ဧရာ၀တီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕တြင္ မီးေဘးသင့္ခံခဲ့ရသည့္ ကဏန္းဒိုင္မ်ား လုပ္ငန္းျပန္လည္ လည္ပတ္ ႏုိင္ေရး ေရြးျမစ္ကမ္းေဘးရွိ ကမ္းတုိးေျမကြက္မ်ားေပၚတြင္ ယာယီဆုိင္ခန္းမ်ား ခ်ထားေပးရန္ စီစဥ္ေနေၾကာင္း လပြတၱာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးရုံးမွ သိရွိရသည္။
လပြတၱာၿမိဳ႕တြင္ ေဖေဖာ္၀ါရီ ၄ ရက္ေန႔က ျဖစ္ပြားခဲ့ေသာ မီးေလာင္မႈတြင္ လပြတၱာၿမိဳ႕မွ ကဏန္းဒိုင္ ၁၃၀ ေက်ာ္ မီးေဘးသင့္ခဲ့ရာ ၎တို႔၏ လုပ္ငန္းမ်ား ျပန္လည္စတင္ႏိုင္ရန္ ကမ္းတိုးေျမေပၚတြင္ ဆုိင္ခန္း တစ္ခန္းလွ်င္ ၁၀ ေပ ပတ္လည္ အကြက္မ်ား ႐ုိက္၍ ယာယီဆုိင္ခန္းမ်ား ခ်ထားေပးသြားမည္ ျဖစ္ေၾကာင္း လပြတၱာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ သိရသည္။
“အခုမီးေလာင္သြားတဲ့အထဲမွာ လုပ္ငန္းရွင္ေတြ မ်ားတယ္။ အဲဒါေၾကာင့္ သူတို႔ရဲ႕လုပ္ငန္းေတြ ျပန္လည္ စတင္ႏုိင္ဖို႔အတြက္ ကမ္းတိုးေျမေတြမွာ ယာယီဆုိင္ခန္းေတြ ခ်ထားေပးဖို႔ စီစဥ္ေနပါတယ္။ မီးေလာင္ သြားတာက ကဏန္းဒိုင္ေတြ အမ်ားစုမို႔ လုပ္ငန္းျပန္လည္ပတ္ႏုိင္ဖို႔ ဦးစားေပးစီစဥ္တာပါ။ အျမန္ဆံုး ေနရာခ်ထားေပးသြားမွာပါ” ဟု လပြတၱာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ ေျပာေရးဆိုခြင့္ရွိသူ ေဒၚစႏၵာၾကည္က ေျပာသည္။
မီးေလာင္ျပင္ အားလံုးကို ရွင္းလင္းၿပီးပါက ယခု မီးေဘးသင့္ အိမ္ေထာင္စုမ်ားအျပင္ ဒီဇင္ဘာလအတြင္းက ျဖစ္ပြားခဲ့သည့္ မီးေလာင္မႈတြင္ ပါ၀င္ခဲ့ေသာ မီးေဘးသင့္ အိမ္ငါးလံုးကိုပါ ၎တို႔၏ မူလေနရာမ်ားတြင္ ေနရာျပန္လည္ ခ်ထားေပးမည္ျဖစ္ေၾကာင္း သိရသည္။
ကဏန္းလုပ္ငန္းမွာ လပြတၱာၿမိဳ႕၏ အဓိကအက်ဆံုး စီးပြားေရးတစ္ခုျဖစ္ၿပီး မီးမေလာင္မီ ကာလအထိ ၿမိဳ႕နယ္ အတြင္း ကဏန္းဒိုင္စုစုေပါင္း ၁၄၂ ဒိုင္ရွိၿပီး (၁၃၀) ေက်ာ္ မီးေဘးထဲပါသြားသျဖင့္ ကဏန္းဒိုင္မ်ားအား မွီခိုေနရသည့္ လုပ္သား ၁၀၀၀ ေက်ာ္မွာလည္း စား၀တ္ေနေရး အခက္အခဲမ်ား ျဖစ္ေပၚေနေၾကာင္း ကဏန္းလုပ္ငန္းရွင္မ်ားထံမွ သိရသည္။
“မီးေလာင္ၿပီး ေနာက္ပိုင္းမွာ လုပ္ငန္းေတြ ရပ္ဆုိင္းသြားတဲ့အတြက္ အဲဒီလုပ္ငန္းရွင္ေတြကို မွီခိုၿပီးလုပ္ကိုင္ စားေသာက္ေနၾကရတဲ့ နယ္က ေရလုပ္သားေတြ ၿမိဳ႕ေပၚက လုပ္ငန္းနဲ႔ ဆက္ႏႊယ္ပတ္သက္တဲ့ လုပ္သား အားလံုးအထိ ႐ိုက္ခတ္တာေပါ့။ ဘယ္ေလာက္အထိ ျဖစ္သြားလဲဆိုရင္ ကုန္ထမ္းသမား၊ ဆုိကၠားသမားအထိ အဲဒီအထဲမွာ ပါ၀င္တယ္” ဟု လပြတၱာၿမိဳ႕မွ KTL ကဏန္းဒိုင္ပိုင္ရွင္ ကိုတင့္လြင္က ေျပာသည္။
ျမန္မာ့ကဏန္း ျပည္ပႏုိင္ငံမ်ားသို႔ တင္ပို႔မႈမွာ ႏွစ္စဥ္ အေမရိကန္ေဒၚလာ သန္း ၃၀ ခန္႔ရရွိေၾကာင္း ေမြးျမဴေရးႏွင့္ ေရလုပ္ငန္း၀န္ႀကီးဌာနမွ သိရသည္။
သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies
...................
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့တွင် မီးဘေးသင့်ခံခဲ့ရသည့် ကဏန်းဒိုင်များ လုပ်ငန်းပြန်လည် လည်ပတ် နိုင်ရေး ရွေးမြစ်ကမ်းဘေးရှိ ကမ်းတိုးမြေကွက်များပေါ်တွင် ယာယီဆိုင်ခန်းများ ချထားပေးရန် စီစဉ်နေကြောင်း လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်။
လပွတ္တာမြို့တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် လပွတ္တာမြို့မှ ကဏန်းဒိုင် ၁၃၀ ကျော် မီးဘေးသင့်ခဲ့ရာ ၎င်းတို့၏ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ကမ်းတိုးမြေပေါ်တွင် ဆိုင်ခန်း တစ်ခန်းလျှင် ၁၀ ပေ ပတ်လည် အကွက်များ ရိုက်၍ ယာယီဆိုင်ခန်းများ ချထားပေးသွားမည် ဖြစ်ကြောင်း လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
“အခုမီးလောင်သွားတဲ့အထဲမှာ လုပ်ငန်းရှင်တွေ များတယ်။ အဲဒါကြောင့် သူတို့ရဲ့လုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့အတွက် ကမ်းတိုးမြေတွေမှာ ယာယီဆိုင်ခန်းတွေ ချထားပေးဖို့ စီစဉ်နေပါတယ်။ မီးလောင် သွားတာက ကဏန်းဒိုင်တွေ အများစုမို့ လုပ်ငန်းပြန်လည်ပတ်နိုင်ဖို့ ဦးစားပေးစီစဉ်တာပါ။ အမြန်ဆုံး နေရာချထားပေးသွားမှာပါ” ဟု လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်စန္ဒာကြည်က ပြောသည်။
မီးလောင်ပြင် အားလုံးကို ရှင်းလင်းပြီးပါက ယခု မီးဘေးသင့် အိမ်ထောင်စုများအပြင် ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် ပါ၀င်ခဲ့သော မီးဘေးသင့် အိမ်ငါးလုံးကိုပါ ၎င်းတို့၏ မူလနေရာများတွင် နေရာပြန်လည် ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
ကဏန်းလုပ်ငန်းမှာ လပွတ္တာမြို့၏ အဓိကအကျဆုံး စီးပွားရေးတစ်ခုဖြစ်ပြီး မီးမလောင်မီ ကာလအထိ မြို့နယ် အတွင်း ကဏန်းဒိုင်စုစုပေါင်း ၁၄၂ ဒိုင်ရှိပြီး (၁၃၀) ကျော် မီးဘေးထဲပါသွားသဖြင့် ကဏန်းဒိုင်များအား မှီခိုနေရသည့် လုပ်သား ၁၀၀၀ ကျော်မှာလည်း စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကဏန်းလုပ်ငန်းရှင်များထံမှ သိရသည်။
“မီးလောင်ပြီး နောက်ပိုင်းမှာ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတဲ့အတွက် အဲဒီလုပ်ငန်းရှင်တွေကို မှီခိုပြီးလုပ်ကိုင် စားသောက်နေကြရတဲ့ နယ်က ရေလုပ်သားတွေ မြို့ပေါ်က လုပ်ငန်းနဲ့ ဆက်နွှယ်ပတ်သက်တဲ့ လုပ်သား အားလုံးအထိ ရိုက်ခတ်တာပေါ့။ ဘယ်လောက်အထိ ဖြစ်သွားလဲဆိုရင် ကုန်ထမ်းသမား၊ ဆိုက္ကားသမားအထိ အဲဒီအထဲမှာ ပါ၀င်တယ်” ဟု လပွတ္တာမြို့မှ KTL ကဏန်းဒိုင်ပိုင်ရှင် ကိုတင့်လွင်က ပြောသည်။
မြန်မာ့ကဏန်း ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်ရရှိကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။
သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies