Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တော်ဝင်စင်တာတွင် အမျိုးသမီးတဦးအား ဓားဖြင့်ထိုးသွားသူကို ၎င်း၏မိသားစုများမှ ရဲတပ်ဖွဲ့သို့ လာရောက်အပ်နှံ

$
0
0
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

၁၉.၂.၂၀၁၆ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ပြည်လမ်း အနောက်ရပ်ကွက်၊ ပြည်လမ်း၊ တော်ဝင်စင်တာ ပထမထပ်ရှိ မျက်မှန် ဆိုင်တွင်အလုပ်လုပ်ကိုင်နေသော စမ်းချောင်းမြို့နယ်နေ အသက် (၂၀)နှစ်ခန့်ရှိ အမျိုးသမီးထံသို့ ရှာထိုးဦးထုပ်အနက်၊ အင်္ကျီလက်ရှည် အဖြူ၊ နက်ပြာရောင် ဘောင်းဘီရှည်ဝတ်ဆင်ထားသော Facebook တွင် ခင်မင်သူ အမည်မသိ၊ အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရောက်ရှိ လာပြီး စကားပြောဆိုနေခဲ့ကြကြောင်း၊ ထို့နောက် အမျိုးသမီးမှာ အဆိုပါအမည်မသိ အမျိုးသားနှင့် တော်ဝင်စင်တာ ပထမထပ်ရှိအထည်ဆိုင်တန်းရှေ့တွင် တစ်ယောက်တစ်ခွန်း စကားများကြပြီး အမည်မသိအမျိုးသားမှ အမျိုးသမီးအား လက်သီးဖြင့်ထိုးကာ အသင့်ယူဆောင်လာသော ခေါက်ဓားဖြင့်ထိုးပြီး ဓားအားပစ်ချကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားခဲ့သဖြင့် ဓားဖြင့်ထိုးခံရသူ အမျိုးသမီးတွင် ၀ဲပါးပြတ်ရှ၊ ၀ဲလက်မောင်းပြတ်ရှ၊ ၀ဲလက်ဖျံ စုတ်ပြဲ၊ ၀ဲရင်အုံပြတ်ရှ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် ကုသခဲ့ရသောကြောင့် ၎င်းအမျိုးသားအား စုံစမ်းအရေးယူပေးရန် အဆိုပါ အမျိုးသမီးငယ်၏အစ်မဖြစ်သူ မဖြူသီမှ တိုင်တန်းချက်အရ ဒဂုံမြို့မရဲစခန်း(ပ)၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်လှစ်ကာပြစ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။



Yangon Police
..................
 ဒဂုံမြို့နယ်၊ တော်ဝင်စင်တာတွင် အရောင်းဝန်ထမ်း အမျိုးသမီးအား ဓားဖြင့်ထိုးကာ ထွက်ပြေးတိမ်းရှောင်သွားသော ပြစ်မှုကျူးလွန်သူ အမျိုးသားအား ၎င်း၏မိသားစုများမှ ရဲတပ်ဖွဲ့သို့ လာရောက်အပ်နှံ
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

၁၉.၂.၂၀၁၆ ရက်နေ့ ၁၆၃၀ အချိန်ခန့်တွင် ဒဂုံမြို့နယ်၊ ပြည်လမ်း အနောက်ရပ်ကွက်၊ ပြည်လမ်း၊ တော်ဝင်စင်တာ ပထမထပ်ရှိ မျက်မှန် ဆိုင်တွင်အလုပ်လုပ်ကိုင်နေသော စမ်းချောင်းမြို့နယ်နေ အသက် (၂၀)နှစ်ခန့်ရှိ အမျိုးသမီးထံသို့ ရှာထိုးဦးထုပ်အနက်၊ အကျႌလက်ရှည် အဖြူ၊ နက်ပြာရောင် ဘောင်းဘီရှည်ဝတ်ဆင်ထားသော Facebook တွင် ခင်မင်သူ အမည်မသိ၊ အသက်(၂၅)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးရောက်ရှိ လာပြီး စကားပြောဆိုနေခဲ့ကြကြောင်း၊ ထို့နောက် အမျိုးသမီးမှာ အဆိုပါအမည်မသိ အမျိုးသားနှင့် တော်ဝင်စင်တာ ပထမထပ်ရှိအထည်ဆိုင်တန်းရှေ့တွင် တစ်ယောက်တစ်ခွန်း စကားများကြပြီး အမည်မသိအမျိုးသားမှ အမျိုးသမီးအား လက်သီးဖြင့်ထိုးကာ အသင့်ယူဆောင်လာသော ခေါက်ဓားဖြင့်ထိုးပြီး ဓားအားပစ်ချကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားခဲ့သဖြင့် ဓားဖြင့်ထိုးခံရသူ အမျိုးသမီးတွင် ၀ဲပါးပြတ်ရှ၊ ၀ဲလက်မောင်းပြတ်ရှ၊ ၀ဲလက်ဖျံ စုတ်ပြဲ၊ ၀ဲရင်အုံပြတ်ရှ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် ကုသခဲ့ရသောကြောင့် ၎င်းအမျိုးသားအား စုံစမ်းအရေးယူပေးရန် အဆိုပါ အမျိုးသမီးငယ်၏အစ်မဖြစ်သူ မဖြူသီမှ တိုင်တန်းချက်အရ ဒဂုံမြို့မရဲစခန်း(ပ)၃၇/၂၀၁၆၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်လှစ်ကာပြစ်မှု ကျူးလွန်သူအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူ အမျိုးသားအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ခရိုင်(၄)ခရိုင် အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့များသို့ ၎င်း၏မှတ်တမ်းဓာတ်ပုံများပေးပို့၍ လိုက်လံစုံစမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူအမျိုးသားမှာ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီနယ်မြေရဲစခန်းအပိုင် နယ်မြေအတွင်း၌နေထိုင်သော မှတ်ကြီး(ခ)လွမ်းနိုင်ဝင်းဆိုသူဖြစ်ကြောင်း စုံစမ်းအတည်ပြုသိရှိခဲ့ရပါသည်။

ထိုသို့ သတင်းအတည်ပြုသိရှိချက်အရ ဝေဘာဂီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များမှ မှတ်ကြီး(ခ)လွမ်းနိုင်ဝင်း၏နေအိမ်သို့ ၀င်ရောက် ရှာဖွေဖမ်းဆီးခဲ့ရာ ၎င်းမှာ နေပြည်တော်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသဖြင့် တရားဥပဒေအရရင်ဆိုင်ဖြေရှင်းရန် ၎င်း၏မိသားစုဝင်များအား ရဲတပ်ဖွဲ့ဝင်များမှ စည်းရုံးပြောဆိုခဲ့ကြောင်း၊ ၂၂.၂.၂၀၁၆ ရက်နေ့ ၀၅၀၀ အချိန်တွင် ၎င်း၏အစ်ကိုဖြစ်သူ မျိုးမင်းထက်မှ မှတ်ကြီး(ခ)လွမ်းနိုင်ဝင်း၊ (၂၃)နှစ်အား အမှုဖြင့် စစ်ဆေးနိုင်ရန် ဝေဘာဂီနယ်မြေရဲစခန်း သို့လာရောက် အပ်နှံခဲ့ကြာင်း၊ သို့ပါ၍ ပြစ်မှုကျူးလွန်သူ မှတ်ကြီး(ခ)လွမ်းနိုင်ဝင်းအား ဝေဘာဂီနယ်မြေရဲစခန်းမှတစ်ဆင့် သက်ဆိုင်ရာ ဒဂုံမြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး အမှုဖြင့် ဆက်လက် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>