Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကန္ပုိင္တီ ဘိန္းခင္း တုိက္ဖ်က္ေရး အဖြဲ႕မ်ား စတင္ ထြက္ခြာ

$
0
0
ေဖေဖၚ၀ါရီ ၂၃၊ ၂၀၁၆၊ အသင္းေတာ္ ဂိုဏ္းေပါင္းစုံ ဆရာမ်ား ဦးေဆာင္ၿပီး ကခ်င္ လူထု ဘိန္းခင္း တုိက္ဖ်က္ေရး အဖြဲ႕မ်ား ကန္ပိုင္တီသို႔ ထြက္ခြာရန္ ျပင္ဆင္ေနပုံ၊ ၀ါးေရွာင္ဂိတ္၊ ၀ိုင္းေမာ္ျမိဳ႕နယ္၊ ကခ်င္ျပည္နယ္
အစုိးရမွ တစ္ပတ္တိတိ တားဆီး ထားေသာ လူထု ဘိန္းခင္း တုိက္ဖ်က္ေရး အဖြဲ႔သည္ ၀ါးေရွာင္ဂိတ္၊ ခ်ီေဖြ-ဆဒံုး လမ္းခြမွ ကန္ပိုင္တီသို႔ ယေန႔ ျမန္မာစံေတာ္ခ်ိန္ ၂ နာရီမွ စတင္ ထြက္ခြာေနျပီ ျဖစ္သည္။

ကခ်င္ ခရစ္ယာန္ ဂုိဏ္းေပါင္းစံုမွ ေခါင္းေဆာင္မ်ား ဆုေတာင္းၿပီး ဘိန္းခင္း ဧက ေထာင္ေပါင္းမ်ားစြာ ရိွေသာ ကန္ပိုင္တီသို႔ အင္အား ၄၀၀၀ ခန္႔ရိွ ကခ်င္လူထု ဘိန္းခင္း တိုက္ဖ်က္ေရးအဖြဲ႕မ်ား ထြက္ခြာသြားျခင္းျဖစ္သည္။ ၎တို႔ကို တခဲနက္ အားေပးၾကေသာ လူထု ေထာင္ေပါင္း မ်ားစြာလည္း အတူ လုိက္ပို႔ သြားေနျပီျဖစ္သည္။

ယခု အစီစဥ္တြင္ မူးယစ္ေဆး၀ါး (ဘိန္း) တိုက္ဖ်က္ေရး အဖြဲ႕ PJS ၀တ္စံု ၀တ္ဆင္ျခင္းႏွင့္ အလံကုိင္ေဆာင္ျခင္း မျပဳဘဲ ရုိးရုိးအ၀တ္ျဖင့္သာ ခ်ီတက္ေနျပီျဖစ္သည္။

ကန္ပုိင္တီ ဘိန္းခင္းရွိရာေဒသႏွင့္ ယခု စတင္ထြက္ခြာရာ ေနရာအတြင္း အစုိုးရႏွင့္ နယ္ျခားေစာင့္တပ္ ဂိတ္မ်ားမွာ ၅ ခု ထက္ မနည္းရွိေနေသးပါသည္။

အစိုးရက တရား၀င္ခြင့္ျပဳျခင္း မရိွေသာ္လည္း “အကူညီ” ေပးသြားမည္ဟု ေျပာထားေၾကာင္း PJS အဖြဲ႕ ေခါင္းေဆာင္မ်ား ကခ်င္သတင္းဌာန KNG ကို ေျပာပါသည္။

Kachinnews
http://burmese.kachinnews.com

.......................................

 ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၆၊ အသင်းတော် ဂိုဏ်းပေါင်းစုံ ဆရာများ ဦးဆောင်ပြီး ကချင် လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့များ ကန်ပိုင်တီသို့ ထွက်ခွာရန် ပြင်ဆင်နေပုံ၊ ၀ါးရှောင်ဂိတ်၊ ၀ိုင်းမော်မြို့နယ်၊ ကချင်ပြည်နယ်
အစိုးရမှ တစ်ပတ်တိတိ တားဆီး ထားသော လူထု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့သည် ၀ါးရှောင်ဂိတ်၊ ချီဖွေ-ဆဒုံး လမ်းခွမှ ကန်ပိုင်တီသို့ ယနေ့ မြန်မာစံတော်ချိန် ၂ နာရီမှ စတင် ထွက်ခွာနေပြီ ဖြစ်သည်။

ကချင် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ ဆုတောင်းပြီး ဘိန်းခင်း ဧက ထောင်ပေါင်းများစွာ ရှိသော ကန်ပိုင်တီသို့ အင်အား ၄၀၀၀ ခန့်ရှိ ကချင်လူထု ဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့များ ထွက်ခွာသွားခြင်းဖြစ်သည်။ ၎င်းတို့ကို တခဲနက် အားပေးကြသော လူထု ထောင်ပေါင်း များစွာလည်း အတူ လိုက်ပို့ သွားနေပြီဖြစ်သည်။

ယခု အစီစဉ်တွင် မူးယစ်ဆေးဝါး (ဘိန်း) တိုက်ဖျက်ရေး အဖွဲ့ PJS ၀တ်စုံ ၀တ်ဆင်ခြင်းနှင့် အလံကိုင်ဆောင်ခြင်း မပြုဘဲ ရိုးရိုးအဝတ်ဖြင့်သာ ချီတက်နေပြီဖြစ်သည်။

ကန်ပိုင်တီ ဘိန်းခင်းရှိရာဒေသနှင့် ယခု စတင်ထွက်ခွာရာ နေရာအတွင်း အစိုုးရနှင့် နယ်ခြားစောင့်တပ် ဂိတ်များမှာ ၅ ခု ထက် မနည်းရှိနေသေးပါသည်။

အစိုးရက တရားဝင်ခွင့်ပြုခြင်း မရှိသော်လည်း “အကူညီ” ပေးသွားမည်ဟု ပြောထားကြောင်း PJS အဖွဲ့ ခေါင်းဆောင်များ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

Kachinnews
http://burmese.kachinnews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>