Monday, 22 February 2016
စဥ့္ကူးၿမိဳ႕နယ္ ေရႊက်င္ေက်း ရြာ ပ်ံက်ေရႊေတာတြင္ေနထိုင္ေသာ ေမာင္ထြန္းအသက္(၄ဝ)၊ဝင္းေအာင္ (၄၈ႏွစ္)၊ကန္ဘက္ေက်းရြာသပိတ္ က်င္းၿမိဳ႕နယ္ေမာင္ေက်ာ္(၃၈ႏွစ္)၊ တင့္ဆန္း(၅၄ႏွစ္) ဇရပ္ကြင္းေက်း ရြာ သပိတ္က်င္းၿမိဳ႕နယ္ေနသူတို႕ ေလးဦးသည္ ေရႊလုပ္ကြက္ အလုပ္ သမားတန္းလ်ားတြင္ အရက္အတူ ေသာက္ေနစဥ္ ေမာင္ထြန္းက ၄င္း မွာတုတ္ၿပီး ဓားၿပီးေၾကာင္း မၾကာ ခဏေနာက္ေျပာင္ေျပာဆိုေနသျဖင့္ ဝင္းေအာင္က ငါထိုးၾကည့္မည္ဟု ေျပာကာ အနီးရွိအ႐ုိးအသြား ၁ဝ လက္မခန္႕ရွိ ဓားဦးခြၽန္ျဖင့္ ေမာင္ ထြန္း၏ယာေပါင္ကို ထိုးခဲ့သည္။
ထို႕ေနာက္၄င္းတို႔ေလးဦးအိပ္ေနစဥ္ ၁ဝမိနစ္ခန္႕အၾကာ တင့္ဆန္းက အိပ္ရာႏိုးလာၿပီး ေမာင္ထြန္းအား ၾကည့္ရာယာေပါင္မွေသြးမ်ားထြက္ ေနသည္ကိုေတြ႕ရသျဖင့္ ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္သန္းထံ အေၾကာင္းၾကားၿပီး ျပန္လာစဥ္ ေမာင္ထြန္းမွာ ေသဆုံးေနေၾကာင္း ေတြ႕ရသျဖင့္ ေက်းရြာအုပ္ခ်ဳပ္ေရး မွဴးက တိုင္တန္း၍ ဝင္းေအာင္အား စဥ့္ကူးၿမိဳ႕မရဲစခန္းက(ပ)၅/၂ဝ၁၆ ျပစ္မႈပုဒ္မ၃ဝ၂ အရဖမ္းဆီးစစ္ ေဆးလ်က္ရွိေၾကာင္း သိရသည္။
ေမာင္ျပည္သူ(မႏၲေလး)
The Union Daily
http://uniondaily.net
............
Monday, 22 February 2016
စဉ့်ကူးမြို့နယ် ရွှေကျင်ကျေး ရွာ ပျံကျရွှေတောတွင်နေထိုင်သော မောင်ထွန်းအသက်(၄ဝ)၊ဝင်းအောင် (၄၈နှစ်)၊ကန်ဘက်ကျေးရွာသပိတ် ကျင်းမြို့နယ်မောင်ကျော်(၃၈နှစ်)၊ တင့်ဆန်း(၅၄နှစ်) ဇရပ်ကွင်းကျေး ရွာ သပိတ်ကျင်းမြို့နယ်နေသူတို့ လေးဦးသည် ရွှေလုပ်ကွက် အလုပ် သမားတန်းလျားတွင် အရက်အတူ သောက်နေစဉ် မောင်ထွန်းက ၄င်း မှာတုတ်ပြီး ဓားပြီးကြောင်း မကြာ ခဏနောက်ပြောင်ပြောဆိုနေသဖြင့် ဝင်းအောင်က ငါထိုးကြည့်မည်ဟု ပြောကာ အနီးရှိအရိုးအသွား ၁ဝ လက်မခန့်ရှိ ဓားဦးချွန်ဖြင့် မောင် ထွန်း၏ယာပေါင်ကို ထိုးခဲ့သည်။
ထို့နောက်၄င်းတို့လေးဦးအိပ်နေစဉ် ၁ဝမိနစ်ခန့်အကြာ တင့်ဆန်းက အိပ်ရာနိုးလာပြီး မောင်ထွန်းအား ကြည့်ရာယာပေါင်မှသွေးများထွက် နေသည်ကိုတွေ့ရသဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းထံ အကြောင်းကြားပြီး ပြန်လာစဉ် မောင်ထွန်းမှာ သေဆုံးနေကြောင်း တွေ့ရသဖြင့် ကျေးရွာအုပ်ချုပ်ရေး မှူးက တိုင်တန်း၍ ဝင်းအောင်အား စဉ့်ကူးမြို့မရဲစခန်းက(ပ)၅/၂ဝ၁၆ ပြစ်မှုပုဒ်မ၃ဝ၂ အရဖမ်းဆီးစစ် ဆေးလျက်ရှိကြောင်း သိရသည်။
မောင်ပြည်သူ(မန္တလေး)
The Union Daily
http://uniondaily.net