ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕တြင္ အသက္ ၇ ႏွစ္ အရြယ္ မိန္းကေလးတစ္ဦးအား အေဒၚျဖစ္သူက မီးရိႈ႕ၿပီး ညႇင္းပန္းႏွိပ္စက္ခဲ့ေသာေၾကာင့္ ေဖေဖာ္၀ါရီ ၂၀ ရက္ေန႔တြင္ မင္းျပားၿမိဳ႕မ ရဲစခန္းက ဖမ္းဆီးထိန္းသိမ္း လိုက္ေၾကာင္း သိရွိရသည္။
ျဖစ္စဥ္မွာ မင္းျပားၿမိဳ႕၊ ကံေကာ္ၿမိဳင္ရပ္ကြက္တြင္ ေဖေဖာ္၀ါရီ ၁၉ ရက္ေန႔က အသက္ (၂၈)ႏွစ္အရြယ္ အေဒၚျဖစ္သူက သူမထံမွ ေငြႏွစ္ေထာင္က်ပ္ ခိုးယူသည့္ အသက္ ၇ ႏွစ္အရြယ္ ပထမတန္းေက်ာင္းသူအား မီးေသြးခဲျဖင့္ မီးရိႈ႕ခဲ့သျဖင့္ ကေလးငယ္၏ ခႏၶာကိုယ္ တစ္ခုလံုးတြင္ ညိဳမဲဒဏ္ရာမ်ားႏွင့္ ဖူးေရာင္ဒဏ္ရာမ်ား ရ႐ွိေနေၾကာင္း ရပ္ကြက္ေန ျပည္သူမ်ားက ေဖေဖာ္၀ါရီ ၂၀ ရက္ေန႔တြင္ ရဲစခန္းသို႔ အသိေပးအေၾကာင္း ခဲ့ရာမွ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးက တရားလိုအျဖစ္ အေရးယူေပးရန္ အမူဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကေလးမွာ မိဘေတြက ထိုင္းမွာ သြားအလုပ္လုပ္ ေနၾကတယ္။ ဒီမွာ အဘြား၊ အေဒၚေတြနဲ႔ အတူတူေနတယ္။ အခု ကေလးကို မီး႐ိႈ႕တာက သူ႔အေဒၚအရင္းပါ။ ကေလးကို ေနာင္ပိုက္ဆံေတြ မခိုးရဲေအာင္ ဆံုးမတယ္လို႔ ေျပာပါတယ္။ သူက မီးညႇပ္နဲ႔ မီးေသြးတံုးကိုကိုင္ၿပီး ကေလးကို တစ္ႀကိမ္ပဲ ၿခိမ္းေျခာက္ခဲ့တယ္လို႔ ေျပာပါတယ္။ ဒါေပမယ္႔ ကေလးကိုယ္ခႏၶာ အႏွံ႔မွာ ဒဏ္ရာေတြ ျပင္းျပင္းထန္ထန္ ရေနေတာ့ တစ္ႀကိမ္မကဘူးလို႔ သံုးသပ္ရပါတယ္။ ၿပီးေတာ့ ကေလးကို အိမ္မွာပိတ္ထားရာကေန ဒီမွာကေနတဲ့ နတ္ပဲြကို ေရာက္လာေတာ့ ရပ္ကြက္က လူေတြက ကေလးကို ရဲစခန္းမွာ သြားအပ္ခဲ့တာ ျဖစ္ပါတယ္။ အခု ေဆး႐ုံမွာ ေဆးကုေပးေနတယ္။ အရင္တုန္း ကလည္း ကေလးကို ညႇင္းပန္းခဲ့တာမ်ိဳးေတြ ႐ွိခဲ့တယ္” ဟု မင္းျပားၿမိဳ႕၊ ဥကၠပ်ံရပ္ကြက္မွ အုပ္ခ်ဳပ္ေရးမွဴး ဦးေစာဘခ်ိဳက ဆိုသည္။
ကေလးအား မီးရိႈ႕ခဲ့သည့္ အေဒၚျဖစ္သူအား မင္းျပား ၿမိဳ႕မရဲစခန္းမွ အျပင္းအထန္ နာက်င္ေစမႈ (ပ)၃၄/၁၆ ၊ပုဒ္မ ၃၂၆ အရ အမႈဖြင့္ထားေၾကာင္း သိရသည္။
သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies/
...............
ရခိုင်ပြည်နယ် မင်းပြားမြို့တွင် အသက် ရ နှစ် အရွယ် မိန်းကလေးတစ်ဦးအား အဒေါ်ဖြစ်သူက မီးရှို့ပြီး ညှင်းပန်းနှိပ်စက်ခဲ့သောကြောင့် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် မင်းပြားမြို့မ ရဲစခန်းက ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မင်းပြားမြို့၊ ကံကော်မြိုင်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့က အသက် (၂၈)နှစ်အရွယ် အဒေါ်ဖြစ်သူက သူမထံမှ ငွေနှစ်ထောင်ကျပ် ခိုးယူသည့် အသက် ရ နှစ်အရွယ် ပထမတန်းကျောင်းသူအား မီးသွေးခဲဖြင့် မီးရှို့ခဲ့သဖြင့် ကလေးငယ်၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် ညိုမဲဒဏ်ရာများနှင့် ဖူးရောင်ဒဏ်ရာများ ရရှိနေကြောင်း ရပ်ကွက်နေ ပြည်သူများက ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ရဲစခန်းသို့ အသိပေးအကြောင်း ခဲ့ရာမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုအဖြစ် အရေးယူပေးရန် အမူဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးမှာ မိဘတွေက ထိုင်းမှာ သွားအလုပ်လုပ် နေကြတယ်။ ဒီမှာ အဘွား၊ အဒေါ်တွေနဲ့ အတူတူနေတယ်။ အခု ကလေးကို မီးရှို့တာက သူ့အဒေါ်အရင်းပါ။ ကလေးကို နောင်ပိုက်ဆံတွေ မခိုးရဲအောင် ဆုံးမတယ်လို့ ပြောပါတယ်။ သူက မီးညှပ်နဲ့ မီးသွေးတုံးကိုကိုင်ပြီး ကလေးကို တစ်ကြိမ်ပဲ ခြိမ်းခြောက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ကလေးကိုယ်ခန္ဓာ အနှံ့မှာ ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရနေတော့ တစ်ကြိမ်မကဘူးလို့ သုံးသပ်ရပါတယ်။ ပြီးတော့ ကလေးကို အိမ်မှာပိတ်ထားရာကနေ ဒီမှာကနေတဲ့ နတ်ပွဲကို ရောက်လာတော့ ရပ်ကွက်က လူတွေက ကလေးကို ရဲစခန်းမှာ သွားအပ်ခဲ့တာ ဖြစ်ပါတယ်။ အခု ဆေးရုံမှာ ဆေးကုပေးနေတယ်။ အရင်တုန်း ကလည်း ကလေးကို ညှင်းပန်းခဲ့တာမျိုးတွေ ရှိခဲ့တယ်” ဟု မင်းပြားမြို့၊ ဥက္ကပျံရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဦးစောဘချိုက ဆိုသည်။
ကလေးအား မီးရှို့ခဲ့သည့် အဒေါ်ဖြစ်သူအား မင်းပြား မြို့မရဲစခန်းမှ အပြင်းအထန် နာကျင်စေမှု (ပ)၃၄/၁၆ ၊ပုဒ်မ ၃၂၆ အရ အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies/