ပန္ဝါမွာ ေပါက္ကြဲမွု ျဖစ္လို႔ ပ်က္စီးမွု မ်ားျပား |
ဒဏ္ရာရသြားၾကသူ ေတြက ေဘးအိမ္က ဆယ္ေက်ာ္သက္အရြယ္ ေမာင္ႏွမ သုံးေယာက္ျဖစ္ၿပီး ၁၄ ႏွစ္ အရြယ္ မလုလုေအာင္က ပန္ဝါေဆး႐ုံေပၚမွာ ေသဆုံးသြားခဲ့ ပါတယ္။
ျပင္းထန္တဲ့ ေပါက္ကြဲမွုေၾကာင့္ ေဘးပတ္ဝန္းက်င္က ေနအိမ္ေတြကို အပိုင္းအစေတြ လြင့္စင္ သြားခဲ့ၿပီး စာသင္ေက်ာင္းနဲ႔ ဘုရားေက်ာင္း အပါအဝင္ ေနအိမ္တခ်ိဳ႕ ထိခိုက္ ခဲ့တယ္လို႔ ေပါက္မွုျဖစ္ရာ ေနရာကို သြားၾကည့္ခဲ့တဲ့ ခရစ္ယာန္ ဆရာေတာ္ ဦးရင္ေခါ က ဘီဘီစီကို ေျပာပါတယ္။
ေပါက္ကြဲမွု ျဖစ္တဲ့ ေနအိမ္မွာ ဘယ္သူမွ ရွိမေနဘဲ ေဘးအိမ္က လူေတြကို ထိခိုက္ခဲ့တာ လို႔လည္း သူက ေျပာပါတယ္။
ပန္ဝါၿမိဳ႕ ၂ ရပ္ကြက္က ပန္ဝါနဲ႔ ခ်ီေဖြ ကားလမ္းမ ေဘးက ေနအိမ္မွာ သိုေလွာင္ထားတဲ့ မိုင္းလုပ္ရာမွာသုံးတဲ့ ယမ္းေတြေပါက္ကြဲခဲ့တာ ျဖစ္ေၾကာင္း ျမန္မာနိုင္ငံ ရဲတပ္ဖြဲ႕က ရဲအရာရွိက ေျပာပါတယ္။
အဲဒီေဒသမွာ သတၱဳတူးေဖၚေရးအတြက္ မိုင္းယမ္းေတြကို အသုံးျပဳၾကတာ ရွိေပမဲ့ အခုေပါက္ကြဲခဲ့တဲ့ မိုင္းယမ္းေတြဟာ ဘာအတြက္ အသုံးျပဳဖို႔လဲ ဆိုတာနဲ႔ ပိုင္ရွင္ အစစ္အမွန္က ဘယ္သူလဲဆိုတာ စုံစမ္းေနတုန္းပဲလို႔ ရဲအရာရွိႀကီးက ေျပာပါတယ္။
ေပါက္ကြဲတဲ့ အိမ္ရဲ့ပိုင္ရွင္က ဦးထြန္းရွန္ဇုံးတင့္ ျဖစ္ၿပီး ဦးၾကည္စိုး ဆိုသူငွားရမ္းထား တာျဖစ္တယ္လို႔ သူက ေျပာပါတယ္။
BBC Burmese
http://www.bbc.com/burmese
..........
ပန်ဝါမှာ ပေါက်ကွဲမှု ဖြစ်လို့ ပျက်စီးမှု များပြား
တနင်္လာည သန်းခေါင်ကျော် အင်္ဂါနေ့ မနက် အစောပိုင်းမှာ ကချင်ပြည်နယ် ပန်ဝါမြို့က နေအိမ် တစ်လုံးမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတွက် နေအိမ် တချို့ ပျက်စီးပြီး ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိခဲ့ပါတယ်။
ဒဏ်ရာရသွားကြသူ တွေက ဘေးအိမ်က ဆယ်ကျော်သက်အရွယ် မောင်နှမ သုံးယောက်ဖြစ်ပြီး ၁၄ နှစ် အရွယ် မလုလုအောင်က ပန်ဝါဆေးရုံပေါ်မှာ သေဆုံးသွားခဲ့ ပါတယ်။
ပြင်းထန်တဲ့ ပေါက်ကွဲမှုကြောင့် ဘေးပတ်ဝန်းကျင်က နေအိမ်တွေကို အပိုင်းအစတွေ လွင့်စင် သွားခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုရားကျောင်း အပါအဝင် နေအိမ်တချို့ ထိခိုက် ခဲ့တယ်လို့ ပေါက်မှုဖြစ်ရာ နေရာကို သွားကြည့်ခဲ့တဲ့ ခရစ်ယာန် ဆရာတော် ဦးရင်ခေါ က ဘီဘီစီကို ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်တဲ့ နေအိမ်မှာ ဘယ်သူမှ ရှိမနေဘဲ ဘေးအိမ်က လူတွေကို ထိခိုက်ခဲ့တာ လို့လည်း သူက ပြောပါတယ်။
ပန်ဝါမြို့ ၂ ရပ်ကွက်က ပန်ဝါနဲ့ ချီဖွေ ကားလမ်းမ ဘေးက နေအိမ်မှာ သိုလှောင်ထားတဲ့ မိုင်းလုပ်ရာမှာသုံးတဲ့ ယမ်းတွေပေါက်ကွဲခဲ့တာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအရာရှိက ပြောပါတယ်။
အဲဒီဒေသမှာ သတ္တုတူးဖေါ်ရေးအတွက် မိုင်းယမ်းတွေကို အသုံးပြုကြတာ ရှိပေမဲ့ အခုပေါက်ကွဲခဲ့တဲ့ မိုင်းယမ်းတွေဟာ ဘာအတွက် အသုံးပြုဖို့လဲ ဆိုတာနဲ့ ပိုင်ရှင် အစစ်အမှန်က ဘယ်သူလဲဆိုတာ စုံစမ်းနေတုန်းပဲလို့ ရဲအရာရှိကြီးက ပြောပါတယ်။
ပေါက်ကွဲတဲ့ အိမ်ရဲ့ပိုင်ရှင်က ဦးထွန်းရှန်ဇုံးတင့် ဖြစ်ပြီး ဦးကြည်စိုး ဆိုသူငှားရမ်းထား တာဖြစ်တယ်လို့ သူက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese