Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ကၽြန္းစုၿမိဳ႕နယ္၊ ကမ္းႀကီးေက်းရြာအုပ္စု၊ ျပင္ထပ္ေအာ္ေက်းရြာတြင္ အသက္(၅၈)ႏွစ္ အရြယ္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး

$
0
0

ကၽြန္းစု ေဖေဖာ္၀ါရီ ၂၅ ရက္

ကၽြန္းစုၿမိဳ႕နယ္၊ ကမ္းႀကီးေက်းရြာအုပ္စု၊ ျပင္ထပ္ေအာ္ေက်းရြာ၌ ေဖေဖာ္၀ါရီလ(၂၅)ရက္ နံနက္ (၆း၃၀)နာရီက အမ်ိဳးသားတစ္ဦးႀကိဳးဆြဲခ်ကာေသဆံုးေနေၾကာင္း သိရွိရသည္။

ျဖစ္စဥ္မွာ ကၽြန္းစုၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္း၌ ရဲတပ္ၾကပ္ႀကီး ေတာက္ထြန္းက တာ၀န္မွဴးအျဖစ္ တာ၀န္ ယူေဆာင္ရြက္ေနစဥ္ ျပင္ထပ္ေအာ္ေက်းရြာတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုးေနေၾကာင္း သတင္း အရ သက္ေသမ်ားျဖင့္ သြားေရာက္စစ္ေဆးရာ ေသဆံုးသူမွာ ျပင္ထပ္ေအာ္ေက်းရြာေန အဘ ဦးဘေခြး ၏သား ဦးေဖလင္း အသက္(၅၈)ႏွစ္ ျဖစ္ေၾကာင္းသိရသည္။ ၎သည္ ေနအိမ္ဥယ်ာဥ္ျခံႏွင့္ ေပ(၁၂၀)ခန္႔ အကြာရွိ ထညွင္းပင္၌ လက္ညိုးလံုးခန္႔အရြယ္ရွိ ပလပ္စတစ္ႏိုင္လြန္ႀကိဳးျဖင့္ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ စံုစမ္းစစ္ေဆးရာ ေသဆံုးသူသည္ ငွက္ဖ်ားေရာဂါျဖင့္ ေဖေဖာ္၀ါရီလ (၂၁)ရက္ေန႔မွ (၂၄)ရက္ေန႔ နံနက္(၁၀)နာရီအထိ ကၽြန္းစုၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးတြင္ တက္ေရာက္ေဆး ကုသမႈခံယူခဲ့ၿပီး ေဆးရံုမွ ေနအိမ္သို႔ျပန္လည္ေရာက္ရွိစဥ္ ထိုေန႔ ညေန(၄း၃၀)အခ်ိန္ခန္႔မွ စတင္ကာ ေနအိမ္မွ ေပ်ာက္ဆံုးသြားသျဖင့္ လိုက္လံရွာေဖြခဲ့ၾကရာ ေဖေဖာ္၀ါရီလ(၂၅)ရက္ နံနက္(၆း၃၀)အခ်ိန္တြင္ ႀကိဳးဆြဲခ်ေသဆံုးေနေၾကာင္း စံုစမ္းသိရွိရသျဖင့္ ကၽြန္းစုၿမိဳ႕မရဲစခန္းမွ ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္မဟုတ္ သိရွိႏိုင္ေရး အမႈဖြင့္လွစ္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

Ko Kyunthar
https://www.facebook.com/ko.kyunthar

......................................


ကျွန်းစု ဖေဖော်ဝါရီ ၂၅ ရက်

ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ပြင်ထပ်အော်ကျေးရွာ၌ ဖေဖော်ဝါရီလ(၂၅)ရက် နံနက် (၆း၃၀)နာရီက အမျိုးသားတစ်ဦးကြိုးဆွဲချကာသေဆုံးနေကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ကျွန်းစုမြို့နယ် မြို့မရဲစခန်း၌ ရဲတပ်ကြပ်ကြီး တောက်ထွန်းက တာဝန်မှူးအဖြစ် တာဝန် ယူဆောင်ရွက်နေစဉ် ပြင်ထပ်အော်ကျေးရွာတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်း အရ သက်သေများဖြင့် သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ပြင်ထပ်အော်ကျေးရွာနေ အဘ ဦးဘခွေး ၏သား ဦးဖေလင်း အသက်(၅၈)နှစ် ဖြစ်ကြောင်းသိရသည်။ ၎င်းသည် နေအိမ်ဥယျာဉ်ခြံနှင့် ပေ(၁၂၀)ခန့် အကွာရှိ ထညှင်းပင်၌ လက်ညိုးလုံးခန့်အရွယ်ရှိ ပလပ်စတစ်နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရာ သေဆုံးသူသည် ငှက်ဖျားရောဂါဖြင့် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ (၂၄)ရက်နေ့ နံနက်(၁၀)နာရီအထိ ကျွန်းစုမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေး ကုသမှုခံယူခဲ့ပြီး ဆေးရုံမှ နေအိမ်သို့ပြန်လည်ရောက်ရှိစဉ် ထိုနေ့ ညနေ(၄း၃၀)အချိန်ခန့်မှ စတင်ကာ နေအိမ်မှ ပျောက်ဆုံးသွားသဖြင့် လိုက်လံရှာဖွေခဲ့ကြရာ ဖေဖော်ဝါရီလ(၂၅)ရက် နံနက်(၆း၃၀)အချိန်တွင် ကြိုးဆွဲချသေဆုံးနေကြောင်း စုံစမ်းသိရှိရသဖြင့် ကျွန်းစုမြို့မရဲစခန်းမှ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သိရှိနိုင်ရေး အမှုဖွင့်လှစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ko Kyunthar
https://www.facebook.com/ko.kyunthar

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>