Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဦးညီညီလြင္ အာမခံေလွ်ာက္ထားမႈ တရားရံုး ထပ္မံပယ္ခ်

$
0
0

အရွင္ဂမၻီရ(ခ)ဦးညီညီလြင္ ကို ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က မႏၱေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္ တရားရံုးမွာ ရံုးထုတ္စဥ္။ Photo: Hset Paing Toe/RFA
ေရႊဝါေရာင္သံဃာ့လႈပ္ရွားမႈမွာ အရွင္ဂမၻီရအျဖစ္ ထင္ရွားခဲ့တဲ့ ႏိုင္ငံေရး အက်ဥ္းသားေဟာင္း ဦးညီညီလြင္ရဲ့ အာမခံေလွ်ာက္ထားမႈကို မႏၱေလးတိုင္းေဒသၾကီး မဟာေအာင္ေျမၿမိဳ႕နယ္တရားရံုးက ဒီကေန႔ ထပ္မံပယ္ခ်လိုက္ပါတယ္။

ဒီေန႔ တရားရံုးစစ္ေဆးမႈမွာ ဒုရဲမွဴးတစ္ဦးအပါအ၀င္ တရားလိုျပသက္ေသ ၃ဦးကို စစ္ေဆးၿပီး ဦးညီညီလြင္ ရ့ဲ အာမခံေလွ်ာက္ထားမႈကို ပယ္ခ်လိုက္တာျဖစ္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္ က ေျပာပါတယ္။

"က်ေနာ္တို႔က ရဖို႔ ရာခိုင္ႏႈန္းနည္းပါတယ္၊ ဘာလို႔လဲဆိုေတာ့ စြပ္စြဲခံရသူရဲ႕ႏိုင္ငံေရး အရွိန္အဝါကလည္းရွိေနတယ္၊ ၾသဇာကလည္းက်ယ္ျပန္႔တယ္၊ သူ႔မွာအာဏာ မရွိေပမယ္လို႔ ၾသဇာရွိတဲ့ပုဂၢိဳလ္ထဲမွာ သူလည္းပါတယ္၊ အဲ့ဒါေၾကာင့္ အာမခံကေတာ့ သိပ္ၿပီးေတာ့ ေမွ်ာ္မွန္းခ်က္မထားဘူး"

ဦးညီညီလြင္ရဲ့ က်န္းမာေရးအေျခအေနေၾကာင့္ အာမခံေပးဖို႔ ထပ္မံေလွ်ာက္ထား ခဲ့တယ္လို႔လည္း သိရပါတယ္။ ဦးညီညီလြင္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ က တရားမ၀င္ နယ္ျခားျဖတ္ေက်ာ္မႈ ပုဒ္မ ၁၃(၁) နဲ႔ ဖမ္းဆီးခံရၿပီး အိုးဘိုအက်ဥ္းေထာင္မွာ ထိန္းသိမ္း ခံထားရပါတယ္။

အရွင္ဂမၻီရ ေခၚ ဦးညီညီလြင္ဟာ ေရႊဝါေရာင္သံဃာ့လႈပ္ရွားမႈမွာ ဦးေဆာင္ခဲ့တဲ့အတြက္ ေထာင္ဒဏ္က်ခံခဲ့ရၿပီး လြန္ခဲ့တဲ့ ၂၀၁၂ ခုႏွစ္က ျပန္လည္လြတ္ေျမာက္ လာၿပီးေနာက္ လူဝတ္လဲကာ ထိုင္းႏုိင္ငံမွာ သြားေရာက္ေနထိုင္ခဲ့တာ ျဖစ္ပါတယ္။

BBC Burmese
http://www.rfa.org/burmese
............

အရှင်ဂမ္ဘီရ(ခ)ဦးညီညီလွင် ကို ဖေဖော်ဝါရီလ ၃ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်။ Photo: Hset Paing Toe/RFA
ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ အရှင်ဂမ္ဘီရအဖြစ် ထင်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးညီညီလွင်ရဲ့ အာမခံလျှောက်ထားမှုကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တရားရုံးက ဒီကနေ့ ထပ်မံပယ်ချလိုက်ပါတယ်။

ဒီနေ့ တရားရုံးစစ်ဆေးမှုမှာ ဒုရဲမှူးတစ်ဦးအပါအဝင် တရားလိုပြသက်သေ ၃ဦးကို စစ်ဆေးပြီး ဦးညီညီလွင် ရဲ့ အာမခံလျှောက်ထားမှုကို ပယ်ချလိုက်တာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။

"ကျနော်တို့က ရဖို့ ရာခိုင်နှုန်းနည်းပါတယ်၊ ဘာလို့လဲဆိုတော့ စွပ်စွဲခံရသူရဲ့နိုင်ငံရေး အရှိန်အဝါကလည်းရှိနေတယ်၊ သြဇာကလည်းကျယ်ပြန့်တယ်၊ သူ့မှာအာဏာ မရှိပေမယ်လို့ သြဇာရှိတဲ့ပုဂ္ဂိုလ်ထဲမှာ သူလည်းပါတယ်၊ အဲ့ဒါကြောင့် အာမခံကတော့ သိပ်ပြီးတော့ မျှော်မှန်းချက်မထားဘူး"

ဦးညီညီလွင်ရဲ့ ကျန်းမာရေးအခြေအနေကြောင့် အာမခံပေးဖို့ ထပ်မံလျှောက်ထား ခဲ့တယ်လို့လည်း သိရပါတယ်။ ဦးညီညီလွင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ က တရားမဝင် နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) နဲ့ ဖမ်းဆီးခံရပြီး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်း ခံထားရပါတယ်။

အရှင်ဂမ္ဘီရ ခေါ် ဦးညီညီလွင်ဟာ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ခဲ့တဲ့အတွက် ထောင်ဒဏ်ကျခံခဲ့ရပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ပြန်လည်လွတ်မြောက် လာပြီးနောက် လူဝတ်လဲကာ ထိုင်းနိုင်ငံမှာ သွားရောက်နေထိုင်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.rfa.org/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>