မေန႔က ကေလာတပ္နယ္၊ စစ္ဦးစီးတကၠသိုလ္မွာ သင္တန္းသားေတြ အရာရွိေတြနဲ႔ ေတြ႔ဆံုပဲြမွာ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာခဲ့တာကို ဒီေန႔ထုတ္ ျမ၀တီသတင္းစာမွာ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။
၂၀၀၈ ဖဲြ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးနဲ႔ပတ္သက္ၿပီး ဖဲြ႔စည္းပံုအေျခခံဥပေဒ အခန္း (၁၂) ပါ ျပဌာန္းခ်က္ေတြ အတုိင္း ျပင္သင့္ျပင္ထိုက္တဲ့ အခ်က္ေတြကို သင့္ေတာ္တဲ့ အခ်ိန္မွာ ျပဳျပင္ရမွာျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က ေျပာခဲ့ပါတယ္။
ဒါ့အျပင္ တရားဥပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းမႈရွိဖို႔ လိုအပ္ၿပီး တည္ၿငိမ္ေအးခ်မ္းမႈနဲ႔ စည္းလံုးညီညြတ္မႈမရွိ ရင္ ႏုိင္ငံဖံ႔ြၿဖိဳးတုိးတက္မႈ မရွိႏိုင္ေၾကာင္း ေျပာခဲ့တယ္လို႔လည္း သိရပါတယ္။
RFA Burmese
http://www.rfa.org/burmese
.............
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဘုရင့်နောင်ခန်းမမှာ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ပြည်တွင်းမီဒီယာတချို့နဲ့ တွေ့ဆုံစဉ်။ Photo: Myo Thant Khaing/RFA
လက်နက်စွဲကိုင်ပြီး ဒီမိုကရေစီကို ဖော်ဆောင်လို့ မရနိုင်တာကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဒီမိုကရေစီစနစ်ကို လက်ခံတယ်ဆိုရင် လက်နက်စွန့်ပြီး တရားဥပဒေနဲ့အညီ တောင်းဆိုမှုတွေပြုလုပ်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
မနေ့က ကလောတပ်နယ်၊ စစ်ဦးစီးတက္ကသိုလ်မှာ သင်တန်းသားတွေ အရာရှိတွေနဲ့ တွေ့ဆုံပွဲမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့တာကို ဒီနေ့ထုတ် မြဝတီသတင်းစာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ပါ ပြဌာန်းချက်တွေ အတိုင်း ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေကို သင့်တော်တဲ့ အချိန်မှာ ပြုပြင်ရမှာဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ဒါ့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းမှုရှိဖို့ လိုအပ်ပြီး တည်ငြိမ်အေးချမ်းမှုနဲ့ စည်းလုံးညီညွတ်မှုမရှိ ရင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ကြောင်း ပြောခဲ့တယ်လို့လည်း သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese