Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

စိတ္ၾကြေဆးျပား (၆.၃)သန္းခန္႔ကို သယ္ေဆာင္လာသူႏွင့္အတူ တာခ်ီလိတ္၌ ဖမ္းဆီးရမိ

$
0
0

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕မွ ၀မ္ပံုဘက္သို႔သြားသည့္လမ္းတြင္ သဲေက်ာက္ တင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ေပၚမွ စိတ္ၾကြေဆးျပား (၆.၃)သန္းခန္႔ကို သယ္ေဆာင္လာသူႏွင့္ အတူ ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု (၃၀) တာခ်ီလိတ္မွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု ပါခုတ္ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၃)ရက္ နံက္(၁၀)နာရီခြဲအခ်ိန္က တာခ်ီလိတ္တပ္နယ္မွ အရာရွိဦးစီးသည့္ အဖြဲ႔၀င္မ်ား၊ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား အပါအ၀င္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ႏွင့္ ျပည္သူ႔စစ္မ်ား ပါ၀င္ေသာ ပူးေပါင္းအဖြဲ႔ျဖင့္ ပါခုတ္ပူးေပါင္းစစ္ေဆးေရးစခန္း၌ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္မွ ၀မ္ပံုဘက္သို႔ သြားသည့္ ပါခုတ္ပူးေပါင္း စစ္ေဆးေရးစခန္းတြင္ အိုက္ကြ်မ္ ေမာင္းႏွင္လာၿပီး အိုက္တစ္ လိုက္ပါလာသည့္ သဲေက်ာက္တင္ေဆာင္လာေသာ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရာ ယာဥ္၏ အေနာက္ဘက္ သဲေက်ာက္မ်ားေအာက္ရွိ ၾကမ္းခင္း(၂)ထပ္အတြင္း၌ သို၀ွက္ သယ္ေဆာင္လာသည့္ ေက်ာပိုးအိတ္ (၃၅)လံုးထဲမွ စုစုေပါင္း စိတ္ၾကြေဆးျပား (၆.၃)သန္းခန္႔ကို ရွာေဖြ သိမ္းဆည္းခဲ့ရၿပီး ၎ေဆးျပားမ်ား၏ ကာလတန္ဖိုးေငြမွာ က်ပ္သန္းေပါင္း (၁၅၇၅၀)တန္ဖိုးရိွေၾကာင္း သိရသည္။

ယင္းအမႈႏွင့္ ပတ္သက္၍ စိတ္ၾကြေဆးျပားမ်ား သယ္ေဆာင္လာသူႏွစ္ဦးျဖစ္သည့္ အိုက္ကြ်မ္ႏွင့္ အိုက္တစ္တို႔အား ၀မ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ) ၃/၂၀၁၆ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/ ၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

Tachileik News Agency
http://www.tachileik.net
................


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ၀မ်ပုံဘက်သို့သွားသည့်လမ်းတွင် သဲကျောက် တင်ဆောင်လာသည့် မော်တော်ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား (၆.၃)သန်းခန့်ကို သယ်ဆောင်လာသူနှင့် အတူ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ သိရသည်။

တာချီလိတ်မြို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါခုတ်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ (၂၃)ရက် နံက်(၁၀)နာရီခွဲအချိန်က တာချီလိတ်တပ်နယ်မှ အရာရှိဦးစီးသည့် အဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ အပါအဝင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်များ ပါ၀င်သော ပူးပေါင်းအဖွဲ့ဖြင့် ပါခုတ်ပူးပေါင်းစစ်ဆေးရေးစခန်း၌ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မှ ၀မ်ပုံဘက်သို့ သွားသည့် ပါခုတ်ပူးပေါင်း စစ်ဆေးရေးစခန်းတွင် အိုက်ကျွမ် မောင်းနှင်လာပြီး အိုက်တစ် လိုက်ပါလာသည့် သဲကျောက်တင်ဆောင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်၏ အနောက်ဘက် သဲကျောက်များအောက်ရှိ ကြမ်းခင်း(၂)ထပ်အတွင်း၌ သိုဝှက် သယ်ဆောင်လာသည့် ကျောပိုးအိတ် (၃၅)လုံးထဲမှ စုစုပေါင်း စိတ်ကြွဆေးပြား (၆.၃)သန်းခန့်ကို ရှာဖွေ သိမ်းဆည်းခဲ့ရပြီး ၎င်းဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သန်းပေါင်း (၁၅၇၅၀)တန်ဖိုးရှိကြောင်း သိရသည်။

ယင်းအမှုနှင့် ပတ်သက်၍ စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူနှစ်ဦးဖြစ်သည့် အိုက်ကျွမ်နှင့် အိုက်တစ်တို့အား ၀မ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ) ၃/၂၀၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tachileik News Agency
http://www.tachileik.net

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>