Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

အစိုးရတပ္ စြပ္စြဲခ်က္အေပၚ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕ေတြ တုံ႔ျပန္

$
0
0

 ရွမ္းျပည္နယ္မွာ RCSS နဲ႔ တေအာင္းပေလာင္တပ္ အၾကား တိုက္ပြဲ ေတြ ျဖစ္ေနခဲ့ ပါတယ္။
တစ္နိုင္ငံလုံး အပစ္ရပ္ စာခ်ဳပ္ NCA မွာ ပါဝင္ လက္မွတ္ ေရးထိုး ထားတဲ့ တိုင္းရင္း သား လက္နက္ကိုင္ တပ္ တခ်ိဳ႕ဟာ NCA နဲ႔ မကိုက္ညီ တဲ့ လုပ္ရပ္ ေတြ လုပ္ေဆာင္ ေနၾကတယ္ ဆိုၿပီး အစိုးရ စစ္တပ္ က ေျပာဆို ခဲ့မွု ေတြ အေပၚ တိုင္းရင္းသား တပ္ေတြ ဘက္ က ျပန္လည္ တုံ႔ျပန္ လာပါတယ္။

ရွမ္းျပည္ တပ္မေတာ္ ေတာင္ပိုင္း RCSS/SSA ဘက္က နယ္ေၿမ က်ဴးေက်ာ္ မွု ေတြ ျပဳလုပ္ ခဲ့လို႔ ေဒသခံ ရြာသားေတြ ထြက္ေျပး ခဲ့ရတယ္ ဆိုတဲ့ အစိုးရ စစ္တပ္ ရဲ့ ေျပာဆိုမွု ကို RCSS က ျငင္းဆို ပါတယ္။

ေလာ့ေနာ္ ေက်းရြာ တိုက္ပြဲ ဟာ တေအာင္း ပေလာင္ တပ္ ေတြ က သူတို႔ ကို တိုက္လို႔ ဝင္တိုက္ရတာ ျဖစ္တယ္ လို႔ RCSS အဖြဲ႕က ဗိုလ္မွုးႀကီး ဆိုင္းမြန္းက ဘီဘီစီ ကို ေျပာပါတယ္။

ဒါ့အျပင္၊ NCA ပါအခ်က္ ျဖစ္တဲ့ လက္နက္ကိုင္တပ္ ေတြ ကို တပ္ေနရာခ် သတ္မွတ္ေရး ဆိုတာ အခု အခ်ိန္အထိ အတိတက် မသတ္မွတ္ ရ ေသးဘူး ဆိုၿပီးေတာ့လည္း ဗိုလ္မွုးႀကီး ဆိုင္းမြန္းက ဆိုပါတယ္။

ကရင္ လက္နက္ကိုင္ KNU အဖြဲ႕ က အရပ္သားေတြ ကို ဖမ္းဆီးတယ္ ဆိုတဲ့ အစိုးရရဲ့ ေျပာဆို မွု အေပၚမွာလည္း KNU အေထြေထြ အတြင္းေရးမွုး ပဒို ကြယ္ထူးဝင္းက သစ္ခိုးခုတ္သူ ေတြကို အေရးယူရတာမ်ိဳး ရွိတယ္ လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္း က ျပဳလုပ္ ခဲ့တဲ့ ျပည္ေထာင္စု အဆင့္ ပစ္ခတ္ တိုက္ခိုက္မွု ရပ္စဲေရး ဆိုင္ရာ ပူးတြဲ ေစာင့္ၾကည့္ေရး ေကာ္မတီ JMC-U အစည္းအေဝး မွာ အစိုးရ စစ္တပ္ ကိုယ္စားလွယ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က RCSS နဲ႔ KNU အေပၚ ေဝဖန္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese
.........

 ရှမ်းပြည်နယ်မှာ RCSS နဲ့ တအောင်းပလောင်တပ် အကြား တိုက်ပွဲ တွေ ဖြစ်နေခဲ့ ပါတယ်။
တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် NCA မှာ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ တိုင်းရင်း သား လက်နက်ကိုင် တပ် တချို့ဟာ NCA နဲ့ မကိုက်ညီ တဲ့ လုပ်ရပ် တွေ လုပ်ဆောင် နေကြတယ် ဆိုပြီး အစိုးရ စစ်တပ် က ပြောဆို ခဲ့မှု တွေ အပေါ် တိုင်းရင်းသား တပ်တွေ ဘက် က ပြန်လည် တုံ့ပြန် လာပါတယ်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA ဘက်က နယ်မြေ ကျူးကျော် မှု တွေ ပြုလုပ် ခဲ့လို့ ဒေသခံ ရွာသားတွေ ထွက်ပြေး ခဲ့ရတယ် ဆိုတဲ့ အစိုးရ စစ်တပ် ရဲ့ ပြောဆိုမှု ကို RCSS က ငြင်းဆို ပါတယ်။

လော့နော် ကျေးရွာ တိုက်ပွဲ ဟာ တအောင်း ပလောင် တပ် တွေ က သူတို့ ကို တိုက်လို့ ဝင်တိုက်ရတာ ဖြစ်တယ် လို့ RCSS အဖွဲ့က ဗိုလ်မှုးကြီး ဆိုင်းမွန်းက ဘီဘီစီ ကို ပြောပါတယ်။

ဒါ့အပြင်၊ NCA ပါအချက် ဖြစ်တဲ့ လက်နက်ကိုင်တပ် တွေ ကို တပ်နေရာချ သတ်မှတ်ရေး ဆိုတာ အခု အချိန်အထိ အတိတကျ မသတ်မှတ် ရ သေးဘူး ဆိုပြီးတော့လည်း ဗိုလ်မှုးကြီး ဆိုင်းမွန်းက ဆိုပါတယ်။

ကရင် လက်နက်ကိုင် KNU အဖွဲ့ က အရပ်သားတွေ ကို ဖမ်းဆီးတယ် ဆိုတဲ့ အစိုးရရဲ့ ပြောဆို မှု အပေါ်မှာလည်း KNU အထွေထွေ အတွင်းရေးမှုး ပဒို ကွယ်ထူးဝင်းက သစ်ခိုးခုတ်သူ တွေကို အရေးယူရတာမျိုး ရှိတယ် လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း က ပြုလုပ် ခဲ့တဲ့ ပြည်ထောင်စု အဆင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ JMC-U အစည်းအဝေး မှာ အစိုးရ စစ်တပ် ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်က RCSS နဲ့ KNU အပေါ် ဝေဖန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...