်ေနာ္တို႔ ထားၿပီးေတာ့လည္း က်ေနာ္တို႔မွာ က်ယ္က်ယ္ျပန္႔ျပန္႔ ေဆြးေႏြးရမယ့္ ကိစၥေတြလည္းရွိတယ္၊ ရခိုင္လူမႈအဖြဲ႔အစည္းေတြနဲ႔ က်ေနာ္တို႔သြားမယ္ ၿပီးေတာ့လည္း က်ေနာ္တို႔ပါတီျပင္ပျဖစ္တဲ့ အဲ့ဒီ UNA အပါအဝင္ တျခားမဟာမိတ္ေတြနဲ႔ က်ေနာ္တို႔ လက္တြဲသြားဖို႔ရွိပါတယ္"
အ့ဲဒီ ေဖေဖာ္ဝါရီလ ၆ ရက္ေန႔က ANP ပါတီ ဗဟိုအလုပ္မႈေဆာင္ အစည္းအေဝးကေန UNA နဲ႔ မဟာမိတ္ျဖတ္ေတာက္ၿပီး ညီေနာင္တိုင္းရင္းသားမ်ား ဖက္ဒေရးရွင္း NBF နဲ႔သာ မဟာမိတ္အျဖစ္ လက္တြဲသြား မယ္လို႔ ထုတ္ျပန္ေၾကညာခဲ့တာ ျဖစ္ပါတယ္။
ရခိုင္အမ်ိဳးသားပါတီ ANP ဟာ ရခိုင္ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ALD နဲ႔ ရခိုင္တိုင္းရင္းသားမ်ား တိုးတက္ေရး ပါတီ RNDP တို႔ ေပါင္းစပ္ထားတာျဖစ္ပါတယ္။
ယခင္ ALD ပါတီဟာ ညီညြတ္ေသာတိုင္းရင္းသားလူမ်ိဳး မ်ားမဟာမိတ္အဖြဲ႔ UNA ရဲ႕ အဖြဲ႔ဝင္ျဖစ္ၿပီး RNDP ကေတာ့ ညီေနာင္တိုင္းရင္းသားမ်ား ဖက္ဒေရးရွင္း NBF ရဲ႕ အဖြဲ႔ဝင္ျဖစ္ပါတယ္။
စစ္ေတြၿမိဳ႕မွာ က်င္းပခဲ့တဲ့ ရခိုင္အမ်ိဳးသားပါတီ ဗဟိုအလုပ္မွဳေဆာင္ေကာ္မတီ အစည္းအေဝးကို တက္ေရာက္ခဲ့သူ ၂၆ ဦးဟာ ယခင္ ရခိုင္တိုင္းရင္းသားမ်ား တိုးတက္ေရးပါတီ RNDP က အဖြဲ႔ဝင္ေတြသာျဖစ္တယ္လို႔ သိရပါတယ္။
ပါတီႏွစ္ခုပူးေပါင္းစဥ္က ႏွစ္ဖက္မဟာမိတ္အဖြဲ႔ေတြကို အရင္အတိုင္းဆက္လက္ထားဖို႔ ဆံုးျဖတ္ထား ခဲ့တာေၾကာင့္ ဒီလအတြင္းေတြ႔ဆံုမယ့္ ေဆြးေႏြးပြဲမွာ ပါတီႏွစ္ခုပူးေပါင္းဖို႔ တိုက္တြန္းခဲ့တဲ့ မဟာမိတ္ အဖြဲ႔ေတြကိုလည္း ဖိတ္ၾကားသြားမယ္လို႔ ေျပာပါတယ္။
RFA Burmese
http://www.rfa.org/burmese
..............
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဌာနချုပ်ကို တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA နဲ့ ရခိုင်အမျိုးသားပါတီက မဟာမိတ်ဖြတ်တောက် ခဲ့တယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်တာနဲ့ ပတ်သက်ပြီး UNA နဲ့ မဟာမိတ်လက်တွဲလိုတဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့တို့ အခုလထဲမှာ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က စစ်တွေမြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင် အစည်း အဝေးရဲ့ ဆုံးဖြတ်ချက်ဟာ တဖက်သတ်ဆုံးဖြတ်ခဲ့တာဖြစ်လို့ အခုလို စီစဉ်တာဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးမျိုးကျော်က ပြောပါတယ်။
"ကျနော်တို့ တဖက်သတ်ဖြတ်တောက်လိုက်တယ်၊ ဒီဟာကတော့ ကျနော်တို့အနေနဲ့လည်း လက်ခံနိုင်ဖွယ် မရှိပါဘူး၊ ဒီတော့ ဒီကိစ္စတွေကိုက ကျနော်တို့ပါတီထဲမှာ ပါတီခေါင်းဆာင်တွေရဲ့စာရင်း ကျနော်တို့ ထားပြီးတော့လည်း ကျနော်တို့မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးရမယ့် ကိစ္စတွေလည်းရှိတယ်၊ ရခိုင်လူမှုအဖွဲ့အစည်းတွေနဲ့ ကျနော်တို့သွားမယ် ပြီးတော့လည်း ကျနော်တို့ပါတီပြင်ပဖြစ်တဲ့ အဲ့ဒီ UNA အပါအဝင် တခြားမဟာမိတ်တွေနဲ့ ကျနော်တို့ လက်တွဲသွားဖို့ရှိပါတယ်"
အဲ့ဒီ ဖေဖော်ဝါရီလ ၆ ရက်နေ့က ANP ပါတီ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကနေ UNA နဲ့ မဟာမိတ်ဖြတ်တောက်ပြီး ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF နဲ့သာ မဟာမိတ်အဖြစ် လက်တွဲသွား မယ်လို့ ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
ရခိုင်အမျိုးသားပါတီ ANP ဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP တို့ ပေါင်းစပ်ထားတာဖြစ်ပါတယ်။
ယခင် ALD ပါတီဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုး များမဟာမိတ်အဖွဲ့ UNA ရဲ့ အဖွဲ့ဝင်ဖြစ်ပြီး RNDP ကတော့ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ရဲ့ အဖွဲ့ဝင်ဖြစ်ပါတယ်။
စစ်တွေမြို့မှာ ကျင်းပခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေးကို တက်ရောက်ခဲ့သူ ၂၆ ဦးဟာ ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က အဖွဲ့ဝင်တွေသာဖြစ်တယ်လို့ သိရပါတယ်။
ပါတီနှစ်ခုပူးပေါင်းစဉ်က နှစ်ဖက်မဟာမိတ်အဖွဲ့တွေကို အရင်အတိုင်းဆက်လက်ထားဖို့ ဆုံးဖြတ်ထား ခဲ့တာကြောင့် ဒီလအတွင်းတွေ့ဆုံမယ့် ဆွေးနွေးပွဲမှာ ပါတီနှစ်ခုပူးပေါင်းဖို့ တိုက်တွန်းခဲ့တဲ့ မဟာမိတ် အဖွဲ့တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese