Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

တိုင္းရင္းသားပါတီ ကိုယ္စားလွယ္ေတြ တ႐ုတ္နိုင္ငံ သြားမယ္

$
0
0
တိုင္းရင္းသား ပါတီ ကိုယ္စားလွယ္ေတြ ေဘဂ်င္းၿမိဳ႕မွာ တ႐ုတ္ကြန္ျမဴနစ္ ပါတီ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဖို႔ ရွိ
ျမန္မာနိုင္ငံက တိုင္းရင္းသား ပါတီ ၄ ခုဟာ တ႐ုတ္ျပည္ ကြန္ျမဴနစ္ ပါတီရဲ့ ဖိတ္ၾကားခ်က္ နဲ႔ ေဖေဖာ္ဝါရီလ ၂၄ရက္ ေန႔မွာ တ႐ုတ္ျပည္ကို သြားေရာက္မွာ ျဖစ္ပါတယ္။

အခု ဖိတ္ၾကားခံရတဲ့ အထဲမွာ ရခိုင္ အမ်ိဳးသား ပါတီ၊ ခ်င္း အမ်ိဳးသား ပါတီ၊ ရွမ္း အမ်ိဳးသား ဒီမိုကရက္တစ္နဲ႔ ကရင္ အမ်ိဳးသား ပါတီ တို႔ ပါဝင္ၿပီး စုစုေပါင္း ကိုယ္စားလွယ္ ၂၀ သြားေရာက္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

အခု သြားေရာက္မယ့္ ျမန္မာ တိုင္းရင္းသား ကိုယ္စားလွယ္ အဖြဲ႕ဟာ တ႐ုတ္ျပည္ကို ေရာက္တဲ့ အခါ တ႐ုတ္ျပည္ရဲ့ စီးပြားေရး ဖြံ့ၿဖိဳး တိုးတက္ေနတဲ့ ေဒသေတြကို သြားေရာက္မွာ ျဖစ္တဲ့ အျပင္ ေဘဂ်င္းၿမိဳ႕မွာ ကြန္ျမဴနစ္ ပါတီ ေခါင္းေဆာင္ေတြနဲ႔ ေတြ႕ဖို႔ အစီအစဥ္ ရွိတယ္လို႔ ရခိုင္အမ်ိဳးသားပါတီက ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဖိုးစံက ေျပာပါတယ္။

ျမန္မာနိုင္ငံမွာ အစိုးရသစ္ မတက္ခင္ တိုင္းရင္းသား ပါတီေတြက ကိုယ္စားလွယ္ေတြကို တ႐ုတ္ျပည္ ကြန္ျမဴနစ္ပါတီက အခုလို ဖိတ္ၾကားတာဟာ ထူးျခားမွု ရွိေနသလို တ႐ုတ္ျပည္ အေနနဲ႔ လာမယ့္ နိုင္ငံေရး အခင္းအက်င္းမွာ တိုင္းရင္းသား ပါတီေတြနဲ႔ပါ ဆက္ဆံေရး တိုးျမႇင့္လိုတဲ့ လကၡဏာ တစ္ရပ္ ျဖစ္တယ္လို႔ အကဲခတ္ေတြက သုံးသပ္ေနၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese

...............................


တိုင်းရင်းသား ပါတီ ကိုယ်စားလှယ်တွေ ဘေဂျင်းမြို့မှာ တရုတ်ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ ရှိ
မြန်မာနိုင်ငံက တိုင်းရင်းသား ပါတီ ၄ ခုဟာ တရုတ်ပြည် ကွန်မြူနစ် ပါတီရဲ့ ဖိတ်ကြားချက် နဲ့ ဖေဖော်ဝါရီလ ၂၄ရက် နေ့မှာ တရုတ်ပြည်ကို သွားရောက်မှာ ဖြစ်ပါတယ်။

အခု ဖိတ်ကြားခံရတဲ့ အထဲမှာ ရခိုင် အမျိုးသား ပါတီ၊ ချင်း အမျိုးသား ပါတီ၊ ရှမ်း အမျိုးသား ဒီမိုကရက်တစ်နဲ့ ကရင် အမျိုးသား ပါတီ တို့ ပါဝင်ပြီး စုစုပေါင်း ကိုယ်စားလှယ် ၂၀ သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အခု သွားရောက်မယ့် မြန်မာ တိုင်းရင်းသား ကိုယ်စားလှယ် အဖွဲ့ဟာ တရုတ်ပြည်ကို ရောက်တဲ့ အခါ တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်နေတဲ့ ဒေသတွေကို သွားရောက်မှာ ဖြစ်တဲ့ အပြင် ဘေဂျင်းမြို့မှာ ကွန်မြူနစ် ပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ ရခိုင်အမျိုးသားပါတီက ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖိုးစံက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရသစ် မတက်ခင် တိုင်းရင်းသား ပါတီတွေက ကိုယ်စားလှယ်တွေကို တရုတ်ပြည် ကွန်မြူနစ်ပါတီက အခုလို ဖိတ်ကြားတာဟာ ထူးခြားမှု ရှိနေသလို တရုတ်ပြည် အနေနဲ့ လာမယ့် နိုင်ငံရေး အခင်းအကျင်းမှာ တိုင်းရင်းသား ပါတီတွေနဲ့ပါ ဆက်ဆံရေး တိုးမြှင့်လိုတဲ့ လက္ခဏာ တစ်ရပ် ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>