တာခ်ီလိတ္ ေဖေဖာ္ဝါရီ ၂၃
ရွမ္းျပည္နယ္ အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု ပါခုတ္ေက်းရြာ ပူးေပါင္း စစ္ေဆးေရးစခန္း၌ ေငြက်ပ္သန္းေပါင္း ၁၅၇၅ဝ (၁၅ ဘီလီယံေက်ာ္) တန္ဖိုးရွိ WY စာတန္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား သိန္း ၆ဝ ေက်ာ္အား ေဖေဖာ္ဝါရီ ၂၃ ရက္ နံနက္ ၁ဝ နာရီခြဲက ဖမ္းဆီးရမိေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕ တပ္ဖြဲ႕စု (၃ဝ) တာခ်ီလိတ္မွ ရဲအုပ္ ရဲဝင္းထြန္း ဦးစီးအဖြဲ႕ စစ္ ဗ်ဴဟာအဖြဲ႕(အေျခခ်) တာခ်ီလိတ္ မွ ပူးေပါင္းအဖဲြ႕သည္ သက္ေသမ်ား ႏွင့္အတူ တာခ်ီလိတ္ၿမဳိ႕နယ္၊ မုိင္းဖုန္း(ခ) ေက်းရြာအုပ္စု ပါခုတ္ ပူးေပါင္းစစ္ေဆးေရး စခန္းတြင္ တာခ်ီလိတ္ၿမဳိ႕ဘက္မွ ဝမ္ပံုဘက္ သုိ႔ အုိက္ကြၽမ္ေမာင္းႏွင္လာ ၿပီး အုိက္ကစ္လိုက္ပါလာသည့္MDY 6G/---- SKAT သဲေက်ာက္ တင္ေဆာင္ေမာင္းႏွင္လာ ေသာ ေျခာက္ဘီးယာဥ္အား ရပ္တန္႔ စစ္ေဆးရွာေဖြခဲ့သည္။
ထုိသုိ႔ ရွာေဖြခဲ့ရာ ယာဥ္ ေနာက္ခန္းတြင္ တင္ေဆာင္လာသည့္ သဲေက်ာက္မ်ားေအာက္ရွိ ၾကမ္းခင္း၌ ႏွစ္ထပ္အံဝွက္အတြင္းမွ အစိမ္း ေရာင္ေက်ာပုိးအိတ္မ်ားျဖင့္ ထည့္ လ်က္ ေက်ာပုိးအိတ္တစ္လံုးလွ်င္ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၆ဝဝဝ စီပါ အထုပ္ ၃ဝ၊ (ေဆးျပား ၁၈ဝဝဝဝ )ခန္႔၊ ယင္းကဲ့သုိ႔ ေက်ာပုိးအိတ္ ေပါင္း ၃၅ လံုး စုစုေပါင္းစိတ္ၾကြ ႐ူးသြပ္ေဆးျပား ၆၃ဝဝဝဝဝ အေလးခ်ိန္ ၆၃ဝ ကီလုိဂရမ္ခန္႔၊ ကာလတန္ဖုိးေငြက်ပ္ သန္းေပါင္း ၁၅၇၅ဝ ခန္႔ႏွင့္ မုိဘုိင္းဖုန္းငါးလံုး ႏွင့္အတူ သိမ္းဆည္းရမိသည္။
အဆုိပါ မူးယစ္ေဆးဝါးမ်ားႏွင့္ အတူ ဖမ္းဆီးရမိသူ အုိက္ကြၽမ္ႏွင့္ အုိက္ကစ္တုိ႔ႏွစ္ဦးကို ဝမ္ပံုနယ္ေျမ ရဲစခန္းက အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိ ရသည္။
(ခ႐ုိင္ ျပန္/ဆက္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
........
တာချီလိတ် ဖေဖော်ဝါရီ ၂၃
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ပါခုတ်ကျေးရွာ ပူးပေါင်း စစ်ဆေးရေးစခန်း၌ ငွေကျပ်သန်းပေါင်း ၁၅၇၅ဝ (၁၅ ဘီလီယံကျော်) တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား သိန်း ၆ဝ ကျော်အား ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁ဝ နာရီခွဲက ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့စု (၃ဝ) တာချီလိတ်မှ ရဲအုပ် ရဲဝင်းထွန်း ဦးစီးအဖွဲ့ စစ် ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် မှ ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ပါခုတ် ပူးပေါင်းစစ်ဆေးရေး စခန်းတွင် တာချီလိတ်မြို့ဘက်မှ ဝမ်ပုံဘက် သို့ အိုက်ကျွမ်မောင်းနှင်လာ ပြီး အိုက်ကစ်လိုက်ပါလာသည့်MDY 6G/---- SKAT သဲကျောက် တင်ဆောင်မောင်းနှင်လာ သော ခြောက်ဘီးယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေခဲ့ရာ ယာဉ် နောက်ခန်းတွင် တင်ဆောင်လာသည့် သဲကျောက်များအောက်ရှိ ကြမ်းခင်း၌ နှစ်ထပ်အံဝှက်အတွင်းမှ အစိမ်း ရောင်ကျောပိုးအိတ်များဖြင့် ထည့် လျက် ကျောပိုးအိတ်တစ်လုံးလျှင် စိတ်ကြွရူးသွပ်ဆေးပြား ၆ဝဝဝ စီပါ အထုပ် ၃ဝ၊ (ဆေးပြား ၁၈ဝဝဝဝ )ခန့်၊ ယင်းကဲ့သို့ ကျောပိုးအိတ် ပေါင်း ၃၅ လုံး စုစုပေါင်းစိတ်ကြွ ရူးသွပ်ဆေးပြား ၆၃ဝဝဝဝဝ အလေးချိန် ၆၃ဝ ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုးငွေကျပ် သန်းပေါင်း ၁၅၇၅ဝ ခန့်နှင့် မိုဘိုင်းဖုန်းငါးလုံး နှင့်အတူ သိမ်းဆည်းရမိသည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူ အိုက်ကျွမ်နှင့် အိုက်ကစ်တို့နှစ်ဦးကို ဝမ်ပုံနယ်မြေ ရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိ ရသည်။
(ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/