နိရဥၥရာ၊ ေဖေဖာ္၀ါရီလ ၂၃
ရခိုင္ျပည္နယ္ ေက်ာက္ျဖဴျမိဳ႕နယ္ ဇင္ေခ်ာင္းတိုက္နယ္ အပိုင္ ေက်ာက္ကေလေက်းရြာမွ လူ ေလးဦးကို ျမိဳ႕နယ္ အထူးရဲတပ္ဖြဲ႕ (SB) မွ ထိန္းသိမ္းထားသည္ဟု ေက်းရြာသားမ်ားက ေျပာသည္။
ထိန္းသိမ္းခံထားရသူမ်ားမွာ ဦသိန္းလိူင္၊ ငမဲဦး၊ ညီညီႏိုင္ႏွင့္ ကားပိုင္ရွင္ ထူးထူးေမာင္တို႕ ျဖစ္ေၾကာင္း ညီညိႏိုင္၏ မိခင္ ျဖစ္သူက ေျပာသည္။
“ ကၽြန္မသား ညီညီႏိုင္နဲ႕ ဦးသိန္းလိႈင္ကို မေန႕က နံနက္ ၉ နာရီ ၁၀ နာရီခန္႕မွာ ေခၚေဆာင္ သြားပါတယ္။ အက္စ္ဘီက လို႕ ေျပာျပီး ေခၚသြား ပါတယ္။ အက္စ္ဘီဆိုတာ ဘယ္အဖြဲ႕အစည္း ဆိုတာလည္း မသိပါဘူး” ဟု ညီညီႏိုင္ မိခင္ ျဖစ္သူက ယေန႕ နံနက္ ၈ နာရီခန္႕က နိရဥၥရာ သတင္းဌာန သို႕ ေျပာဆိုသည္။
ညီညီႏိုင္ႏွင့္ ဦးသိန္းလိႈင္ တို႕ ႏွစ္ဦးအား ေက်ာက္ကေလ ေက်းရြာမွ SB က ေခၚေဆာင္သြားစဥ္ ငမဲဦးမွာ ရြာအျပင္သုိ႕ ေရာက္ေန၍ ငမဲဦးအား လာပို႕ရန္ မွာၾကားထားသျဖင့္ ကားပိုင္ရွင္ ဦးထူးထူးေမာင္မွ ေက်ာက္ျဖဴျမိဳ႕ SB စခန္းသို႕ လိုက္ပို႕စဥ္ ဦးငမဲဦးႏွင့္ ဦးထူးထူးေမာင္အား SB က ဆြဲထားလိုက္သည္ဟု ဆိုသည္။
“ အခုလို သတင္းမၾကား၊ ဘာသတင္းမွလည္း မရတဲ့ အတြက္ ေဒၚေဒၚ တို႕မွာ အထူးစိုးရိမ္ေနပါတယ္။ ထမင္းလည္း စားမ၀င္၊ ေရလည္း ေသာက္မရဘဲ ျဖစ္ေနပါျပီ။ ဒီရြာမွာ ဒီလို ျဖစ္တာလည္း မရွိတဲ့ အတြက္ တစ္ရြာလံုးက စုိးရိမ္ေနၾကပါတယ္” ဟု ညီညီႏိုင္မိခင္ ျဖစ္သူက ဆိုသည္။
ဖမ္းဆီးခံရသူ ေလးဦးထဲတြင္ ဦသိန္းလိူင္၊ ငမဲဦး၊ ညီညီႏိုင္ တို႕မွာ ေဖေဖာ္၀ါရီလ ၁၇ ရက္ေန႕ ညဥ္႕က တာတမံ ဆည္ဖို႕ရာတြင္ အိပ္ေနစဥ္ စစ္တပ္၏ ဖမ္းဆီးျခင္းကို ခံရသူမ်ား ျဖစ္ၾကျပီး ရိုက္ပုတ္ ထိုးၾကိတ္ျခင္းကို ခံခဲ့ရသူမ်ားျဖစ္ၾကသည္ဟု သိရသည္။
အဆိုပါ လူေလးဦးဖမ္းဆီးခံရျခင္း ကိစၥႏွင့္ ပတ္သက္ျပီး နိရဥၥရာမွ ေက်ာက္ျဖဴျမိဳ႕နယ္ ရဲစခန္းသို႕ ဆက္သြယ္ရာ ေက်ာက္ကေလ ေက်းရြာမွ တစ္ဦးတစ္ေယာက္ကိုမွ ဖမ္းဆီးထားျခင္း မရွိေၾကာင္း၊ ေက်ာက္ကေလ ေက်းရြာမွာ စနဲရဲစခန္းအပိုင္ ျဖစ္သျဖင့္ စနဲရဲစခန္းသို႕ ဆက္သြယ္ေမးျမန္း သင့္ပါေၾကာင္း၊ SB စခန္းမွာ ျမိဳ႕ျပင္တြင္ တည္ရွိျပီး ဆက္သြယ္ရမည့္ ဖုန္းနံပတ္ကို မသိရွိပါေၾကာင္း တာ၀န္က် ရဲအရာရွိက ေျပာၾကားသည္။
စနဲရဲစခန္းသုိ႕ဆက္သြယ္ေမးျမန္းရာ စနဲရဲစခန္းအေနျဖင့္ ယခု ျဖစ္စဥ္ႏွင့္ ပတ္သက္ျပီး တစ္စံုတစ္ရာ မသိရွိေသးပါေၾကာင္း၊ စနဲ ရဲစခန္းမွ ေက်ာက္ကေလ ေက်းရြာမွ တစ္စံုတစ္ဦးအား ဖမ္းဆီးထားျခင္း မရွိပါေၾကာင္း၊ ေက်ာက္ကေလ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးသို႕ ဆက္သြယ္ျပီး ေမးျမန္းၾကည့္မည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။
လူေလးဦး ထိန္းသိမ္းခံထားရျပီး မိသားစုမ်ားႏွင့္ ဆက္သြယ္ မရဘဲ ျဖစ္ေနသည့္ အေပၚ ေက်ာက္ျဖဴျမိဳ႕နယ္ ျပည္သူ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘရွင္အား ေမးၾကည့္ရာ ယခု သတင္းကို မရရွိေသးေၾကာင္း၊ ခရိုင္ရဲမွဴးႏွင့္ ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး တို႕ကို ေမးၾကည့္မည္ ျဖစ္ေၾကာင္း ေျပာၾကားသည္။
ေနာက္ဆံုး ရရွိသတင္းအရ ယခု လူေလးဦး ထိန္းသိမ္းခံရျခင္းႏွင့္ ပတ္သက္ျပီး ခရိုင္ရဲမွဴးကို ေမးၾကည့္ရာတြင္လည္း ခရိုင္ရဲမွဴးကိုယ္တိုင္ မသိရွိေသးေၾကာင္း ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘရွင္က ေျပာၾကားသည္။
ယခုအခါ ညီညိႏိုင္ မိခင္၊ ငမဲဦး မိခင္တို႕မွာ ေက်ာက္ကေလ ေက်းရြာမွေန ေက်ာက္ျဖဴျမိဳ႕သို႕ ကားျဖင့္ လိုက္ပါသြားၾကသည္ဟု ေက်းရြာသားမ်ားက ေျပာၾကားသည္။
နိရဥၥရာ အေနျဖင့္ ေက်ာက္ျဖဴျမိဳ႕နယ္ အထူးရဲတပ္ဖြဲ႕ (SB) ႏွင့္ အဆက္အသြယ္ မရရွိေသးသျဖင့္ ယခု ဖမ္းဆီး ထိန္းသိမ္းမႈမွာ SB ႏွင့္ သက္ဆိုင္မႈ ရွိ/ မရွိ အတည္ျပဳႏိုင္ျခင္း မရွိေသးပါ။
Arakan State
https://www.facebook.com/NarinjaraNews
.................................
နိရဥ္စရာ၊ ဖေဖော်ဝါရီလ ၂၃
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ် အပိုင် ကျောက်ကလေကျေးရွာမှ လူ လေးဦးကို မြို့နယ် အထူးရဲတပ်ဖွဲ့ (SB) မှ ထိန်းသိမ်းထားသည်ဟု ကျေးရွာသားများက ပြောသည်။
ထိန်းသိမ်းခံထားရသူများမှာ ဦသိန်းလိူင်၊ ငမဲဦး၊ ညီညီနိုင်နှင့် ကားပိုင်ရှင် ထူးထူးမောင်တို့ ဖြစ်ကြောင်း ညီညိနိုင်၏ မိခင် ဖြစ်သူက ပြောသည်။
“ ကျွန်မသား ညီညီနိုင်နဲ့ ဦးသိန်းလှိုင်ကို မနေ့က နံနက် ၉ နာရီ ၁၀ နာရီခန့်မှာ ခေါ်ဆောင် သွားပါတယ်။ အက်စ်ဘီက လို့ ပြောပြီး ခေါ်သွား ပါတယ်။ အက်စ်ဘီဆိုတာ ဘယ်အဖွဲ့အစည်း ဆိုတာလည်း မသိပါဘူး” ဟု ညီညီနိုင် မိခင် ဖြစ်သူက ယနေ့ နံနက် ၈ နာရီခန့်က နိရဥ္စရာ သတင်းဌာန သို့ ပြောဆိုသည်။
ညီညီနိုင်နှင့် ဦးသိန်းလှိုင် တို့ နှစ်ဦးအား ကျောက်ကလေ ကျေးရွာမှ SB က ခေါ်ဆောင်သွားစဉ် ငမဲဦးမှာ ရွာအပြင်သို့ ရောက်နေ၍ ငမဲဦးအား လာပို့ရန် မှာကြားထားသဖြင့် ကားပိုင်ရှင် ဦးထူးထူးမောင်မှ ကျောက်ဖြူမြို့ SB စခန်းသို့ လိုက်ပို့စဉ် ဦးငမဲဦးနှင့် ဦးထူးထူးမောင်အား SB က ဆွဲထားလိုက်သည်ဟု ဆိုသည်။
“ အခုလို သတင်းမကြား၊ ဘာသတင်းမှလည်း မရတဲ့ အတွက် ဒေါ်ဒေါ် တို့မှာ အထူးစိုးရိမ်နေပါတယ်။ ထမင်းလည်း စားမဝင်၊ ရေလည်း သောက်မရဘဲ ဖြစ်နေပါပြီ။ ဒီရွာမှာ ဒီလို ဖြစ်တာလည်း မရှိတဲ့ အတွက် တစ်ရွာလုံးက စိုးရိမ်နေကြပါတယ်” ဟု ညီညီနိုင်မိခင် ဖြစ်သူက ဆိုသည်။
ဖမ်းဆီးခံရသူ လေးဦးထဲတွင် ဦသိန်းလိူင်၊ ငမဲဦး၊ ညီညီနိုင် တို့မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညဉ့်က တာတမံ ဆည်ဖို့ရာတွင် အိပ်နေစဉ် စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံရသူများ ဖြစ်ကြပြီး ရိုက်ပုတ် ထိုးကြိတ်ခြင်းကို ခံခဲ့ရသူများဖြစ်ကြသည်ဟု သိရသည်။
အဆိုပါ လူလေးဦးဖမ်းဆီးခံရခြင်း ကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာမှ ကျောက်ဖြူမြို့နယ် ရဲစခန်းသို့ ဆက်သွယ်ရာ ကျောက်ကလေ ကျေးရွာမှ တစ်ဦးတစ်ယောက်ကိုမှ ဖမ်းဆီးထားခြင်း မရှိကြောင်း၊ ကျောက်ကလေ ကျေးရွာမှာ စနဲရဲစခန်းအပိုင် ဖြစ်သဖြင့် စနဲရဲစခန်းသို့ ဆက်သွယ်မေးမြန်း သင့်ပါကြောင်း၊ SB စခန်းမှာ မြို့ပြင်တွင် တည်ရှိပြီး ဆက်သွယ်ရမည့် ဖုန်းနံပတ်ကို မသိရှိပါကြောင်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
စနဲရဲစခန်းသို့ဆက်သွယ်မေးမြန်းရာ စနဲရဲစခန်းအနေဖြင့် ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ မသိရှိသေးပါကြောင်း၊ စနဲ ရဲစခန်းမှ ကျောက်ကလေ ကျေးရွာမှ တစ်စုံတစ်ဦးအား ဖမ်းဆီးထားခြင်း မရှိပါကြောင်း၊ ကျောက်ကလေ ကျေးရွာ အုပ်ချုပ်ရေးမှူးသို့ ဆက်သွယ်ပြီး မေးမြန်းကြည့်မည် ဖြစ်ကြောင်း ပြောကြားသည်။
လူလေးဦး ထိန်းသိမ်းခံထားရပြီး မိသားစုများနှင့် ဆက်သွယ် မရဘဲ ဖြစ်နေသည့် အပေါ် ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်အား မေးကြည့်ရာ ယခု သတင်းကို မရရှိသေးကြောင်း၊ ခရိုင်ရဲမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့ကို မေးကြည့်မည် ဖြစ်ကြောင်း ပြောကြားသည်။
နောက်ဆုံး ရရှိသတင်းအရ ယခု လူလေးဦး ထိန်းသိမ်းခံရခြင်းနှင့် ပတ်သက်ပြီး ခရိုင်ရဲမှူးကို မေးကြည့်ရာတွင်လည်း ခရိုင်ရဲမှူးကိုယ်တိုင် မသိရှိသေးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင်က ပြောကြားသည်။
ယခုအခါ ညီညိနိုင် မိခင်၊ ငမဲဦး မိခင်တို့မှာ ကျောက်ကလေ ကျေးရွာမှနေ ကျောက်ဖြူမြို့သို့ ကားဖြင့် လိုက်ပါသွားကြသည်ဟု ကျေးရွာသားများက ပြောကြားသည်။
နိရဥ္စရာ အနေဖြင့် ကျောက်ဖြူမြို့နယ် အထူးရဲတပ်ဖွဲ့ (SB) နှင့် အဆက်အသွယ် မရရှိသေးသဖြင့် ယခု ဖမ်းဆီး ထိန်းသိမ်းမှုမှာ SB နှင့် သက်ဆိုင်မှု ရှိ/ မရှိ အတည်ပြုနိုင်ခြင်း မရှိသေးပါ။
Arakan State
https://www.facebook.com/NarinjaraNews