Quantcast
Channel: MP4 YoU
Viewing all articles
အယ်နီညိုကြောင့် အချိန်အခါမဟုတ် မြစ်ရေကြီးမှု သတိပေးချက် ထုတ်ပြန် ထားရ
$
0
0
For Info News
..................
ဟိမဝန္တာကရေခဲတောင် အရည်ပျော်မှုနဲ့အတူ ဧရာဝတီမြစ်ရေလည်း အချိန်အခါမဟုတ် မြင့်တက်လာလို့မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မြစ်ရေကြီးခြင်း သတိပေးချက် ထုတ်ပြန်ထား ပါတယ်။ အပူလွန်ကဲတဲ့ အယ်နီညို ရာသီဥတုကြောင့် ဟိမဝန်္တာကရေခဲတွေ အရည်ပျော်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းမှာ မြစ်ရေကြီးမှုတွေ ကြုံနေရပါတယ်။
ဒါ့အပြင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မှာလည်း မြစ်ရေမြင့်တက်လာပြီး နောက် (၃) ရက်ကနေ (၅) ရက်အထိ ဆက်လက်မြင့်တက်နေအုံးမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို ့မှာ (၅၀၃) စင်တင်မီတာကိုရောက်ရှိနေပြီး (၁၆)နာရီအတွင်း (၁၂)ပေခန် ့မြင့်တက်ခဲ့တယ်လို့ မိုးဇလရဲ ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပြိး ဒီမြစ်ရေဟာ နောက်တစ်ရက်မှ (၃) ရက်အတွင်း ဗန်းမော်မြို့နှင့် ကသာမြို့တို့မှာ (၇) ပေမှ (၈) ပေခန့်နဲ့ မန်္တလေး၊ မြင်းမူ၊ စစ်ကိုင်း၊ စစ်ကိုင်း၊ ပခုက်္ကူနဲ့ ညောင်ဦးတို့မှာလည်း နောက် (၃) ရက်မှ (၅) ရက်အတွင်း (၅) ပေမှ (၆) ပေထိ ဆက်လက် မြင့်တက်နိုင်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ချောက်၊ မင်းဘူး၊ မကွေး အောင်လံ၊ ပြည်၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာလည်း နောက်(၆)ရက်မှ (၁၁)ရက်အတွင်း ၄ပေမှ၅ပေထိ မြင့်တက်နိုင်သေးတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။အခုလိုမြစ်ရေမြင့်တက်နေမှုတွေကြောင့် မြစ်ကြောင်းတွေအတွင်း သွားလာနေတဲ ့ရေယာဉ်၊ သင်္ဘောများအနေနဲ့ သတိထားသင့်တဲ့အပြင် မြစ်ရေရုတ်တရက် မြင့်တက်လာနိုင်တာကြောင့် သဲသောင်ခုံများမှာ စိုက်ပျိုးနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်သင့်တယ်လို့ မိုးဇလက တာဝန်ရှိသူက ပြောပါတယ်။လက်ရှိအချိန်မှာ မလိခမြစ်ဖျားရှိ ရေခဲတောင်များ ပြိုကျမှုနဲ့ မိုးရွာသွန်းမှုကြောင့် မြစ်ကြီးနားမြို့မှာ စျေးဆိုင်တစ်ချို့ရေနစ်မြုပ်နေပါတယ်။
For Info News
https://www.facebook.com/forinfo
Viewing all articles
Browse latest Browse all 13796
Trending Articles
အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ
TTA Oreo Gapp Installer
အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်
ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ
မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း
“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”
သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်
♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫
ပူဇော်ခြင်းနှစ်မျိုး
ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...
<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>