Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ရြာသားႏွစ္ဦးအား ကိုက္ခဲ့သည့္ က်ားကို အေသဖမ္းမိ

$
0
0

ေဖေဖာ္ဝါရီ ၂၅ရက္၊ ၂၀၁၆ခုႏွစ္။ (နန္းေဝၿဖိဳးဇာ၊ ကေဆာဝါး)

ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕နယ္ ေရလယ္ကုန္းေက်းရြာမွ ရြာခံအမ်ိဳးသားႏွစ္ဦး ေဖေဖာ္ဝါရီ ၂၅ရက္(ယေန႔) နံနက္ပိုင္းက က်ားကိုက္ခံရၿပီးေနာက္ ယင္းက်ားကို အေသဖမ္းမိခဲ့သည္ဟု ေကာ့ကရိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစီးဌာန၏ ဒု-အုပ္ခ်ဳပ္ေရးမႉး ဦးစန္းလြင္က ေကအိုင္စီသို႔ အတည္ျပဳေျပာဆိုသည္။

အရွည္ ၇ေပရွိေသာ အဆိုပါက်ားမွာ အသက္ ၅၁ႏွစ္အရြယ္ ေစာခ်က္ျပဴး (ခ) ထိပ္ျဖဴကို နံနက္ ၄နာရီေက်ာ္တြင္လည္းေကာင္း၊ အသက္ ၁၈ႏွစ္အရြယ္ ေစာေအာင္ကိုေလးကို နံနက္ ၇နာရီတြင္လည္းေကာင္း ကိုက္ခဲ့ၿပီးေနာက္ပိုင္း နယ္ေျမရဲတပ္ဖြဲ႔ႏွင့္ BGF နယ္ျခားေစာင့္တပ္(၁၀၁၆)တပ္ရင္းတို႔က လိုက္လံပစ္ခတ္သျဖင့္ ေန႔လည္ ၁၁နာရီခြဲခန္႔တြင္ ေရလယ္ကုန္းေက်းရြာႏွင့္ ၂ဖာလံု ခန္႔အကြာ သခြားၿခံအရပ္တြင္ အေသဖမ္းဆီးရမိခဲ့ျခင္းျဖစ္သည္။

ယင္းကိစၥအေပၚ ေကာ့ကရိတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစီးဌာန၏ ဒု-အုပ္ခ်ဳပ္ေရးမႉး ဦးစန္းလြင္က “က်ားကိုက္ခံရတဲ့ ႏွစ္ဦးက အင္းထဲကို ငါးဖမ္းပိုက္ျဖဳတ္သိမ္းခ်ိန္ေနစဥ္ အကိုက္ခံရတာျဖစ္တာလို႔ က်ေနာ္တို႔ သိရတယ္။ အဲဒီက်ားကိုေတာ့ အေသဖမ္းမိၿပီ။”ဟု ေကအိုင္စီသို႔ ေျပာသည္။

က်ားကိုက္ခံရသည့္ ေရလယ္ကုန္းေက်းရြာသားႏွစ္ဦးသည္ ၎တို႔၏ ခါးေနာက္ေက်ာတြင္ က်ားကိုက္ခံရၿပီး လတ္တေလာတြင္ ၎တို႔မွာ ေကာ့ကရိတ္ၿမိဳ႕ ျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ၿပီး ေဆးကုသမႈ ခံယူလွ်က္ရွိသည္။

ထို႔အျပင္ လက္ရွိ အေသဖမ္းဆီးရမိေသာ က်ားကို ေရလယ္ကုန္းေက်းရြာ ေဘာလံုးကြင္းတြင္ ျပသထားကာ လာေရာက္ၾကည့္႐ႈ သူ မ်ားျပားလွ်က္ရွိေၾကာင္းႏွင့္ ယင္းက်ားကို BGF ၁၀၁၆ တပ္ရင္းမွ ေစာခ်စ္မိုးႏွင့္အဖြဲ႔က စကခ(၁၂)သို႔ ပို႔ေဆာင္အပ္ႏွံသြား မည္ျဖစ္ေၾကာင္း သိရသည္။

ေကာ့ကရိတ္ၿမိဳ႕နယ္၊ ေရလယ္ကုန္းေက်းရြာသည္ လွိႈင္ဝအင္းႏွင္ ခ်ံဳပုတ္ေတာ အနည္းငယ္ ပတ္ပတ္လည္ ဝိုင္းရံလွ်က္ရွိၿပီး ၎ ရြာအနီးတဝိုက္တြင္ ယခင္က ယခုကဲ့သို႔ က်ားကိုက္ခံရမႈမ်ား မရွိခဲ့ဖူးေၾကာင္း သိရသည္။

(နန္းေဝၿဖိဳးဇာ၊ ကေဆာဝါး)
KIC - ေကအုိင္စီ
http://kicnews.org

...............................


ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ (နန်းဝေဖြိုးဇာ၊ ကဆောဝါး)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ရေလယ်ကုန်းကျေးရွာမှ ရွာခံအမျိုးသားနှစ်ဦး ဖေဖော်ဝါရီ ၂၅ရက်(ယနေ့) နံနက်ပိုင်းက ကျားကိုက်ခံရပြီးနောက် ယင်းကျားကို အသေဖမ်းမိခဲ့သည်ဟု ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန၏ ဒု-အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။

အရှည် ရပေရှိသော အဆိုပါကျားမှာ အသက် ၅၁နှစ်အရွယ် စောချက်ပြူး (ခ) ထိပ်ဖြူကို နံနက် ၄နာရီကျော်တွင်လည်းကောင်း၊ အသက် ၁၈နှစ်အရွယ် စောအောင်ကိုလေးကို နံနက် ရနာရီတွင်လည်းကောင်း ကိုက်ခဲ့ပြီးနောက်ပိုင်း နယ်မြေရဲတပ်ဖွဲ့နှင့် BGF နယ်ခြားစောင့်တပ်(၁၀၁၆)တပ်ရင်းတို့က လိုက်လံပစ်ခတ်သဖြင့် နေ့လည် ၁၁နာရီခွဲခန့်တွင် ရေလယ်ကုန်းကျေးရွာနှင့် ၂ဖာလုံ ခန့်အကွာ သခွားခြံအရပ်တွင် အသေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စအပေါ် ကော့ကရိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစီးဌာန၏ ဒု-အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က “ကျားကိုက်ခံရတဲ့ နှစ်ဦးက အင်းထဲကို ငါးဖမ်းပိုက်ဖြုတ်သိမ်းချိန်နေစဉ် အကိုက်ခံရတာဖြစ်တာလို့ ကျနော်တို့ သိရတယ်။ အဲဒီကျားကိုတော့ အသေဖမ်းမိပြီ။”ဟု ကေအိုင်စီသို့ ပြောသည်။

ကျားကိုက်ခံရသည့် ရေလယ်ကုန်းကျေးရွာသားနှစ်ဦးသည် ၎င်းတို့၏ ခါးနောက်ကျောတွင် ကျားကိုက်ခံရပြီး လတ်တလောတွင် ၎င်းတို့မှာ ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူလျှက်ရှိသည်။

ထို့အပြင် လက်ရှိ အသေဖမ်းဆီးရမိသော ကျားကို ရေလယ်ကုန်းကျေးရွာ ဘောလုံးကွင်းတွင် ပြသထားကာ လာရောက်ကြည့်ရှု သူ များပြားလျှက်ရှိကြောင်းနှင့် ယင်းကျားကို BGF ၁၀၁၆ တပ်ရင်းမှ စောချစ်မိုးနှင့်အဖွဲ့က စကခ(၁၂)သို့ ပို့ဆောင်အပ်နှံသွား မည်ဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၊ ရေလယ်ကုန်းကျေးရွာသည် လှိှုင်ဝအင်းနှင် ချုံပုတ်တော အနည်းငယ် ပတ်ပတ်လည် ဝိုင်းရံလျှက်ရှိပြီး ၎င်း ရွာအနီးတဝိုက်တွင် ယခင်က ယခုကဲ့သို့ ကျားကိုက်ခံရမှုများ မရှိခဲ့ဖူးကြောင်း သိရသည်။

(နန်းဝေဖြိုးဇာ၊ ကဆောဝါး)
KIC - ကေအိုင်စီ
http://kicnews.org

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>