Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အယ္လ္နီညိဳအေရး အေရးႀကီး အဆိုတင္

$
0
0
ျပည္သူ႔လႊတ္ေတာ္ အစည္းအေဝးက်င္းပေနစဥ္။ Photo: RFA
ျမန္မာနုိင္ငံမွာ လာမယ့္ေႏြရာသီအတြင္း အယ္လ္နီညို ရာသီဥတုက်ေရာက္ခ်ိန္မွာ အစိုးရဌာဆိုင္ရာအဆင့္ဆင့္က ပူးေပါင္းေဆာင္ရြက္ၾကဖို႔ အေရးႀကီးအဆိုကို ျပည္သူ႔လႊတ္ေတာ္မွာ တင္သြင္းလိုက္ၿပီး ဆက္လက္ေဆြးေႏြးၾကဖို႔ မဲခဲြဆံုးျဖတ္ အတည္ျပဳလိုက္ပါတယ္။

မိတၳိလာၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာေမာင္သင္းက အယ္လ္နီညိဳအက်ိဳးသက္ေရာက္ မႈေၾကာင့္ ျဖစ္ေပၚလာနုိင္တဲ့ ရာသီဥတု အေျခအေနေတြမွာ အစိုးရဌာန အသီးသီးက ပူးေပါင္းေဆာင္ရြက္ ဖို႔အတြက္ တိုက္တြန္းေၾကာင္း အေရးႀကီးအဆိုကို တင္သြင္းခဲ့တာျဖစ္ပါတယ္။

အဲ့ဒီအဆိုကို ဧရာဝတီတုိင္းေဒသႀကီး ေက်ာင္းကုန္းၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ ဦးသိန္းထြန္း ကေထာက္ခံေဆြးေႏြးခဲ့ၿပီး လႊတ္ေတာ္က မဲခြဲဆံုးျဖတ္ရာမွာ အမ်ားစုက ေထာက္ခံတဲ့အတြက္ မနက္ျဖန္ ေဖေဖၚ၀ါရီလ ၂၃ ရက္ေန႔မွာ ဆက္လက္ေဆြးေႏြးဖို႔ အတည္ျပဳလုိက္တာ ျဖစ္ပါတယ္။

မဲခဲြဆံုးျဖတ္ရာမွာ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ၄၂၈ ဦး တက္ေရာက္ရာမွာ ေထာက္ခံမဲ ၃၈၇ ၊ ကန္႔ကြက္မဲ ၉ နဲ႔ ၾကားေန ၁၈ မဲနဲ႔ အတည္ျပဳလိုက္တာျဖစ္ပါတယ္။ အဆိုတင္သြင္းသူနဲ႔ ေထာက္ခံသူ လႊတ္ေတာ္ကိုယ္စား လွယ္ ၂ ဦးဟာ ျပည္ေထာင္စုႀကံ႕ခုိင္ေရးနဲ႔ ဖံြ႔ၿဖိဳးေရးပါတီက ျဖစ္ပါတယ္။

အယ္လ္နီညိဳရာသီဥတုေၾကာင့္ အပူခ်ိန္လြန္ကဲလြန္းလာမွာ ျဖစ္သလို ေရရွားပါးျခင္း ေရႀကီးျခင္း စတဲ့ေနာက္ဆက္ တဲြ ရာသီဥတုဆိုး၀ါးမႈဒဏ္ကို ျမန္မာနိုင္ငံအနွံ႔ ရင္ဆုိင္ၾကရမွာ ျဖစ္တယ္လို႔ မိုးေလ၀သ ပညာရွင္ေတြက သတိေပးထားပါတယ္။

လက္ရိွ ေဆာင္းရာသီမကုန္ခင္မွာပဲ ရွမ္းျပည္နယ္ နမ့္ဆန္ ၊ ဧရာဝတီတိုင္း လပၸတၱာ ၊ တနသၤာရီတုိင္း ေက်ာက္ ကာရြာ စတဲ့ေနရာေတြမွာ မီးေလာင္မႈေတြ ဆံုးရွံုးမႈေတြ မ်ားေနေၾကာင္းလည္း တင္ျပသြားပါတယ္။

ႀကိဳတင္ကာကြယ္မွုအျဖစ္ ေသာက္သံုးေရအတြက္ တစ္နုိင္ငံလံုးက ဆည္ေရေတြကို စနစ္တက် ခဲြေဝသံုးစဲြေရး ၊ ေရရွားပါးမႈကို ၾကိဳတင္ကာကြယ္နုိင္ေရးအတြက္ အစိုးရ နုိင္ငံတကာ အဖဲြ႔အစည္းမ်ား စတဲ့ သက္ဆုိင္ရာ ဌာနေတြနဲ႔ အဖဲြ႕အစည္းေတြက ပူးေပါင္းေဆာင္ရြက္ၾကဖို႔ကို ျပည္သူ႔လႊတ္ေတာ္က တိုက္တြန္းသြားမွာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
..............
 ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်။ Photo: RFA
မြန်မာနိုင်ငံမှာ လာမယ့်နွေရာသီအတွင်း အယ်လ်နီညို ရာသီဥတုကျရောက်ချိန်မှာ အစိုးရဌာဆိုင်ရာအဆင့်ဆင့်က ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပြီး ဆက်လက်ဆွေးနွေးကြဖို့ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

မိတ္ထိလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်းက အယ်လ်နီညိုအကျိုးသက်ရောက် မှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရာသီဥတု အခြေအနေတွေမှာ အစိုးရဌာန အသီးသီးက ပူးပေါင်းဆောင်ရွက် ဖို့အတွက် တိုက်တွန်းကြောင်း အရေးကြီးအဆိုကို တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအဆိုကို ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း ကထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ အများစုက ထောက်ခံတဲ့အတွက် မနက်ဖြန် ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

မဲခွဲဆုံးဖြတ်ရာမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၂၈ ဦး တက်ရောက်ရာမှာ ထောက်ခံမဲ ၃၈၇ ၊ ကန့်ကွက်မဲ ၉ နဲ့ ကြားနေ ၁၈ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။ အဆိုတင်သွင်းသူနဲ့ ထောက်ခံသူ လွှတ်တော်ကိုယ်စား လှယ် ၂ ဦးဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဖြစ်ပါတယ်။

အယ်လ်နီညိုရာသီဥတုကြောင့် အပူချိန်လွန်ကဲလွန်းလာမှာ ဖြစ်သလို ရေရှားပါးခြင်း ရေကြီးခြင်း စတဲ့နောက်ဆက် တွဲ ရာသီဥတုဆိုးဝါးမှုဒဏ်ကို မြန်မာနိုင်ငံအနှံ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်လို့ မိုးလေဝသ ပညာရှင်တွေက သတိပေးထားပါတယ်။

လက်ရှိ ဆောင်းရာသီမကုန်ခင်မှာပဲ ရှမ်းပြည်နယ် နမ့်ဆန် ၊ ဧရာဝတီတိုင်း လပ္ပတ္တာ ၊ တနင်္သာရီတိုင်း ကျောက် ကာရွာ စတဲ့နေရာတွေမှာ မီးလောင်မှုတွေ ဆုံးရှုံးမှုတွေ များနေကြောင်းလည်း တင်ပြသွားပါတယ်။

ကြိုတင်ကာကွယ်မှုအဖြစ် သောက်သုံးရေအတွက် တစ်နိုင်ငံလုံးက ဆည်ရေတွေကို စနစ်တကျ ခွဲဝေသုံးစွဲရေး ၊ ရေရှားပါးမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အစိုးရ နိုင်ငံတကာ အဖွဲ့အစည်းများ စတဲ့ သက်ဆိုင်ရာ ဌာနတွေနဲ့ အဖွဲ့အစည်းတွေက ပူးပေါင်းဆောင်ရွက်ကြဖို့ကို ပြည်သူ့လွှတ်တော်က တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>