Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တိုက္မိုင္းေၾကာင့္ BGF တပ္ၾကပ္တစ္ဦး ျပင္းထန္စြာဒဏ္ရာရ

$
0
0

ေဖေဖာ္၀ါရီ ၂၁ရက္၊ ၂၀၁၆ခုႏွစ္။ စဖန္းေရွာင္း

နယ္ျခားေစာင့္တပ္ BGF ၁၀၁၉ တပ္ရင္းမွ တပ္ၾကပ္တစ္ဦးသည္ ေကာ့ကရိတ္ၿမိဳ႕နယ္ ပ်ားပင္ရြာအနီးတြင္ လံုၿခံဳေရးယူေနစဥ္ ေဖေဖာ္၀ါရီလ ၂၀ရက္ေန႔ နံနက္ ၁၁နာရီေက်ာ္အခ်ိန္ခန္႔ က မိုင္းတစ္လံုး နင္းမိၿပီး ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ေၾကာင္း တပ္႐င္းမႉး က ေကအိုင္စီသို႔ အတည္ျပဳေျပာဆိုသည္။

နယ္ျခားေစာင့္တပ္ BGF ၁၀၁၉မွ တပ္ရင္းမႉးျဖစ္သူ ဗိုလ္မႉးေစာလိုက္သိမ့္က “တစ္ဖက္ကလူေတြက နင္းမိုင္းေတြ၊ တိုက္မိုင္း ေတြ လိုက္ေထာင္ေနတယ္ သိရတယ္။ က်ေနာ္တို႔တပ္က ရဲေဘာ္လည္း လံုၿခံဳေရးယူရင္း တိုက္မိုင္းထိသြားတာျဖစ္ပါတယ္”ဟု ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ေျပာၾကားခဲ့သည္။

ဒဏ္ရာရရွိသြားသူမွာ ပ်ားပင္ရြာအနီး ေရာ္ဘာၿခံအတြင္း လံုၿခံဳေရးယူေနေသာ နယ္ျခားေစာင့္တပ္ (၁၀၁၉)တပ္ရင္းမွ အသက္ ၄၀အရြယ္ တပ္ၾကပ္ေစာဖားေလာ္ျဖစ္ၿပီး ေျခတစ္ဖက္၊ လက္တစ္ဖက္ ဒဏ္ရာရရွိသြားကာ မဲေဆာက္ေဆး႐ံုတြင္ ကုသမႈခံယူ လွ်က္ရွိၿပီး အသက္အႏၲရာယ္ မစိုးရိမ္ရေၾကာင္း သိရသည္။

အလားတူ ေဖေဖာ္၀ါရီလ ၁၉ရက္ေန႔ကလည္း ပ်ားပင္ ဆင္ကုန္းထိပ္တြင္ ဗံုးသီးတစ္လံုးေပါက္ကြဲမႈျဖစ္ခဲ့ေၾကာင္း ေဒသခံရြာ သားတစ္ဦးက “ခေလးေတြ မေပါက္ေသးတဲ့ 40 ဗုံးသီးတစ္လုံး ပစ္ေပါက္ေဆာ့ရာကေန ေပါက္တယ္။ ထိခိုက္တာေတာ့ မရွိ ဘူး။”ဟု ဆိုသည္။

ေကာ့ကရိတ္ၿမိဳ႕နယ္အတြင္းရွိ ေကာင္းမႈရြာ၊ ယခုျဖစ္စဥ္ျဖစ္ပြားသည့္ ပ်ားပင္ရြာႏွင့္ အနီးတစ္၀ိုက္တို႔တြင္ အသစ္ျပန္လည္ဖြဲ႔ စည္းလိုက္သည့္ တိုးတက္ေသာ ဗုဒၶဘာသာကရင္အမ်ိဳးသားတပ္မေတာ္-DKBA ႏွင့္ BGF တို႔ အျပန္အလွန္ပစ္ခတ္မႈမ်ား ေၾကာင့္ ရြာသားတစ္ခ်ဳိ႕မွာ ယေန႔အထိ ေနရပ္ျပန္လည္ေနထိုင္ႏိုင္ျခင္း မရွိေသးေပ။

ၿပီးခဲ့သည့္ ၂၀၁၅ခုႏွစ္၊ ဇူလုိင္လဆန္းတြင္ DKBA ႏွင့္ အစုိးရတပ္မေတာ္၊ BGF ပူးေပါင္းတပ္တို႔ အာရွလမ္းမႀကီးေပၚ၌ တိုက္ပြဲ မ်ား ျဖစ္ပြားၿပီးေနာက္ပိုင္း ပစ္ခတ္မႈႏွင့္ မိုင္းထိမွန္မႈ မၾကာခဏျဖစ္ပြားေလ့ရွိၿပီး ယခုအႀကိမ္မွာ ၂၀၁၆ခုႏွစ္အတြင္း ပထမဆံုး ျဖစ္ပြားျခင္း ျဖစ္သည္။

 စဖန္းေရွာင္း
ေကအုိင္စီ - KIC
http://kicnews.org/
..........


ဖေဖော်ဝါရီ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စဖန်းရှောင်း

နယ်ခြားစောင့်တပ် BGF ၁၀၁၉ တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် ကော့ကရိတ်မြို့နယ် ပျားပင်ရွာအနီးတွင် လုံခြုံရေးယူနေစဉ် ဖေဖော်ဝါရီလ ၂၀ရက်နေ့ နံနက် ၁၁နာရီကျော်အချိန်ခန့် က မိုင်းတစ်လုံး နင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း တပ်ရင်းမှူး က ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။

နယ်ခြားစောင့်တပ် BGF ၁၀၁၉မှ တပ်ရင်းမှူးဖြစ်သူ ဗိုလ်မှူးစောလိုက်သိမ့်က “တစ်ဖက်ကလူတွေက နင်းမိုင်းတွေ၊ တိုက်မိုင်း တွေ လိုက်ထောင်နေတယ် သိရတယ်။ ကျနော်တို့တပ်က ရဲဘော်လည်း လုံခြံုရေးယူရင်း တိုက်မိုင်းထိသွားတာဖြစ်ပါတယ်”ဟု ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

ဒဏ်ရာရရှိသွားသူမှာ ပျားပင်ရွာအနီး ရော်ဘာခြံအတွင်း လုံခြံုရေးယူနေသော နယ်ခြားစောင့်တပ် (၁၀၁၉)တပ်ရင်းမှ အသက် ၄၀အရွယ် တပ်ကြပ်စောဖားလော်ဖြစ်ပြီး ခြေတစ်ဖက်၊ လက်တစ်ဖက် ဒဏ်ရာရရှိသွားကာ မဲဆောက်ဆေးရုံတွင် ကုသမှုခံယူ လျှက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၉ရက်နေ့ကလည်း ပျားပင် ဆင်ကုန်းထိပ်တွင် ဗုံးသီးတစ်လုံးပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း ဒေသခံရွာ သားတစ်ဦးက “ခလေးတွေ မပေါက်သေးတဲ့ 40 ဗုံးသီးတစ်လုံး ပစ်ပေါက်ဆော့ရာကနေ ပေါက်တယ်။ ထိခိုက်တာတော့ မရှိ ဘူး။”ဟု ဆိုသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကောင်းမှုရွာ၊ ယခုဖြစ်စဉ်ဖြစ်ပွားသည့် ပျားပင်ရွာနှင့် အနီးတစ်ဝိုက်တို့တွင် အသစ်ပြန်လည်ဖွဲ့ စည်းလိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်-DKBA နှင့် BGF တို့ အပြန်အလှန်ပစ်ခတ်မှုများ ကြောင့် ရွာသားတစ်ချို့မှာ ယနေ့အထိ နေရပ်ပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပေ။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ဇူလိုင်လဆန်းတွင် DKBA နှင့် အစိုးရတပ်မတော်၊ BGF ပူးပေါင်းတပ်တို့ အာရှလမ်းမကြီးပေါ်၌ တိုက်ပွဲ များ ဖြစ်ပွားပြီးနောက်ပိုင်း ပစ်ခတ်မှုနှင့် မိုင်းထိမှန်မှု မကြာခဏဖြစ်ပွားလေ့ရှိပြီး ယခုအကြိမ်မှာ ၂၀၁၆ခုနှစ်အတွင်း ပထမဆုံး ဖြစ်ပွားခြင်း ဖြစ်သည်။

 စဖန်းရှောင်း
ကေအိုင်စီ - KIC
http://kicnews.org/

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...