Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ပုဂံဘုရားေတြမွာ စည္းကမ္း ပိုတင္းၾကပ္မယ္

$
0
0

 ေရွးေဟာင္း ဘုရား ပုရဝဏ္ေတြမွာ စည္းကမ္း သတ္မွတ္ခ်က္ေတြ ပိုတင္းၾကပ္သြားမယ္။
ၿပီးခဲ့တဲ့ ေဖေဖၚဝါရီလ ၁၇က္က ပုဂံ ျပႆဒ္ႀကီးဘုရားေပၚမွာ ကုမၸဏီတခုက လူေတြ အသံခ်ဲ႕စက္ေတြဖြင့္၊ အဖြဲ႕လိုက္ ဆူဆူညံညံ ကခုန္ေနတဲ့ ဗီဒီယိုပုံေတြ ဓါတ္ပုံေတြ အင္တာနက္ စာမ်က္ႏွာေတြေပၚမွာ ပ်ံ႕ႏွံ့ ခဲ့အၿပီးမွာ ေဝဖန္မွုေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ ပုဂံ ေရွးေဟာင္း ဘုရားနယ္ေျမေတြမွာ ေနာက္ထပ္ စည္းကမ္း သတ္မွတ္ခ်က္ေတြ ပိုတင္းၾကပ္ ထုတ္ျပန္သြားမယ္လို႔ ယဥ္ေက်းမွု ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ေဒၚစႏၵာခင္က ဘီဘီစီကို ေျပာပါတယ္။

သတ္မွတ္ထားတဲ့ ေနရာေတြက လြဲလို႔ ဘုရားေပၚမွာ ျဖစ္ေစ၊ ဘုရားပုထိုး အနီးဝန္းက်င္မွာ ျဖစ္ေစ၊ အရက္ေသစာ ေသာက္စားတာ၊ စားပြဲ ေသာက္ပြဲ က်င္းပတာမ်ိဳး မလုပ္ရဘူးဆိုတဲ့ စည္းကမ္းခ်က္ ရွိၿပီးသားလို႔ ဆိုပါတယ္။

မူလကတည္းက ဘုရားပုထိုးေတြ ေရွ႕မွာ အဂါရဝ ျဖစ္ေစမယ့္ အျပဳအမူမ်ိဳးေတြ၊ ဟီရိၾသတပၸ ျဖစ္တဲ့ ဝတ္စားဆင္ယင္မွုမ်ိဳးေတြကို မလုပ္ရဘူးဆိုတဲ့ စည္းကမ္း သတ္မွတ္ခ်က္ေတြ ထုတ္ျပန္ထားၿပီး ျဖစ္ေၾကာင္းနဲ႔ အခုဒီျဖစ္ရပ္ကေတာ့ မေမၽွာ္လင့္ပဲ အမွတ္တမဲ့ ျဖစ္သြားတာေၾကာင့္ အခ်ိန္မီ မတားဆီးနိုင္ခဲ့တာ ျဖစ္ေၾကာင္း ေဒၚစႏၵာခင္က ေျပာပါတယ္။

ဘုရားနယ္ေၿမ အတြင္း ဝင္ေရာက္တဲ့ ဧည့္သည္ မ်ားတာက တေၾကာင္း၊ ဘုရားအေရအတြက္ကလည္း မ်ား၊ ဧရိယာကလည္း က်ယ္ျပန္႔ၿပီး အေစာင့္ဝန္ထမ္း အေရအတြက္ နည္းပါးတဲ့အတြက္ ဒီလို ျဖစ္ရပ္မ်ိဳးေတြကို ကာကြယ္တားဆီးရာမွာ အားနည္းခ်ိဳ႕ယြင္းခ်က္ေတြ ရွိေနတယ္လို႔ ဆိုပါတယ္။

ေရွးေဟာင္းဘုရားေတြ ေရရွည္ တည္တန္႔ခိုင္ျမဲဖို႔နဲ႔ ဘုရားေပၚ တက္တဲ့ ဧည့္သည္ေတြ အႏၲရာယ္ မက်ေရာက္ေစဖို႔ ရည္ရြယ္ၿပီး ၂၀၁၁-၂၀၁၂ ပတ္ဝန္းက်င္ကစလို႔ ဘုရားတခ်ိဳ႕ေပၚ တက္ခြင့္ ပိတ္ပင္ထားခဲ့ေၾကာင္း၊ ဒါေပမယ့္လည္း အခု ဒီျဖစ္ရပ္ေၾကာင့္ေတာ့ ဘုရားေတြ အားလုံးေပၚ တက္ခြင့္ ပိတ္ပင္တာမ်ိဳး လုပ္မွာမဟုတ္ေၾကာင္း၊ ဒါေပမယ့္ စည္းကမ္း သတ္မွတ္ခ်က္ေတြကိုေတာ့ ပိုတင္းတင္းၾကပ္ၾကပ္ ခ်မွတ္သြားမွာ ျဖစ္ေၾကာင္း ယဥ္ေက်းမွု ဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး ေဒၚစႏၵာခင္က ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese/
............

 ရှေးဟောင်း ဘုရား ပုရဝဏ်တွေမှာ စည်းကမ်း သတ်မှတ်ချက်တွေ ပိုတင်းကြပ်သွားမယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၇က်က ပုဂံ ပြဿဒ်ကြီးဘုရားပေါ်မှာ ကုမ္ပဏီတခုက လူတွေ အသံချဲ့စက်တွေဖွင့်၊ အဖွဲ့လိုက် ဆူဆူညံညံ ကခုန်နေတဲ့ ဗီဒီယိုပုံတွေ ဓါတ်ပုံတွေ အင်တာနက် စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့ ခဲ့အပြီးမှာ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် ပုဂံ ရှေးဟောင်း ဘုရားနယ်မြေတွေမှာ နောက်ထပ် စည်းကမ်း သတ်မှတ်ချက်တွေ ပိုတင်းကြပ် ထုတ်ပြန်သွားမယ်လို့ ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်က ဘီဘီစီကို ပြောပါတယ်။

သတ်မှတ်ထားတဲ့ နေရာတွေက လွဲလို့ ဘုရားပေါ်မှာ ဖြစ်စေ၊ ဘုရားပုထိုး အနီးဝန်းကျင်မှာ ဖြစ်စေ၊ အရက်သေစာ သောက်စားတာ၊ စားပွဲ သောက်ပွဲ ကျင်းပတာမျိုး မလုပ်ရဘူးဆိုတဲ့ စည်းကမ်းချက် ရှိပြီးသားလို့ ဆိုပါတယ်။

မူလကတည်းက ဘုရားပုထိုးတွေ ရှေ့မှာ အဂါရဝ ဖြစ်စေမယ့် အပြုအမူမျိုးတွေ၊ ဟီရိသြတပ္ပ ဖြစ်တဲ့ ဝတ်စားဆင်ယင်မှုမျိုးတွေကို မလုပ်ရဘူးဆိုတဲ့ စည်းကမ်း သတ်မှတ်ချက်တွေ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းနဲ့ အခုဒီဖြစ်ရပ်ကတော့ မမျှော်လင့်ပဲ အမှတ်တမဲ့ ဖြစ်သွားတာကြောင့် အချိန်မီ မတားဆီးနိုင်ခဲ့တာ ဖြစ်ကြောင်း ဒေါ်စန္ဒာခင်က ပြောပါတယ်။

ဘုရားနယ်မြေ အတွင်း ဝင်ရောက်တဲ့ ဧည့်သည် များတာက တကြောင်း၊ ဘုရားအရေအတွက်ကလည်း များ၊ ဧရိယာကလည်း ကျယ်ပြန့်ပြီး အစောင့်ဝန်ထမ်း အရေအတွက် နည်းပါးတဲ့အတွက် ဒီလို ဖြစ်ရပ်မျိုးတွေကို ကာကွယ်တားဆီးရာမှာ အားနည်းချို့ယွင်းချက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။

ရှေးဟောင်းဘုရားတွေ ရေရှည် တည်တန့်ခိုင်မြဲဖို့နဲ့ ဘုရားပေါ် တက်တဲ့ ဧည့်သည်တွေ အန္တရာယ် မကျရောက်စေဖို့ ရည်ရွယ်ပြီး ၂၀၁၁-၂၀၁၂ ပတ်ဝန်းကျင်ကစလို့ ဘုရားတချို့ပေါ် တက်ခွင့် ပိတ်ပင်ထားခဲ့ကြောင်း၊ ဒါပေမယ့်လည်း အခု ဒီဖြစ်ရပ်ကြောင့်တော့ ဘုရားတွေ အားလုံးပေါ် တက်ခွင့် ပိတ်ပင်တာမျိုး လုပ်မှာမဟုတ်ကြောင်း၊ ဒါပေမယ့် စည်းကမ်း သတ်မှတ်ချက်တွေကိုတော့ ပိုတင်းတင်းကြပ်ကြပ် ချမှတ်သွားမှာ ဖြစ်ကြောင်း ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်က ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>