ကခ်င္ျပည္နယ္ ျမစ္ႀကီးနား ျပည္သူ႔ေဆးရံုႀကီးကို ေရာက္ရွိလာတဲ့ ထိခိုက္ဒဏ္ရာရသူတစ္ဦးကို ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ က ေတြ႔ရစဥ္။ Photo: Kyaw Myo Min/RFA |
ဒီကေန႔ ညေနပိုင္း ေလးနာရီေက်ာ္အထိ ျမစ္ႀကီးနား ျပည္သူ႔ေဆးရံုႀကီးကို ေရာက္ရွိလာတဲ႔ ဒဏ္ရာရသူ ၂၉ ေယာက္ရွိၿပီလို႔ ျမစ္ႀကီးနား ျပည္သူ႔ေဆးရံုအုပ္ႀကီး ေဒါက္တာ ေအာင္ေငြစံက ေျပာပါတယ္။
"လူနာကေတာ့ ေလာေလာဆယ္မွာ ၂၉ ဦး ေရာက္ေနၿပီ၊ ခြဲစိတ္ကုသေဆာင္မွာ ၁၁ ဦး အရိုးနဲ႔ထိခိုက္ ဒဏ္ရာ ကုသေဆာင္မွာ ၁၈ ဦးေပါ့ေနာ္၊ လူနာေတြ ေနာက္ထပ္ေရာက္လာရင္ေတာ့ အခ်ိန္နဲ႔ တေျပးညီ အေရအတြက္ေျပာင္းလဲမွာေပါ့ေနာ္၊ လူနာတစ္ေယာက္ကေတာ့ ဗိုက္မွာထိမွန္တယ္၊ တစ္ေယာက္ကေတာ့ ပုခံုးမွာထိမွန္တာရွိတယ္၊ ဒီဒဏ္ရာက စိုးရိမ္ရလား မစိုးရိမ္ရဘူးလားဆိုတာ ဓါတ္မွန္ရိုက္တဲ့ဟာေတြနဲ႔ လုပ္ေနရတယ္ေလ၊ အဆင့္ဆင့္ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ေနရတယ္၊ အဲ့အေပၚမွာမူတည္ ၿပီးေတာ့ ေရာဂါျပင္းထန္ရင္ ျပင္းထန္သလို လိုအပ္တဲ့ကုသမႈေတြ ေဆာင္ရြက္သြားရမွာေပါ့ေနာ္"
ဒီကေန႔ မနက္ပိုင္းမွာ တိုက္ခိုက္ခံရတဲ႔ ဘိန္းတိုက္ဖ်က္ေရးအဖြဲ႔ေတြဟာ ၀ိုင္းေမာ္ၿမိဳ႕နယ္ ေဝမိုးရြာကေန ထန္းမိုခမ္းေက်းရြာဘက္က ဘိန္းစိုက္ခင္းေတြဘက္အသြားမွာ တစ္ႀကိမ္တိုက္ခိုက္ရၿပီး ေန႔လည္ပိုင္းမွာ စင္ႀကိဳင္ရြာကေန ဘိန္းစိုက္ခင္းေတြဘက္ကိုအသြားမွာ တိုက္ခိုက္ခံရတာလို႔ သိရပါတယ္။
ဆဒံုးၿမိဳ႕အေက်ာ္မွာ ဒီကေန႔ ေန႔လည္ပိုင္းက တိုက္ခိုက္ခံရလို႔ ဗံုးစမွန္ထားၿပီး ဒဏ္ရာရရွိသူ တစ္ဦးျဖစ္တဲ႔ အသက္ ၂၄ ႏွစ္အရြယ္ ကိုဘရန္ဂ်ာက တိုက္ခိုက္ခံရတဲ႔ အေျခအေနကို အခုလိုေျပာပါတယ္။
"မိုင္းေတြနဲ႔ အခြဲခံရတယ္၊ ေတာ္ေတာ္ထိသြားတယ္၊ သူတို႔လည္း အေယာက္ ၃ဝ ေက်ာ္ေလာက္ရွိတယ္၊ ဝိုင္းရိုက္ဖမ္းေနၾကရင္းနဲ႔ လက္ပစ္ဗံုးနဲ႔ ၾကားထဲက ပစ္ခြဲလိုက္တာ၊ လက္ပစ္ဗံုးပစ္တဲ့လူကိုေတြ႔တယ္ ဒါေပမဲ့ လိုက္ဖမ္းမမိလိုက္ၾကဘူး၊ ယူနီေဖာင္းနဲ႔ မဟုတ္ဘူး၊ ဒါေပမဲ့ ေသနတ္ေတြနဲ႔ ပစ္တယ္၊ လက္ပစ္ဗံုး ဆို သံုးလံုးေတာင္ကြဲတယ္၊ က်ေနာ္တို႔လည္း ေရွ႕ဆက္တိုးလို႔မရေတာ့ ေနာက္ျပန္ဆုတ္တယ္၊ ဟိုမွာရွိတဲ့ လူေတြလည္းရွိေနၾကတယ္"
ဘိန္းခင္းပိုင္ရွင္လို႔ယူဆရတဲ႔ လက္နက္ကိုင္ေဆာင္ထားသူေတြဟာ တုတ္၊ ဓါး၊ ေလာက္ေလးခြ၊ ေသနတ္၊ လက္ပစ္ဗံုးစတဲ႔လက္နက္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ၿပီး ကားတခ်ိဳ႕ကိုလည္း မီးရွိဳ႕ခဲ႔သလို ရိကၡာေတြကိုလည္း ယူေဆာင္သြားတယ္လို႔ ဒဏ္ရာရသူေတြကို ကူညီေပးေနတဲ႔ ၿငိမ္းခ်မ္းေရးအက်ဳိးေဆာင္အဖဲြ႔၀င္ ဦးလမိုင္ဂြမ္ဂ်ာက ေျပာပါတယ္။
လတ္တေလာ ျမန္မာႏိုင္ငံ ၾကက္ေျခနီအသင္း၊ လူမႈအဖြဲ႔အစည္းေတြ အပါအဝင္ အစိုးရတာဝန္ရွိသူတခ်ိဳ႕က ဒါဏ္ရာရရွိသူေတြကို သြားေရာက္သယ္ယူၿပီး ျမစ္ႀကီးနားေဆးရံုကို ပို႔ေဆာင္ေနတာျဖစ္ပါတယ္။
ဒီအေတာအတြင္းမွာပဲ ဘိန္းဖ်က္ဆီးေရးသြားသူေတြ တိုက္ခိုက္ခံရတာကိုမေက်နပ္တဲ႔ ေဒသခံကခ်င္တိုင္းရင္းသား အေယာက္တစ္ရာေက်ာ္က ျမစ္ႀကီးနားျပည္သူ႔ေဆးရံုေရွ႕မွာ ဆႏၵျပခဲ့ၾကပါတယ္။
ဆႏၵျပသူေတြဟာ နယ္ျခားေစာင့္တပ္ အလိုမရွိ၊ ဘိန္းအစိုးရ အလိုမရွိစတဲ႔ ေၾကြးေၾကာ္သံေတြနဲ႔ ဆႏၵျပေနၾက တာျဖစ္ပါတယ္။
ျမစ္ႀကီးနားေဆးရံုေပၚမွာ ေရာက္ရွိေနတဲ့ ဒဏ္ရာရရွိသူအမ်ားစုဟာ ဝိုင္းေမာ္ၿမိဳ႕နယ္ထဲကျဖစ္ၿပီး ဖားကန္႔ၿမိဳ႕နယ္ ဘက္ကတခ်ိဳ႕နဲ႔ အေသးစိတ္ကိုေတာ႔ စိစစ္ေနဆဲျဖစ္ပါတယ္။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး ကခ်င္ျပည္နယ္ အစိုးရအဖြဲ႔ရံုးနဲ႔ ျပည္နယ္ရဲတပ္ဖြဲ႔ရံုးကို RFA က လူကိုယ္တိုင္ သြားေရာက္ေမးျမန္းခဲ႔ေပမဲ႔ အလုပ္ရႈပ္ေနတယ္လို႔ေျပာၿပီး တာဝန္ယူ ေျဖဆိုရွင္းမရွိခဲ႔ပါဘူး။
ကခ်င္လူမႈအေျချပဳ ဘိန္းခင္းတိုက္ဖ်က္ေရးအဖြဲ႔ဟာ အစိုးရရဲ႕ လံုၿခံဳေရးစီမံေပးမႈနဲ႔အတူ ႒ာနဆိုင္ရာေတြနဲ႔ ပူးေပါင္းၿပီး ေဖေဖာ္ဝါရီ ၂၃ ရက္ေန႔ကစတင္ၿပီး အဖြဲ႔ႀကီး ၆ ဖြဲ႔ အဖြဲ႔ငယ္ ၂၆ဖြဲ႔ခြဲကာ ဘိန္းခင္းဖ်က္ဆီးေရးေတြ ကို ေဆာင္ရြက္ေနတာျဖစ္ပါတယ္။
RFA Burmese
http://www.rfa.org/burmese
......................................
ကချင်ပြည်နယ် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီ ဒေသဘက်က ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးနေတဲ့ အစိုးရနဲ့ ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ဟာ အမည်မသိတဲ့ ဒေသခံလက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ဒီကနေ့ နှစ်ကြိမ်ခံခဲ့ရပြီး လူ ၃၀ ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။
ဒီကနေ့ ညနေပိုင်း လေးနာရီကျော်အထိ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့ ဒဏ်ရာရသူ ၂၉ ယောက်ရှိပြီလို့ မြစ်ကြီးနား ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံက ပြောပါတယ်။
"လူနာကတော့ လောလောဆယ်မှာ ၂၉ ဦး ရောက်နေပြီ၊ ခွဲစိတ်ကုသဆောင်မှာ ၁၁ ဦး အရိုးနဲ့ထိခိုက် ဒဏ်ရာ ကုသဆောင်မှာ ၁၈ ဦးပေါ့နော်၊ လူနာတွေ နောက်ထပ်ရောက်လာရင်တော့ အချိန်နဲ့ တပြေးညီ အရေအတွက်ပြောင်းလဲမှာပေါ့နော်၊ လူနာတစ်ယောက်ကတော့ ဗိုက်မှာထိမှန်တယ်၊ တစ်ယောက်ကတော့ ပုခုံးမှာထိမှန်တာရှိတယ်၊ ဒီဒဏ်ရာက စိုးရိမ်ရလား မစိုးရိမ်ရဘူးလားဆိုတာ ဓါတ်မှန်ရိုက်တဲ့ဟာတွေနဲ့ လုပ်နေရတယ်လေ၊ အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေရတယ်၊ အဲ့အပေါ်မှာမူတည် ပြီးတော့ ရောဂါပြင်းထန်ရင် ပြင်းထန်သလို လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက်သွားရမှာပေါ့နော်"
ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ဘိန်းတိုက်ဖျက်ရေးအဖွဲ့တွေဟာ ၀ိုင်းမော်မြို့နယ် ဝေမိုးရွာကနေ ထန်းမိုခမ်းကျေးရွာဘက်က ဘိန်းစိုက်ခင်းတွေဘက်အသွားမှာ တစ်ကြိမ်တိုက်ခိုက်ရပြီး နေ့လည်ပိုင်းမှာ စင်ကြိုင်ရွာကနေ ဘိန်းစိုက်ခင်းတွေဘက်ကိုအသွားမှာ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။
ဆဒုံးမြို့အကျော်မှာ ဒီကနေ့ နေ့လည်ပိုင်းက တိုက်ခိုက်ခံရလို့ ဗုံးစမှန်ထားပြီး ဒဏ်ရာရရှိသူ တစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုဘရန်ဂျာက တိုက်ခိုက်ခံရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။
"မိုင်းတွေနဲ့ အခွဲခံရတယ်၊ တော်တော်ထိသွားတယ်၊ သူတို့လည်း အယောက် ၃ဝ ကျော်လောက်ရှိတယ်၊ ဝိုင်းရိုက်ဖမ်းနေကြရင်းနဲ့ လက်ပစ်ဗုံးနဲ့ ကြားထဲက ပစ်ခွဲလိုက်တာ၊ လက်ပစ်ဗုံးပစ်တဲ့လူကိုတွေ့တယ် ဒါပေမဲ့ လိုက်ဖမ်းမမိလိုက်ကြဘူး၊ ယူနီဖောင်းနဲ့ မဟုတ်ဘူး၊ ဒါပေမဲ့ သေနတ်တွေနဲ့ ပစ်တယ်၊ လက်ပစ်ဗုံး ဆို သုံးလုံးတောင်ကွဲတယ်၊ ကျနော်တို့လည်း ရှေ့ဆက်တိုးလို့မရတော့ နောက်ပြန်ဆုတ်တယ်၊ ဟိုမှာရှိတဲ့ လူတွေလည်းရှိနေကြတယ်"
ဘိန်းခင်းပိုင်ရှင်လို့ယူဆရတဲ့ လက်နက်ကိုင်ဆောင်ထားသူတွေဟာ တုတ်၊ ဓါး၊ လောက်လေးခွ၊ သေနတ်၊ လက်ပစ်ဗုံးစတဲ့လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ကားတချို့ကိုလည်း မီးရှို့ခဲ့သလို ရိက္ခာတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။
လတ်တလော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လူမှုအဖွဲ့အစည်းတွေ အပါအဝင် အစိုးရတာဝန်ရှိသူတချို့က ဒါဏ်ရာရရှိသူတွေကို သွားရောက်သယ်ယူပြီး မြစ်ကြီးနားဆေးရုံကို ပို့ဆောင်နေတာဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ဘိန်းဖျက်ဆီးရေးသွားသူတွေ တိုက်ခိုက်ခံရတာကိုမကျေနပ်တဲ့ ဒေသခံကချင်တိုင်းရင်းသား အယောက်တစ်ရာကျော်က မြစ်ကြီးနားပြည်သူ့ဆေးရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ နယ်ခြားစောင့်တပ် အလိုမရှိ၊ ဘိန်းအစိုးရ အလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြနေကြ တာဖြစ်ပါတယ်။
မြစ်ကြီးနားဆေးရုံပေါ်မှာ ရောက်ရှိနေတဲ့ ဒဏ်ရာရရှိသူအများစုဟာ ဝိုင်းမော်မြို့နယ်ထဲကဖြစ်ပြီး ဖားကန့်မြို့နယ် ဘက်ကတချို့နဲ့ အသေးစိတ်ကိုတော့ စိစစ်နေဆဲဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို RFA က လူကိုယ်တိုင် သွားရောက်မေးမြန်းခဲ့ပေမဲ့ အလုပ်ရှုပ်နေတယ်လို့ပြောပြီး တာဝန်ယူ ဖြေဆိုရှင်းမရှိခဲ့ပါဘူး။
ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဟာ အစိုးရရဲ့ လုံခြုံရေးစီမံပေးမှုနဲ့အတူ ဋ္ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစတင်ပြီး အဖွဲ့ကြီး ၆ ဖွဲ့ အဖွဲ့ငယ် ၂၆ဖွဲ့ခွဲကာ ဘိန်းခင်းဖျက်ဆီးရေးတွေ ကို ဆောင်ရွက်နေတာဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese