Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ေနျပည္ေတာ္တြင္ တ႐ုတ္သံ႐ုံး ဖြင့္လွစ္မႈ ႏိုင္ငံျခားေရးဝန္ႀကီးဌာနသို႔ အေၾကာင္းၾကားျခင္းမရွိ၊ တရားဝင္ လက္ခံထားျခင္းမရွိဟုဆို

$
0
0

၂၂..၂..၁၆
ျပည္ေထာင္စုလႊတ္ေတာ္႐ုံးမ်ားႏွင့္ အစိုးရဝန္ႀကီးဌာနမ်ား အေျခစိုက္ရာ ေနျပည္ေတာ္ေကာင္စီနယ္ေျမတြင္ တ႐ုတ္ႏိုင္ငံသံ႐ုံးက ယာယီ႐ုံးခြဲ ဖြင့္လွစ္ခဲ့ျခင္းသည္ ႏိုင္ငံျခားေရးဝန္ႀကီး႒ာနသို႔ အေၾကာင္ၾကားျခင္း မရွိခဲ့ေသာေၾကာင့္ သံ႐ုံး ႐ုံးခြဲဟု တရားဝင္လက္ခံထားျခင္း မရွိေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးသန္႔ေက်ာ္ The Voice သို႔ေျပာၾကားသည္။

ေနျပည္ေတာ္ေကာင္စီနယ္ေျမ ဇမၺဴသီရိၿမိဳ႕နယ္အတြင္းရွိ Grand ACE Villa ဝင္း အတြင္း တ႐ုတ္သံ႐ုံး က ယာယီ႐ုံးခြဲ ဖြင့္လွစ္ထားျခင္း ႏွင့္ ပတ္သက္ၿပီး ¤င္းကယင္းသို႔ ေျပာဆိုျခင္းျဖစ္သည္။

“အဲဒီဥစၥာက ကြၽန္ေတာ္တို႔ ႏိုင္ငံျခားေရး႐ုံးက မသိလိုက္ဘူး။ ေနာက္မွ သူတို႔က ဒီဟာနဲ႔ပတ္သက္ၿပီး သူတို႕ ဒုဝန္ႀကီး ျမန္မာႏိုင္ငံလာတဲ့အခ်ိန္မွာ လုပ္သြားတာေပါ့ေလ။ ဘာမွ မသိလိုက္ဘူး။ သိတဲ့အခါက်ေတာ့ သူတို႔ကို ေျပာေတာ့ ဒီဟာေလးနဲ႔ ပတ္သက္ၿပီး နားလည္ေပးပါလို႔ ေျပာသြားတယ္။ သို႔ေသာ္ ကြၽန္ေတာ္တို႔ဘက္က သူတို႔ရဲ႕႐ုံးခြဲအေနနဲ႔ သတ္မွတ္ထားတာ ေလာေလာဆယ္အထိ မရွိဘူး။ လက္ရွိအခ်ိန္အထိ ေနျပည္ေတာ္မွာ ႏိုင္ငံျခားသံ႐ုံးေတြရဲ႕ ႐ုံးခြဲေတြ မရွိေသးဘူး”ဟု ၄င္းကဆိုသည္။

ျမန္မာႏိုင္ငံ အေျခစိုက္ ႏိုင္ငံတကာသံ႐ုံးမ်ားႏွင့္ အဓိကသက္ဆိုင္ေသာ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက တ႐ုတ္သံ႐ုံး၏ ယာယီ႐ုံးခြဲ ဖြင့္လွစ္ခြင့္ျပဳထားျခင္း မရွိေသာေၾကာင့္ မည္သည့္အဖြဲ႕အစည္းက ခြင့္ျပဳထားသည္ကို ထပ္မံေမးျမန္းရာတြင္ ဦးသန္႔ေက်ာ္က “ အဲဒါကြၽန္ေတာ္လည္း မသိဘူး။ သူတို႔ဆီက ဒုဝန္ႀကီးက ေနျပည္ေတာ္ေရာက္တဲ့ အခ်ိန္မွာ သူတို႔ဆီက ဝန္ထမ္းေတြေနတဲ့ ေနရာကို သြားတည္းတာေပါ့။ အဲဒီလို သြားလည္ရင္းနဲ႔ ဖြင့္ပြဲလို သေဘာမ်ဳိးျဖစ္သြားတာပါ။ ကြၽန္ေတာ္တို႔ ႏိုင္ငံျခားေရးကလည္း ဘယ္သူမွ မတက္ပါဘူး” ဟု ၄င္းကဆိုသည္။

သို႔ေသာ္လည္း ဇန္နဝါရီလ ၁၁ ရက္ေန႔က ျပဳလုပ္ေသာ အမ်ဳိးသားလႊတ္ေတာ္ အစည္းအေဝးတြင္ ႏိုင္ငံျခားသံ႐ုံးမ်ား ေနျပည္ေတာ္တြင္ ဖြင့္လွစ္ေရးႏွင့္ပတ္သက္ၿပီး ဇမၺဴသီရိၿမဳိ႕နယ္အတြင္းရွိ Grand ACE Villa ဝင္းအတြင္း တ႐ုတ္သံ႐ုံး ႐ုံးခြဲ ဖြင့္လွစ္ထားၿပီး ႏိုင္ငံျခားသား ၂၆ဦး ေနထိုင္လ်က္ရွိေၾကာင္း ေနျပည္ေတာ္ ေကာင္စီဝင္ ဦးကံခြၽန္က ေျပာဆိုထားသည္။

ထို႔အျပင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီး မစၥတာ လ်ဳိက်န္႔မင္ (Mr.Liu Zhemin) ျမန္မာႏိုင္ငံသို႔ ေရာက္ရွိစဥ္ ၂ဝ၁၅ ခုႏွစ္ ဒီဇင္ဘာလ ၄ရက္ေန႔က တ႐ုတ္သံ႐ုံး၏ ေနျပည္ေတာ္ ယာယီ ႐ုံးခြဲကို ဖြင့္လွစ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံ အစိုးရပိုင္ ဆင္ဟြာသတင္းဌာနတြင္ ေဖာ္ျပခဲ့သည္။

ထို႔အျပင္အဆိုပါ အခမ္းအနားတြင္ ေနျပည္ေတာ္၌ တ႐ုတ္ႏိုင္ငံသံ႐ုံး ဖြင့္လွစ္ျခင္းျဖင့္ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ ေဆြမ်ဳိးေပါက္ေဖာ္ ခ်စ္ၾကည္ေရး တိုးျမႇင့္ခိုင္မာေစေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး မစၥတာ လ်ဳိက်န္႔မင္က ေျပာဆိုခဲ့သည္ဟုလည္း
ေဖာ္ျပထားသည္။

The Voice Weekly
...............
.. နေပြည်တော်တွင် တရုတ်သံရုံး ဖွင့်လှစ်မှု နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းကြားခြင်းမရှိ၊ တရားဝင် လက်ခံထားခြင်းမရှိဟုဆို ...

၂၂..၂..၁၆
ပြည်ထောင်စုလွှတ်တော်ရုံးများနှင့် အစိုးရဝန်ကြီးဌာနများ အခြေစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေတွင် တရုတ်နိုင်ငံသံရုံးက ယာယီရုံးခွဲ ဖွင့်လှစ်ခဲ့ခြင်းသည် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနသို့ အကြောင်ကြားခြင်း မရှိခဲ့သောကြောင့် သံရုံး ရုံးခွဲဟု တရားဝင်လက်ခံထားခြင်း မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော် The Voice သို့ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ Grand ACE Villa ဝင်း အတွင်း တရုတ်သံရုံး က ယာယီရုံးခွဲ ဖွင့်လှစ်ထားခြင်း နှင့် ပတ်သက်ပြီး ¤င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“အဲဒီဥစ္စာက ကျွန်တော်တို့ နိုင်ငံခြားရေးရုံးက မသိလိုက်ဘူး။ နောက်မှ သူတို့က ဒီဟာနဲ့ပတ်သက်ပြီး သူတို့ ဒုဝန်ကြီး မြန်မာနိုင်ငံလာတဲ့အချိန်မှာ လုပ်သွားတာပေါ့လေ။ ဘာမှ မသိလိုက်ဘူး။ သိတဲ့အခါကျတော့ သူတို့ကို ပြောတော့ ဒီဟာလေးနဲ့ ပတ်သက်ပြီး နားလည်ပေးပါလို့ ပြောသွားတယ်။ သို့သော် ကျွန်တော်တို့ဘက်က သူတို့ရဲ့ရုံးခွဲအနေနဲ့ သတ်မှတ်ထားတာ လောလောဆယ်အထိ မရှိဘူး။ လက်ရှိအချိန်အထိ နေပြည်တော်မှာ နိုင်ငံခြားသံရုံးတွေရဲ့ ရုံးခွဲတွေ မရှိသေးဘူး”ဟု ၄င်းကဆိုသည်။

မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာသံရုံးများနှင့် အဓိကသက်ဆိုင်သော နိုင်ငံခြားရေးဝန်ကြီးဌာနက တရုတ်သံရုံး၏ ယာယီရုံးခွဲ ဖွင့်လှစ်ခွင့်ပြုထားခြင်း မရှိသောကြောင့် မည်သည့်အဖွဲ့အစည်းက ခွင့်ပြုထားသည်ကို ထပ်မံမေးမြန်းရာတွင် ဦးသန့်ကျော်က “ အဲဒါကျွန်တော်လည်း မသိဘူး။ သူတို့ဆီက ဒုဝန်ကြီးက နေပြည်တော်ရောက်တဲ့ အချိန်မှာ သူတို့ဆီက ဝန်ထမ်းတွေနေတဲ့ နေရာကို သွားတည်းတာပေါ့။ အဲဒီလို သွားလည်ရင်းနဲ့ ဖွင့်ပွဲလို သဘောမျိုးဖြစ်သွားတာပါ။ ကျွန်တော်တို့ နိုင်ငံခြားရေးကလည်း ဘယ်သူမှ မတက်ပါဘူး” ဟု ၄င်းကဆိုသည်။

သို့သော်လည်း ဇန်နဝါရီလ ၁၁ ရက်နေ့က ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် နိုင်ငံခြားသံရုံးများ နေပြည်တော်တွင် ဖွင့်လှစ်ရေးနှင့်ပတ်သက်ပြီး ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ Grand ACE Villa ဝင်းအတွင်း တရုတ်သံရုံး ရုံးခွဲ ဖွင့်လှစ်ထားပြီး နိုင်ငံခြားသား ၂၆ဦး နေထိုင်လျက်ရှိကြောင်း နေပြည်တော် ကောင်စီဝင် ဦးကံချွန်က ပြောဆိုထားသည်။

ထို့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး မစ္စတာ လျိုကျန့်မင် (Mr.Liu Zhemin) မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့က တရုတ်သံရုံး၏ နေပြည်တော် ယာယီ ရုံးခွဲကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အစိုးရပိုင် ဆင်ဟွာသတင်းဌာနတွင် ဖော်ပြခဲ့သည်။

ထို့အပြင်အဆိုပါ အခမ်းအနားတွင် နေပြည်တော်၌ တရုတ်နိုင်ငံသံရုံး ဖွင့်လှစ်ခြင်းဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး တိုးမြှင့်ခိုင်မာစေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ လျိုကျန့်မင်က ပြောဆိုခဲ့သည်ဟုလည်း
ဖော်ပြထားသည်။

The Voice Weekly

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>