Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် မိုးကုတ်မှ ယှဉ်ပြိုင်ရန် တင်သွင်းမှု ပြန်ရုပ်သိမ်း

$
0
0
       ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဌေးကြွယ်သည် မိုးကုတ်မြို့မှနေ၍ NLD ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ရန် တင်သွင်းထားခြင်းမှ ရုပ်သိမ်းလိုက်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း (မိုးကုတ်)ထံက သိရသည်။

       ဇူလိုင်လဆန်းပိုင်းတွင် မိုးကုတ်မြို့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး အဖွဲ့မှ ဦးဆောင်ကာ ကျန်အရပ်ဘက် အဖွဲ့အစည်း(၁၁)ခုနှင့် အစည်းအဝေးပြုလုပ်ခဲ့ပြီး၊ အားလုံး၏ သဘောတူညီချက်အရ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု၍ မိုးကုတ်မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်ပေးပါရန် ဖိတ်ခေါ်မှုပြုလုပ်ခဲ့ရာ ကိုဌေးကြွယ်မှ မန္တလေးတိုင်း NLD
သို့ လျှောက်ထားခဲ့ပြီး၊ ယခုအခါတွင် ပြန်လည် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း မိုးကုတ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းအဖွဲ့ဝင် ကိုရဲအောင်က ပြောသည်။

        “ဒီရက်ပိုင်းထဲမှာပဲ ကိုဌေးက ပြန်ရုပ်သိမ်း လိုက်တယ် ပြောပါတယ်။ သူ့ရဲ့ ကျန်းမာရေး
အခြေအနေကြောင့်ပါ။ ကျန်တဲ့ ကိစ္စတော့ မရှိပါဘူး။ သူအခုတလော ခေါင်းက မူးမူးနေတယ် ပြောတယ်၊
 ထောင်ထဲက ဒဏ်တွေကို ခံစား လာခဲ့ရတော့လေ”ဟု ကိုရဲအောင်က ဆက်ပြောသည်။

         ထိုကဲ့သို့ ကိုဌေးကြွယ်မှ ပြန်လည် ရုပ်သိမ်း လိုက်သောကြောင့် မိုးကုတ်မြို့ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေးအဖွဲ့မှ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုအောင်သူအား မိုးကုတ် ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်ပေးရန် အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးအဖွဲ့ထံသို့ တင်ပြထားသည်။

       အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် သြဂုတ်လ (၁)ရက်နေ့တွင် ကရင် ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္လာရီတိုင်း စသည့်ဒေသများတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းများအား  တရားဝင် ထုတ်ပြန်ခဲ့သည်။

      လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြုကာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီး ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများထံက သိရသည်။
http://messengernewsjournal.com/News/Local/detail.php?id=41759

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>