Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အိုဘားမားရဲ႕ ျမန္မာနဲ႔ က်ဴးဘားခရီးစဥ္ ႏိႈင္းယွဥ္

$
0
0

လာမယ့္ မတ္ ၂၁ ရက္ က်ဴးဘားႏုိင္ငံကို သြားေရာက္မယ့္ သမၼတအိုဘားမားရဲ႕ ခရီးစဥ္နဲ႔ ပတ္သက္ၿပီး အထီးက်န္ရပ္တည္တဲဲ့ ႏုိင္ငံတႏိုင္ငံကို ႏွစ္ေပါင္း ၉၀ နီးပါးအတြင္း ပထမဆုံး သြားေရာက္မယ့္ အေမရိကန္သမၼတရဲ႕ သမိုင္း၀င္ခရီးစဥ္အျဖစ္ သတ္မွတ္ ေျပာဆုိေနၾကပါတယ္။ ၂၀၁၂ ခုႏွစ္ ႏို၀င္ဘာလ ျမန္မာႏုိင္ငံကို သြားေရာက္ခဲ့တဲ့ ခရီးစဥ္နဲ႔လည္း ႏိႈင္းယွဥ္ ေျပာဆုိမႈေတြ ရွိေနပါတယ္။

ဒါေပမဲ့လည္း က်ဴးဘားႏုိင္ငံအေရးမွာ ျမန္မာႏုိင္ငံလို အေျပာင္းလဲေတြ ေပၚလာဖို႔ ေမွ်ာ္လင့္ႏုိင္ပါ့မလား၊ အေမရိကန္အရာရွိေတြကိုယ္တုိင္ မတူညီမႈေတြကို လက္ခံထားၾကတာကို ကိုသိန္းထိုက္ဦး စုစည္းတင္ျပထားပါတယ္။

အေမရိကန္ ျပည္ေထာင္စုဟာ က်ဴးဘားနဲ႔ပတ္သက္လို႔ ကိုယ့္ဘက္က ေစ့စပ္ေဆြးေႏြးလိုတဲ့ ဆႏၵ သိပ္ေစာၿပီး အေလွ်ာ့ေပးသလို ျဖစ္ေနတယ္ဆုိတဲ့ ေ၀ဖန္ခ်က္ေတြ ရွိေနခ်ိန္မွာပဲ သမၼတအိုဘားမားရဲ႕ ခရီးစဥ္ ေပၚထြက္ခဲ့တာပါ။ သမၼတအိုဘားမားကေတာ့ ဒီခရီးစဥ္နဲ႔ ပတ္သက္လို႔ အခုလို ေျပာဆုိထားပါတယ္။

“သမၼတ Castro နဲ႔ က်ေနာ္ေတြ႔ဆုံၿပီး ႏွစ္ႏုိင္ငံဆက္ဆံေရး ဘယ္လုိ ဆက္ၿပီး ပုံမွန္ျဖစ္ႏုိင္ေအာင္ လုပ္ေဆာင္မလဲ ေဆြးေႏြးမွာျဖစ္ပါတယ္။ ေဆြးေႏြးမယ့္အထဲမွာ ကုန္သြယ္ေရးလုပ္ငန္းေတြ ဘယ္လုိ လြယ္လြယ္ကူကူ လုပ္ႏုိင္မလဲ၊ က်ဴးဘားျပည္သူေတြအေနနဲ႔ အင္တာနက္ကို လြယ္လြယ္ကူကူ သုံးစြဲၿပီး ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းေတြ ထူေထာင္ႏုိင္ဖို႔ ကိစၥေတြလည္း ပါ၀င္ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က သမၼတ Castro နဲ႔ ေတြ႔တဲ့အခ်ိန္ကလည္း က်ေနာ္ ဒီအတုိင္းပဲ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရး ကိစၥေတြ အပါအ၀င္ အေမရိကန္ ျပည္ေထာင္စုနဲ႔ က်ဴးဘားအစိုးရအၾကား ကြဲလြဲခ်က္ေတြ အေလးအနက္ ရွိေနတာကို ပြင့္ပြင့္လင္းလင္း ေျပာျပခဲ့ပါတယ္။”

က်ဴးဘားႏုိင္ငံကို သြားမယ့္ သမၼတအိုဘားမားရဲ႕ ခရီးစဥ္ဟာ ျမန္မာႏုိင္ငံရဲ႕ တံခါးဖြင့္လာခဲ့တဲ့အခ်ိန္ကို ေအာက္ေမ့ အမွတ္ရစရာ ျဖစ္ေစပါတယ္ဆုိၿပီး ေဆာင္းပါးရွင္ David Nakamura က ႏိႈင္းယွဥ္ေရးထားသားတဲ့ ေဆာင္းပါးတပုဒ္ ၿပီးခဲ့တဲ့ ေေဖာ္၀ါရီလ ၁၈ ရက္ေန႔က  The Washington Post သတင္းစာမွာ ပါရွိခဲ့ပါတယ္။  က်ဴးဘားနဲ႔ ျမန္မာ ႏွစ္ႏုိင္ငံ ႏိႈင္းယွဥ္ခ်က္နဲ႔ ပတ္သက္လို႔ အိမ္ျဖဴေတာ္ လက္ေထာက္ အမ်ဳိးသားလုံၿခဳံေရး အႀကံေပး Ben Rohdes က ၿပီးခဲ့တဲ့အပတ္က အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပြဲအတြင္း  အခုလုိ ေျပာဆုိခဲ့ပါတယ္။

“ျမန္မာႏုိင္ငံနဲ႔ ႏိႈင္းယွဥ္ေျပာဆုိခ်က္ေတြနဲ႔ ပတ္သက္လို႔ေတာ့ က်ေနာ့္အျမင္ ႏိႈင္းယွဥ္လို႔ရတာေတြ အမ်ားႀကီးရွိေပမဲ့ ကြဲလြဲခ်က္ေတြလည္း အမ်ားႀကီးရွိေနတယ္လို႔ ထင္ပါတယ္။ အဓိက ႏိႈင္းယွဥ္ႏုိင္တာက ျမန္မာႏုိင္ငံအေပၚမွာေရာ က်ဴးဘားအေပၚမွာပါ ထိေတြ႔ဆက္ဆံမႈ မလုပ္တဲ့ မူ၀ါဒဟာ အလုပ္မျဖစ္ခဲ့ဘူး ဆုိတာပါ။ သမၼတအိုဘားမား တာ၀န္စယူခဲ့တဲ့အခ်ိန္မွာ ျမန္မာျပည္ဟာ အာဏာရွင္အစိုးရ လက္ေအာက္မွာပဲ ရွိခဲ့ၿပီး၊ ေဒၚေအာင္ဆန္းစုၾကည္ အပါအ၀င္ လူေတာ္ေတာ္မ်ားမ်ား ခ်ဳပ္ေႏွာင္ခံေနရဆဲ ျဖစ္ပါတယ္။ စီးပြားအေရးကလည္း ႏိုင္ငံတကာနဲ႔ ထိေတြ႔မႈမရွိ အထီးက်န္ေနတဲ့ အခ်ိန္ျဖစ္ပါတယ္။”

ႏွစ္အနည္းငယ္အတြင္း ျမန္မာႏုိင္ငံအေနနဲ႔ ႏုိင္ငံတကာအသိုင္းအ၀ိုင္းနဲ႔ ထိေတြ႔ဆက္ဆံမႈေတြ တိုးလာတာ၊ ၿပီးခဲ့တဲ့ႏွစ္က ေရြးေကာက္ပြဲ ေအာင္ေအာင္ျမင္ျမင္ က်င္းပလာႏုိင္ခဲ့တာေတြကို ေအာင္ျမင္မႈေတြအျဖစ္ Mr. Ben Rohdes က ေျပာဆုိပါတယ္။

“က်ေနာ္တို႔ရဲ႕ အကဲျဖတ္ခ်က္က ပြဲၿပီးတဲ့အထိ ေစာင့္မေနပဲ ဘာေတြ ျဖစ္ေနတယ္ဆုိတာကို ရွာေဖြႏုိင္ဖို႔ ျဖစ္ပါတယ္။ ပြဲၿပီးတဲ့အထိ ေစာင့္ေနရင္ က်ေနာ္တို႔ကို က်ေနာ္တို႔ ေဘးေရာက္ေအာင္ ကိုယ့္ဘာသာ လုပ္သလုိ ျဖစ္ေနမယ္။ ျမန္မာႏုိင္ငံလို ႏုိင္ငံမ်ဳိးကို သြားႏုိင္ခဲ့တဲ့အတြက္ က်ေနာ္တို႔ လိုခ်င္တဲ့ အေလးထားတဲ့ ကိစၥေတြကို တုိးၿပီး ေဆာင္ရြက္ႏုိင္ခဲ့တာေတြ ရွိပါတယ္။ သမၼတအိုဘားမားအေနနဲ႔ ျမန္မာျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြ ျမင့္မားလာေအာင္ ႏိႈးေဆာ္ႏုိင္ခဲ့ၿပီး အေမရိကန္ျပည္ေထာင္စုနဲ႔ တစိမ္းျပင္ျပင္ ျဖစ္ေနတဲ့ ႏုိင္ငံနဲ႔ ဆက္ဆံေရးကို ျပန္ထူေထာင္ႏုိင္ခဲ့ပါတယ္။”

ဒါေပမဲ့လည္း က်ဴးဘားနဲ႔ ျမန္မာ ႏွစ္ႏုိင္ငံ ႏိႈင္းယွဥ္မယ္ဆုိရင္ အရြယ္အစား၊ ဦးတည္ခ်က္နဲ႔ ႏုိင္ငံေရးအရ မတူညီတာကို Mr. Ben Rhodes က ၀င္ခံပါတယ္။ ႏုိင္ငံေရးအေျခအေန မတူညီမႈနဲ႔ ပတ္သက္လုိ႔

“ျမန္မာႏုိင္ငံမွာက ေဒၚေအာင္ဆန္းစုၾကည္ရွိတယ္။ အႀကီးအက်ယ္ ထင္ရွားတဲ့ အမ်ားသိတဲ့ အတုိက္အခံေခါင္းေဆာင္ ရွိေနတယ္။ က်ဳးဘားမွာက တပါတီစနစ္သာ ရွိၿပီး အတုိက္အခံကလည္း တခ်ဳိ႕သာ ရွိေနတယ္။ ႏုိင္ငံေရးအေျခအေနက ကြဲလြဲပါတယ္။”

ျမန္မာနဲ႔ က်ဴးဘားႏုိင္ငံ အေျခအေန မတူဘူးဆုိၿပီး ေ၀ဖန္သူေတြထဲမွာ မိဘေတြ က်ဴးဘားႏုိင္ငံက ေျပာင္းေရႊ႕အေျခခ်ခဲ့သူ၊ လက္ရွိ ရီပတ္ဘလီကန္ပါတီတြင္း သမၼတေလာင္းျဖစ္ဖို႔ ယွဥ္ၿပိဳင္ေနသူ တဦးျဖစ္တဲ့ ဖေလာ္ရီဒါျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Marco Rubio လည္း ပါ၀င္ပါတယ္။ သူက အေမရိကန္ျပည္ေထာင္စုတင္မကပဲ က်ဴးဘားအစိုးရဘက္ကလည္း ေျပာင္းလဲလာဖို႔ လိုတယ္လို႔ မၾကာေသးခင္က လူထုနဲ႔ ေဆြးေႏြးပြဲတခုမွာ အခုလို ေျပာခဲ့တာပါ။

“က်ဴးဘားနဲ႔ အေမရိကန္ဆက္ဆံေရး ေျပာင္းလဲလာတာကို က်ေနာ္ ႏွစ္သက္ပါတယ္။ ဒါေပမဲ့ ႏွစ္ဘက္စလုံးက ေျပာင္းလဲဖုိ႔ လိုပါတယ္။ က်ဴးဘားအစိုးရဘက္က မေျပာင္းလဲပါဘူး။ ဒါဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ မွားယြင္းတဲ့ ခ်ဥ္းကပ္မႈပါ” - လို႔ Marco Rubio က ေျပာသြားခဲ့တာပါ။

သမၼတအုိဘားကေတာ့ က်ဴးဘားခရီးစဥ္အတြင္း က်ဴးဘားျပည္သူေတြ႔ဆုံၿပီး ၂၀၁၂ ခုႏွစ္က ရန္ကုန္တကၠသိုလ္မွာ ျမန္မာျပည္သူေတြ၊ လူထုအေျချပဳ အဖြဲ႔အစည္းေတြကို ေတြ႔ဆုံၿပီး စကားေျပာဆုိမွာ ျဖစ္ပါတယ္။ က်ဴးဘားျပည္သူေတြနဲ႔ အေမရိကန္ျပည္သူေတြအၾကား တူညီတဲ့ တန္ဖိုးထားမႈေတြ ေနာက္ က်ဴးဘားျပည္သူေတြ ေမွ်ာ္လင့္ေနတဲ့ အေျခအေနေတြ အမွန္တကယ္ ေပၚေပါက္လာေအာင္ အေမရိကန္ျပည္ေထာင္စုက လက္တြဲဘက္အျဖစ္ ကူညီေဆာင္ရြက္သြားမွာေတြကို အသိေပးသြားမယ္ဆုိၿပီး ႀကိဳတင္ ေျပာဆုိထားပါတယ္။

ဦးသိန္းထိုက္ဦး / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
................


လာမယ့် မတ် ၂၁ ရက် ကျူးဘားနိုင်ငံကို သွားရောက်မယ့် သမ္မတအိုဘားမားရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အထီးကျန်ရပ်တည်တဲဲ့ နိုင်ငံတနိုင်ငံကို နှစ်ပေါင်း ၉၀ နီးပါးအတွင်း ပထမဆုံး သွားရောက်မယ့် အမေရိကန်သမ္မတရဲ့ သမိုင်းဝင်ခရီးစဉ်အဖြစ် သတ်မှတ် ပြောဆိုနေကြပါတယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်နဲ့လည်း နှိုင်းယှဉ် ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒါပေမဲ့လည်း ကျူးဘားနိုင်ငံအရေးမှာ မြန်မာနိုင်ငံလို အပြောင်းလဲတွေ ပေါ်လာဖို့ မျှော်လင့်နိုင်ပါ့မလား၊ အမေရိကန်အရာရှိတွေကိုယ်တိုင် မတူညီမှုတွေကို လက်ခံထားကြတာကို ကိုသိန်းထိုက်ဦး စုစည်းတင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ကျူးဘားနဲ့ပတ်သက်လို့ ကိုယ့်ဘက်က စေ့စပ်ဆွေးနွေးလိုတဲ့ ဆန္ဒ သိပ်စောပြီး အလျှော့ပေးသလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေ ရှိနေချိန်မှာပဲ သမ္မတအိုဘားမားရဲ့ ခရီးစဉ် ပေါ်ထွက်ခဲ့တာပါ။ သမ္မတအိုဘားမားကတော့ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အခုလို ပြောဆိုထားပါတယ်။

“သမ္မတ Castro နဲ့ ကျနော်တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ဘယ်လို ဆက်ပြီး ပုံမှန်ဖြစ်နိုင်အောင် လုပ်ဆောင်မလဲ ဆွေးနွေးမှာဖြစ်ပါတယ်။ ဆွေးနွေးမယ့်အထဲမှာ ကုန်သွယ်ရေးလုပ်ငန်းတွေ ဘယ်လို လွယ်လွယ်ကူကူ လုပ်နိုင်မလဲ၊ ကျူးဘားပြည်သူတွေအနေနဲ့ အင်တာနက်ကို လွယ်လွယ်ကူကူ သုံးစွဲပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ ထူထောင်နိုင်ဖို့ ကိစ္စတွေလည်း ပါ၀င်ပါတယ်။ ပြီးခဲ့တဲ့နှစ်က သမ္မတ Castro နဲ့ တွေ့တဲ့အချိန်ကလည်း ကျနော် ဒီအတိုင်းပဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေ အပါအဝင် အမေရိကန် ပြည်ထောင်စုနဲ့ ကျူးဘားအစိုးရအကြား ကွဲလွဲချက်တွေ အလေးအနက် ရှိနေတာကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။”

ကျူးဘားနိုင်ငံကို သွားမယ့် သမ္မတအိုဘားမားရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ တံခါးဖွင့်လာခဲ့တဲ့အချိန်ကို အောက်မေ့ အမှတ်ရစရာ ဖြစ်စေပါတယ်ဆိုပြီး ဆောင်းပါးရှင် David Nakamura က နှိုင်းယှဉ်ရေးထားသားတဲ့ ဆောင်းပါးတပုဒ် ပြီးခဲ့တဲ့ ေဖော်ဝါရီလ ၁၈ ရက်နေ့က  The Washington Post သတင်းစာမှာ ပါရှိခဲ့ပါတယ်။  ကျူးဘားနဲ့ မြန်မာ နှစ်နိုင်ငံ နှိုင်းယှဉ်ချက်နဲ့ ပတ်သက်လို့ အိမ်ဖြူတော် လက်ထောက် အမျိုးသားလုံခြုံရေး အကြံပေး Ben Rohdes က ပြီးခဲ့တဲ့အပတ်က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲအတွင်း  အခုလို ပြောဆိုခဲ့ပါတယ်။

“မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ပြောဆိုချက်တွေနဲ့ ပတ်သက်လို့တော့ ကျနော့်အမြင် နှိုင်းယှဉ်လို့ရတာတွေ အများကြီးရှိပေမဲ့ ကွဲလွဲချက်တွေလည်း အများကြီးရှိနေတယ်လို့ ထင်ပါတယ်။ အဓိက နှိုင်းယှဉ်နိုင်တာက မြန်မာနိုင်ငံအပေါ်မှာရော ကျူးဘားအပေါ်မှာပါ ထိတွေ့ဆက်ဆံမှု မလုပ်တဲ့ မူဝါဒဟာ အလုပ်မဖြစ်ခဲ့ဘူး ဆိုတာပါ။ သမ္မတအိုဘားမား တာဝန်စယူခဲ့တဲ့အချိန်မှာ မြန်မာပြည်ဟာ အာဏာရှင်အစိုးရ လက်အောက်မှာပဲ ရှိခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူတော်တော်များများ ချုပ်နှောင်ခံနေရဆဲ ဖြစ်ပါတယ်။ စီးပွားအရေးကလည်း နိုင်ငံတကာနဲ့ ထိတွေ့မှုမရှိ အထီးကျန်နေတဲ့ အချိန်ဖြစ်ပါတယ်။”

နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံမှုတွေ တိုးလာတာ၊ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲ အောင်အောင်မြင်မြင် ကျင်းပလာနိုင်ခဲ့တာတွေကို အောင်မြင်မှုတွေအဖြစ် Mr. Ben Rohdes က ပြောဆိုပါတယ်။

“ကျနော်တို့ရဲ့ အကဲဖြတ်ချက်က ပွဲပြီးတဲ့အထိ စောင့်မနေပဲ ဘာတွေ ဖြစ်နေတယ်ဆိုတာကို ရှာဖွေနိုင်ဖို့ ဖြစ်ပါတယ်။ ပွဲပြီးတဲ့အထိ စောင့်နေရင် ကျနော်တို့ကို ကျနော်တို့ ဘေးရောက်အောင် ကိုယ့်ဘာသာ လုပ်သလို ဖြစ်နေမယ်။ မြန်မာနိုင်ငံလို နိုင်ငံမျိုးကို သွားနိုင်ခဲ့တဲ့အတွက် ကျနော်တို့ လိုချင်တဲ့ အလေးထားတဲ့ ကိစ္စတွေကို တိုးပြီး ဆောင်ရွက်နိုင်ခဲ့တာတွေ ရှိပါတယ်။ သမ္မတအိုဘားမားအနေနဲ့ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မြင့်မားလာအောင် နှိုးဆော်နိုင်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တစိမ်းပြင်ပြင် ဖြစ်နေတဲ့ နိုင်ငံနဲ့ ဆက်ဆံရေးကို ပြန်ထူထောင်နိုင်ခဲ့ပါတယ်။”

ဒါပေမဲ့လည်း ကျူးဘားနဲ့ မြန်မာ နှစ်နိုင်ငံ နှိုင်းယှဉ်မယ်ဆိုရင် အရွယ်အစား၊ ဦးတည်ချက်နဲ့ နိုင်ငံရေးအရ မတူညီတာကို Mr. Ben Rhodes က ၀င်ခံပါတယ်။ နိုင်ငံရေးအခြေအနေ မတူညီမှုနဲ့ ပတ်သက်လို့

“မြန်မာနိုင်ငံမှာက ဒေါ်အောင်ဆန်းစုကြည်ရှိတယ်။ အကြီးအကျယ် ထင်ရှားတဲ့ အများသိတဲ့ အတိုက်အခံခေါင်းဆောင် ရှိနေတယ်။ ကျုးဘားမှာက တပါတီစနစ်သာ ရှိပြီး အတိုက်အခံကလည်း တချို့သာ ရှိနေတယ်။ နိုင်ငံရေးအခြေအနေက ကွဲလွဲပါတယ်။”

မြန်မာနဲ့ ကျူးဘားနိုင်ငံ အခြေအနေ မတူဘူးဆိုပြီး ဝေဖန်သူတွေထဲမှာ မိဘတွေ ကျူးဘားနိုင်ငံက ပြောင်းရွှေ့အခြေချခဲ့သူ၊ လက်ရှိ ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်းဖြစ်ဖို့ ယှဉ်ပြိုင်နေသူ တဦးဖြစ်တဲ့ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio လည်း ပါ၀င်ပါတယ်။ သူက အမေရိကန်ပြည်ထောင်စုတင်မကပဲ ကျူးဘားအစိုးရဘက်ကလည်း ပြောင်းလဲလာဖို့ လိုတယ်လို့ မကြာသေးခင်က လူထုနဲ့ ဆွေးနွေးပွဲတခုမှာ အခုလို ပြောခဲ့တာပါ။

“ကျူးဘားနဲ့ အမေရိကန်ဆက်ဆံရေး ပြောင်းလဲလာတာကို ကျနော် နှစ်သက်ပါတယ်။ ဒါပေမဲ့ နှစ်ဘက်စလုံးက ပြောင်းလဲဖို့ လိုပါတယ်။ ကျူးဘားအစိုးရဘက်က မပြောင်းလဲပါဘူး။ ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ မှားယွင်းတဲ့ ချဉ်းကပ်မှုပါ” - လို့ Marco Rubio က ပြောသွားခဲ့တာပါ။

သမ္မတအိုဘားကတော့ ကျူးဘားခရီးစဉ်အတွင်း ကျူးဘားပြည်သူတွေ့ဆုံပြီး ၂၀၁၂ ခုနှစ်က ရန်ကုန်တက္ကသိုလ်မှာ မြန်မာပြည်သူတွေ၊ လူထုအခြေပြု အဖွဲ့အစည်းတွေကို တွေ့ဆုံပြီး စကားပြောဆိုမှာ ဖြစ်ပါတယ်။ ကျူးဘားပြည်သူတွေနဲ့ အမေရိကန်ပြည်သူတွေအကြား တူညီတဲ့ တန်ဖိုးထားမှုတွေ နောက် ကျူးဘားပြည်သူတွေ မျှော်လင့်နေတဲ့ အခြေအနေတွေ အမှန်တကယ် ပေါ်ပေါက်လာအောင် အမေရိကန်ပြည်ထောင်စုက လက်တွဲဘက်အဖြစ် ကူညီဆောင်ရွက်သွားမှာတွေကို အသိပေးသွားမယ်ဆိုပြီး ကြိုတင် ပြောဆိုထားပါတယ်။

ဦးသိန်းထိုက်ဦး / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>