Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796
၈၈ မျိုးဆက် မနီလာသိန်း အမှုရင်ဆိုင်ရ
$
0
0
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မနီလာသိန်းကို လာမယ့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားရင်ဆိုင်ဖို့  ဘုရင့်နောင်ရဲစခန်းက စခန်းမှူးက  ဒီကနေ့ နေ့လည်က လူကိုယ်တိုင်တွေ့ဆုံပြီး အကြောင်းကြားပါတယ်။
RFA Burmese
..........
၈၈ မျိုးဆက် ခေါင်းဆောင် မနီလာသိန်းကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဘုရင့်နောင်ရဲစခန်းက စခန်းမှူးနဲ့ အတူတွေ့ရစဉ်။ Photo: Kyaw Zaw Win/ RFA
၈၈ မျိုးဆက် ငြိ်မ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ မနီလာသိန်းကို လာမယ့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားရင်ဆိုင်ဖို့  ဘုရင့်နောင်ရဲစခန်းက စခန်းမှူးက  ဒီကနေ့ နေ့လည်က လူကိုယ်တိုင်တွေ့ဆုံပြီး အကြောင်းကြားပါတယ်။
ဘုရင့်နောင် ရဲစခန်းက တရားစွဲဆိုထားတဲ့ ပုဒ်မ ၁၈ တရားမဝင်စီတန်းလှည့်လည်မှုနဲ့ ပတ်သက်ပြီး အမှုနဲ့ပတ်သက်ပြီး  အာမခံလျောက်ထားတာတွေ၊ ဒဏ်ငွေဆောင်တာ တွေ မလုပ်ဘူးလို့ မနီလာသိန်းက ပြောပါတယ်။
"ကျမကို ၂၄ ရက်နေ့ နေ့ခင်း ၁၂ နာရီမှာ သူတို့တာဝန်ရှိတဲ့ ရဲမေနဲ့ အရာရှိတစ်ဦးက လာရောက်ခေါ်ဆောင်မယ်လို့ ပြောပါတယ်၊ ကျမကလည်းပြောပါတယ်၊ အဲ့လို လာရောက်ခေါ်ဆောင်တဲ့အခါမှာ ကျမကိုဖမ်းဆီးတဲ့ပုံစံမျိုးဖြစ်ပါစေ၊ ကျမတစ်ခါတည်း လိုက်ခဲ့မယ်၊ ကျမက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အာမခံယူခြင်း၊ ခံဝန်ထိုးခြင်း၊ မိမိသော်လည်းကောင်း၊ အခြားတစ်ဦးသော်လည်းကောင်း၊ ဒဏ်ငွေဆောင်ခြင်းကို လုံးဝလက်ခံမှာ မဟုတ်ဘူးဆိုတာကိုလည်း ကျမ တစ်ခါတည်း ပြောဆိုခဲ့ပါတယ်"
မနီလာသိန်းကို တရားစွဲတဲ့အမှုဟာ ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီလက လက်ပံတန်း ကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့တာကြောင့်လို့ မနီလာသိန်း က ပြောပါတယ်။
လက်ပံတန်းကျောင်းသားသပိတ်ကို ထောက်ခံဆန္ဒပြခဲ့သူတွေထဲက လင်းထက်နိုင် ( ခေါ် ) ဂျိမ်းနဲ့ မဖြိုးဖြိုးအောင် တို့ကိုလည်း မရမ်းကုန်းမြို့နယ် မှာ တရားရင်ဆိုင်ဖို့ ရှိပါတယ်။
မဖြိုးဖြိုးအောင်ဟာ လက်ပံတန်းကျောင်းသားသပိတ်ကာလအတွင်းက ရန်ကုန် မှာလည်း ဆန္ဒပြရာမှာ ပါ၀င်ခဲ့တာကြောင့် လက်ပံတန်းကျောင်းသားသပိတ် အမှုအပြင် ရန်ကုန်မှာလည်း တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...