ချမ်းမြသာစည် မြို့နယ်တွင် နှစ်လသား ကလေးအား ချီပြီး လမ်းဖြတ်ကူးသည့် မိခင် ယာဉ်တိုက်မိ၍ သေဆုံးခဲ့သည်။ ယခုလ(၃၀)ရက်နေ့တွင် ချမ်းမြသာစည် မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်း အနီးတွင် မ....(၂၉)နှစ်သည် သမီး ဖြစ်သူ မ.......နှစ်လအရွယ်ရှိ သမီးအား ပွေ့ချီ၍ လမ်းဖြတ်ကူးစဉ် ကန်ပတ်လမ်းအနောက်မှ အရှေ့သို့ မောင်းနှင်လာသော စုံစမ်းဆဲ ယာဉ်တစ်စီးမှ ၀င်ရောက်တိုက်မိပြီး မောင်းနှင် ထွက်ပြေးသွားခဲ့သည်။
ယာဉ်တိုက်မှုကြောင့် မ......နှင့် ၎င်း၏သမီးတို့မှာ ဒဏ်ရာများ ရရှိကာ မန္တလေး ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် မ.......မှာ သေဆုံးသွားခဲ့သည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ မြို့မ စခန်း(ချမ်းမြသာစည်)မှ ယာဉ်(ပ) ၇/ ၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၂၀၂ အရ အမှု ဖွင့်ပြီး တိုက်ပြေးယာဉ်နှင့် ယာဉ်မောင်းတို့အား ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။