ျမစ္ႀကီးနား ေဖေဖာ္၀ါရီ ၂၃
ယေန႔နံနက္ပိုင္း (၀၀း၁၅) နာရီအခ်ိန္ခန္႔က ပန္၀ါၿမိဳ႕ ရပ္ကြက္(၂)၊ ပန္၀ါ-ခ်ီေဖြ ကားလမ္းမေဘး ဘယ္ဘက္ျခမ္းရွိ ေနအိမ္တစ္လုံးမွ ျပင္းထန္စြာ ေပါက္ကြဲ မႈျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။
အဆိုပါ ေပါက္ကြဲမႈ ျဖစ္ပြားသည့္ ေနအိမ္တြင္ အနက္(၅)ေပ၊ အက်ယ္(၁၀)ေပ ခန္႔ ခ်ိဳင့္ခြက္ျဖစ္ေပၚၿပီး ေနအိမ္မွာ ေပါက္ကြဲပ်က္စီးသြားၿပီး ပတ္၀န္းက်င္ ရွိ ေနအိမ္(၃)လုံးေပၚသို႔ အပိုင္းအစမ်ားလြင့္စင္သြားေၾကာင္း၊ က်ား(၁)ဦး၊ မ(၂)ဦး စုစုေပါင္း(၃)ဦး ထိခိုက္ဒဏ္ရာရရွိကာ ပန္၀ါျပည္သူ႔ေဆးရုံ သို႔ ေရာက္ရွိၿပီး နံနက္(၁)နာရီ(၁၅)မိနစ္တြင္ မ(၁)ဦး ကြယ္လြန္ခဲ့ေၾကာင္း သိရွိရသည္။
ယင္းေပါက္ကြဲမႈအရွိန္ေၾကာင့္ ပန္၀ါၿမိဳ႕တြင္း (၄)ဖာလုံ ပတ္လည္ခန္႔ ရွိ ေနအိမ္ မ်ား၊ ဌာနဆိုင္ရာ အေဆာက္အဦမ်ား ၏ မွန္ျပတင္းေပါက္မ်ား၊ မွန္တံခါးမ်ား၊ လွ်ပ္စစ္မီးသီးမ်ားႏွင့္ မီးေခ်ာင္းမ်ားကြဲ၍ လွ်ပ္စစ္မီး ျပတ္ေတာက္ သြား ခဲ့ေၾကာင္း ကနဦးသတင္းရရွိသည္။
ျပည္နယ္ ျပန္/ဆက္
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.............
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃
ယနေ့နံနက်ပိုင်း (၀၀း၁၅) နာရီအချိန်ခန့်က ပန်ဝါမြို့ ရပ်ကွက်(၂)၊ ပန်ဝါ-ချီဖွေ ကားလမ်းမဘေး ဘယ်ဘက်ခြမ်းရှိ နေအိမ်တစ်လုံးမှ ပြင်းထန်စွာ ပေါက်ကွဲ မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေအိမ်တွင် အနက်(၅)ပေ၊ အကျယ်(၁၀)ပေ ခန့် ချိုင့်ခွက်ဖြစ်ပေါ်ပြီး နေအိမ်မှာ ပေါက်ကွဲပျက်စီးသွားပြီး ပတ်ဝန်းကျင် ရှိ နေအိမ်(၃)လုံးပေါ်သို့ အပိုင်းအစများလွင့်စင်သွားကြောင်း၊ ကျား(၁)ဦး၊ မ(၂)ဦး စုစုပေါင်း(၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ ပန်ဝါပြည်သူ့ဆေးရုံ သို့ ရောက်ရှိပြီး နံနက်(၁)နာရီ(၁၅)မိနစ်တွင် မ(၁)ဦး ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။
ယင်းပေါက်ကွဲမှုအရှိန်ကြောင့် ပန်ဝါမြို့တွင်း (၄)ဖာလုံ ပတ်လည်ခန့် ရှိ နေအိမ် များ၊ ဌာနဆိုင်ရာ အဆောက်အဦများ ၏ မှန်ပြတင်းပေါက်များ၊ မှန်တံခါးများ၊ လျှပ်စစ်မီးသီးများနှင့် မီးချောင်းများကွဲ၍ လျှပ်စစ်မီး ပြတ်တောက် သွား ခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
ပြည်နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar