![]() |
လမ္း ၃၀ ႏွင္႔ ၇၈ လမ္းေထာင္႔ရွိ မႏၱေလးၿမိဳ႕အားျမင္ေတြ႕ရစဥ္ (ဓာတ္ပံု--အင္တာနက္) |
မႏၲေလးတိုင္းေဒသၾကီးအတြင္း လက္ရွိတာ၀န္ထမ္းေဆာင္ဆဲ လုပ္သက္ (၂၅) ႏွစ္ႏွင့္ အထက္ ၀န္ထမ္းမ်ားအတြက္တိုက္ခန္း၀ယ္ယူခြင္႔ေလွ်ာက္လႊာမ်ားေရာင္းခ်မည္ဟု မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီ မွ သတင္းထုတ္ျပန္သည္။
မႏၲေလးတိုင္းေဒသႀကီးအတြင္း လက္ရွိတာ၀န္ထမ္းေဆာင္ဆဲ ျဖစ္ၿပီး ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၉ ရက္ေန႕ တြင္ ဝန္ထမ္းလုပ္သက္ (၂၅) ႏွစ္ ႏွင့္ အထက္ ဝန္ထမ္းမ်ားအား ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာရပ္ကြက္ အကြက္အမွတ္ (မမ-၁၆) ႏွင့္ (မမ-၂၇) တို႕တြင္ အိုးအိမ္ဦးစီးဌာနမွ ေဆာက္လုပ္သည့္ တိုက္ခန္းမ်ားအား ၀ယ္ယူခြင့္ ေလွ်ာက္လႊာမ်ားကို တစ္ေစာင္လွ်င္ ေငြက်ပ္ ၅၀၀ိ/- ( ငါးရာက်ပ္တိတိ) ျဖင့္ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ရံုး၀င္းအတြင္းရွိ ဓမၼာရံု၌ ၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၆ ရက္ေန႕မွ ၂၀၁၆ ခုႏွစ္ မတ္လ ၄ ရက္ေန႕ထိ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္ထဲတြင္ ပါရွိသည္။
(Xinhua)
http://www.xinhuamyanmar.com
............
လမ်း ၃၀ နှင့် ရ၈ လမ်းထောင့်ရှိ မန္တလေးမြို့အားမြင်တွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)
ရန်ကုန်၊ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိတာဝန်ထမ်းဆောင်ဆဲ လုပ်သက် (၂၅) နှစ်နှင့် အထက် ၀န်ထမ်းများအတွက်တိုက်ခန်းဝယ်ယူခွင့်လျှောက်လွှာများရောင်းချမည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သတင်းထုတ်ပြန်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်း လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ တွင် ဝန်ထမ်းလုပ်သက် (၂၅) နှစ် နှင့် အထက် ဝန်ထမ်းများအား ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် အကွက်အမှတ် (မမ-၁၆) နှင့် (မမ-၂၇) တို့တွင် အိုးအိမ်ဦးစီးဌာနမှ ဆောက်လုပ်သည့် တိုက်ခန်းများအား ၀ယ်ယူခွင့် လျှောက်လွှာများကို တစ်စောင်လျှင် ငွေကျပ် ၅၀၀ိ/- ( ငါးရာကျပ်တိတိ) ဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ရုံးဝင်းအတွင်းရှိ ဓမ္မာရုံ၌ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၄ ရက်နေ့ထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
(Xinhua)
http://www.xinhuamyanmar.com