စင္ၾကိဳင္ ၀တ္ေမာတြင္ BGF တုိ႔၏ ဗံုးျဖင့္ တုိက္ခုိက္ခံရေသာ PJS အဖြဲ႔၀င္မ်ား ယခု အခ်ိန္မွာပဲ အစုိးရ နယ္ျခားေစာင့္တပ္ စခန္းရိွသည့္ စင္ၾကိဳင္ တြင္ လူထု အေျချပဳ ဘိန္းခင္း တုိက္ဖ်က္ေရး အဖြဲ႔ PJS လူ ၃၀၀ ခန္႔ကုိ ဘိန္းျခံပုိင္ရွင္မ်ား၊ ျပည္သူ႔စစ္ႏွင့္ နယ္ျခားေစာင့္တပ္ ၁၀၀၀ ေက်ာ္မွ ေသနတ္၊ ဗံုးမ်ားျဖင့္ ပစ္ခတ္ ေဖာက္ခြဲျပီး ၀ိုင္းရံ ထားေနေၾကာင္း သိရသည္။
ယေန႔ မနက္ပုိင္း စင္ၾကိဳင္အလြန္ ၀တ္ေမာတြင္ ေခတၱရပ္နားေနေသာ PJS ကား ၂ စီးကုိ BGF မွ ဗံုးခြဲ တုိက္ခို္က္ခဲ့ေသာေၾကာင့္ PJS (၁၈) ေယာက္ ထိခုိက္ ဒဏ္ရာ ရရွိခဲ့ပါသည္။ ယခုခ်ိန္ ဒဏ္ရာရရွိသူမ်ားကုိ ျမစ္ၾကီးနား ျပည္သူ႕ေဆးရံုၾကီး သုိ႔ ပုိ႔ခဲ့ျပီးျဖစ္သည္။
၀တ္ေမာသုိ႔ အကူညီေပးရန္ တက္လာေသာ PJS အဖြဲ႕ကုိလည္း လမ္းခုလပ္တြင္ နယ္ျခားေစာင့္တပ္မ်ားမွ ဒုတိယ အၾကိမ္ ပစ္ခတ္တိုက္ခိုက္ခဲ့ရာတြင္ PJS တစ္ဦး ဗုိက္တြင္ ေသနတ္ မွန္ခဲ့ေၾကာင္း ဘိန္းခင္း တုိက္ဖ်က္ေရးအဖြဲ႕ ေခါင္းေဆာင္မ်ား ကခ်င္သတင္းဌာန KNG သုိ႔ အတည္ျပဳေျပာခဲ့သည္။
ယခု သတင္း ေရးသားေနခ်ိန္အထိ ျမန္မာအစုိးရႏွင့္ အစိုးရတပ္မွ ကန္ပုိင္တီ နယ္ျခားေစာင့္တပ္၊ ျပည္သူ႔စစ္ ႏွင့္ ဘိန္းျခံပုိင္ရွင္မ်ားမွ လက္နက္မဲ့ PJS ဘိန္းခင္း တုိ္က္ဖ်က္ေရး အဖြဲ႕မ်ားကုိ ျပင္းျပင္းထန္ထန္ တုိ္က္ခုိက္ ေနျခင္း အား ဟန္႔တား ေပးျခင္းမ်ိဳး မရွိေသးပါ။
Kachinnews
http://burmese.kachinnews.com
.......................................
စင်ကြိုင် ၀တ်မောတွင် BGF တို့၏ ဗုံးဖြင့် တိုက်ခိုက်ခံရသော PJS အဖွဲ့ဝင်များ ယခု အချိန်မှာပဲ အစိုးရ နယ်ခြားစောင့်တပ် စခန်းရှိသည့် စင်ကြိုင် တွင် လူထု အခြေပြု ဘိန်းခင်း တိုက်ဖျက်ရေး အဖွဲ့ PJS လူ ၃၀၀ ခန့်ကို ဘိန်းခြံပိုင်ရှင်များ၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် ၁၀၀၀ ကျော်မှ သေနတ်၊ ဗုံးများဖြင့် ပစ်ခတ် ဖောက်ခွဲပြီး ၀ိုင်းရံ ထားနေကြောင်း သိရသည်။
ယနေ့ မနက်ပိုင်း စင်ကြိုင်အလွန် ၀တ်မောတွင် ခေတ္တရပ်နားနေသော PJS ကား ၂ စီးကို BGF မှ ဗုံးခွဲ တိုက်ခို်က်ခဲ့သောကြောင့် PJS (၁၈) ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။ ယခုချိန် ဒဏ်ရာရရှိသူများကို မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီး သို့ ပို့ခဲ့ပြီးဖြစ်သည်။
၀တ်မောသို့ အကူညီပေးရန် တက်လာသော PJS အဖွဲ့ကိုလည်း လမ်းခုလပ်တွင် နယ်ခြားစောင့်တပ်များမှ ဒုတိယ အကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် PJS တစ်ဦး ဗိုက်တွင် သေနတ် မှန်ခဲ့ကြောင်း ဘိန်းခင်း တိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်များ ကချင်သတင်းဌာန KNG သို့ အတည်ပြုပြောခဲ့သည်။
ယခု သတင်း ရေးသားနေချိန်အထိ မြန်မာအစိုးရနှင့် အစိုးရတပ်မှ ကန်ပိုင်တီ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် နှင့် ဘိန်းခြံပိုင်ရှင်များမှ လက်နက်မဲ့ PJS ဘိန်းခင်း တို်က်ဖျက်ရေး အဖွဲ့များကို ပြင်းပြင်းထန်ထန် တို်က်ခိုက် နေခြင်း အား ဟန့်တား ပေးခြင်းမျိုး မရှိသေးပါ။
Kachinnews
http://burmese.kachinnews.com