Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကုန္းသီးျဖင့္ပစ္ခံရသည့္ မႏၱလာမင္းခရီးသည္တင္ယာဥ္ျပန္လည္ျပင္ဆင္ၿပီးစီး

$
0
0

ေနျပည္ေတာ္ ေဖေဖာ္ဝါရီ ၂၂

ရန္ကုန္-မႏၲေလး အျမန္လမ္း ေပၚတြင္ ရန္ကုန္မွ မႏၲေလးသို႔ စတင္ ထြက္ခြာလာသည့္ မႏၲလာမင္း ခရီးသည္တင္ယာဥ္ကို ေဖေဖာ္ဝါရီ ၂၁ ရက္ ည ၉ နာရီက ကုန္းသီးျဖင့္ ပစ္ခတ္ခံခဲ့ရၿပီး ျပစ္မႈက်ဴးလြန္သူမ်ား ကို ဖမ္းဆီးရမိျခင္းမရွိေသးေၾကာင္း ႏွင့္ ေမာ္ေတာ္ယာဥ္ကို ျပန္လည္ျပင္ဆင္ၿပီးစီးသြားၿပီ ျဖစ္ေၾကာင္း သိရသည္။

မႏၲလာမင္း ယာဥ္အမွတ္ 9K/ ---- ေမာ္ေတာ္ယာဥ္သည္ ရန္ကုန္မွ စတင္ထြက္ခြာလာခဲ့ၿပီး အျမန္လမ္း မိုင္တိုင္အမွတ္ ၃၇ မိုင္ ၇ ဖာလုံအေရာက္တြင္ ယခုကဲ့သို႔ ပစ္ခတ္ခံရျခင္းျဖစ္သည္။ ပစ္ခတ္မႈ ေၾကာင့္ ေမာ္ေတာ္ယာဥ္၏ ညာဘက္ မွန္ကြဲခဲ့ၿပီး ထိခိုက္ဒဏ္ရာရရွိမႈ မရွိ ေၾကာင္း အျမန္လမ္းရဲတပ္ဖြဲ႕မွဴး႐ုံးမွ သိရသည္။

''ကြၽန္ေတာ္က မိုင္တိုင္ ၁၁၉ မွာ ဆိုင္ကယ္နဲ႔ကား တိုက္မိတဲ့ အတြက္ အျမန္လမ္းရဲတပ္ဖြဲ႕ဝင္ ေတြ၊ ၾကက္ေျခနီတပ္ဖြဲ႕ဝင္ေတြနဲ႔ အတူ အကူအညီသြားေပးေနတာပါ။ အပစ္ခံရတဲ့ကားက ကြၽန္ေတာ္ ေနာက္ဆုံးဝယ္ထားတဲ့SCANIA Marcopolo ပါ။ ၾကားၾကားခ်င္း ေတာ့ ပါလာတဲ့ခရီးသည္ေတြအတြက္ စိုးရိမ္လိုက္မိတယ္။ ေနာက္ေတာ့ ထိခိုက္ဒဏ္ရာမရတာကို သိရတယ္။ ကားပ်က္စီးတာကို မစိုးရိမ္ပါဘူး။ ကားေတြက အလုံးစုံအာမခံရွိေပမယ့္ ခရီးသည္နဲ႔ ယာဥ္ေမာင္းကိုေတာ့ စိုးရိမ္ခဲ့တယ္။ မဆင္မျခင္လုပ္ရပ္ ျဖစ္တာမို႔ အျမန္ဆုံးဖမ္းမိေစခ်င္ တယ္''ဟု ေမာ္ေတာ္ယာဥ္ ပိုင္ရွင္ ကိုေဇာ္မိုး(ပိုင္အိုးနီးယား)က ေျပာၾကားသည္။

ယေန႔ မြန္းလြဲပိုင္းတြင္ ကုန္းသီး ထိမွန္ထားသည့္ ကားေဘာ္ဒီႏွင့္ ညာဘက္မွန္တို႔ကို လဲလွယ္တပ္ဆင္ ၿပီးစီးခဲ့ၿပီး ခရီးသည္မ်ားကိုလည္း ယင္းေန႔ည ပစ္ခတ္ခံရအၿပီး ဂိတ္မွ အျခားေမာ္ေတာ္ယာဥ္ကို အခ်ိန္ မဆိုင္းဘဲပို႔ကာ ေျပာင္းလဲစီးနင္းေစ ခဲ့ေၾကာင္း သိရသည္။

''ပစ္ခတ္သူကို ဖမ္းဆီးရမိျခင္း မရွိေသးပါဘူး။ ရထားတုန္းကလည္း ခဲနဲ႔ပစ္တာမ်ဳိး ရွိခဲ့ၾကတယ္။ အနီး အနားေက်းရြာေတြအထိ လိုက္လံ စုံစမ္းစစ္ေဆးေနပါတယ္။ အျမန္ လမ္းရဲတပ္ဖြဲ႕ဝင္ေတြအားလုံး သတိ နဲ႔ စစ္ေဆး ေစာင့္ၾကည့္မႈေတြလုပ္ ေနပါတယ္။ အခုေနာက္ပိုင္းမွာ လုံၿခံဳ ေရးနဲ႔ ခရီးသည္ေတြရဲ႕ အသက္ အႏၲရာယ္အတြက္ အခ်ိန္နဲ႔အမွ် အျမန္လမ္းရဲတပ္ဖြဲ႕က လုပ္ကိုင္ေပး ေနရဲ႕သားနဲ႔ အခုလိုျဖစ္ရတာကို စုံစမ္းေဖာ္ထုတ္သြားမယ္''ဟု အျမန္ လမ္းရဲတပ္ဖြဲ႕မွဴး႐ုံးမွ တာဝန္ရွိသူ တစ္ဦးက ေျပာၾကားသည္။

သတင္း-ခင္ရတနာ
ဓာတ္ပုံ-ေဇာ္မိုး(ပိုင္အိုးနီးယား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
................


နေပြည်တော် ဖေဖော်ဝါရီ ၂၂

ရန်ကုန်-မန္တလေး အမြန်လမ်း ပေါ်တွင် ရန်ကုန်မှ မန္တလေးသို့ စတင် ထွက်ခွာလာသည့် မန္တလာမင်း ခရီးသည်တင်ယာဉ်ကို ဖေဖော်ဝါရီ ၂၁ ရက် ည ၉ နာရီက ကုန်းသီးဖြင့် ပစ်ခတ်ခံခဲ့ရပြီး ပြစ်မှုကျူးလွန်သူများ ကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း နှင့် မော်တော်ယာဉ်ကို ပြန်လည်ပြင်ဆင်ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။

မန္တလာမင်း ယာဉ်အမှတ် 9K/ ---- မော်တော်ယာဉ်သည် ရန်ကုန်မှ စတင်ထွက်ခွာလာခဲ့ပြီး အမြန်လမ်း မိုင်တိုင်အမှတ် ၃၇ မိုင် ရ ဖာလုံအရောက်တွင် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်သည်။ ပစ်ခတ်မှု ကြောင့် မော်တော်ယာဉ်၏ ညာဘက် မှန်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု မရှိ ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''ကျွန်တော်က မိုင်တိုင် ၁၁၉ မှာ ဆိုင်ကယ်နဲ့ကား တိုက်မိတဲ့ အတွက် အမြန်လမ်းရဲတပ်ဖွဲ့ဝင် တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ အတူ အကူအညီသွားပေးနေတာပါ။ အပစ်ခံရတဲ့ကားက ကျွန်တော် နောက်ဆုံးဝယ်ထားတဲ့SCANIA Marcopolo ပါ။ ကြားကြားချင်း တော့ ပါလာတဲ့ခရီးသည်တွေအတွက် စိုးရိမ်လိုက်မိတယ်။ နောက်တော့ ထိခိုက်ဒဏ်ရာမရတာကို သိရတယ်။ ကားပျက်စီးတာကို မစိုးရိမ်ပါဘူး။ ကားတွေက အလုံးစုံအာမခံရှိပေမယ့် ခရီးသည်နဲ့ ယာဉ်မောင်းကိုတော့ စိုးရိမ်ခဲ့တယ်။ မဆင်မခြင်လုပ်ရပ် ဖြစ်တာမို့ အမြန်ဆုံးဖမ်းမိစေချင် တယ်''ဟု မော်တော်ယာဉ် ပိုင်ရှင် ကိုဇော်မိုး(ပိုင်အိုးနီးယား)က ပြောကြားသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ကုန်းသီး ထိမှန်ထားသည့် ကားဘော်ဒီနှင့် ညာဘက်မှန်တို့ကို လဲလှယ်တပ်ဆင် ပြီးစီးခဲ့ပြီး ခရီးသည်များကိုလည်း ယင်းနေ့ည ပစ်ခတ်ခံရအပြီး ဂိတ်မှ အခြားမော်တော်ယာဉ်ကို အချိန် မဆိုင်းဘဲပို့ကာ ပြောင်းလဲစီးနင်းစေ ခဲ့ကြောင်း သိရသည်။

''ပစ်ခတ်သူကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ ရထားတုန်းကလည်း ခဲနဲ့ပစ်တာမျိုး ရှိခဲ့ကြတယ်။ အနီး အနားကျေးရွာတွေအထိ လိုက်လံ စုံစမ်းစစ်ဆေးနေပါတယ်။ အမြန် လမ်းရဲတပ်ဖွဲ့ဝင်တွေအားလုံး သတိ နဲ့ စစ်ဆေး စောင့်ကြည့်မှုတွေလုပ် နေပါတယ်။ အခုနောက်ပိုင်းမှာ လုံခြုံ ရေးနဲ့ ခရီးသည်တွေရဲ့ အသက် အန္တရာယ်အတွက် အချိန်နဲ့အမျှ အမြန်လမ်းရဲတပ်ဖွဲ့က လုပ်ကိုင်ပေး နေရဲ့သားနဲ့ အခုလိုဖြစ်ရတာကို စုံစမ်းဖော်ထုတ်သွားမယ်''ဟု အမြန် လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သတင်း-ခင်ရတနာ
ဓာတ်ပုံ-ဇော်မိုး(ပိုင်အိုးနီးယား)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>