မေကြး၊ေဖေဖာ္၀ါရီ ၂၅ ။
မေကြး-မင္းဘူးဆက္သြယ္ထားေသာ ဧရာ၀တီတံတား(မေကြး) မင္းဘူဘက္ျခမ္းေပၚမွ အမ်ိဳးသားတစ္ဦး ေရထဲခုန္ခ်ခဲ့မႈ ေဖေဖာ္၀ါရီ (၂၄)ရက္ေန႔ကျဖစ္ပြားခဲ့ေၾကာင္းမင္းဘူးၿမိဳ႕မရဲစခန္းမွ တာ၀န္က်ရဲ၀န္ထမ္းတစ္ဦးကေဖေဖာ္၀ါရီလ ၂၅ ရက္ေန႕တြင္ ကေမၻာဇတိုင္းသတင္းဂ်ာနယ္သုိ႔ေျပာသည္။
ေဖေဖာ္ဝါရီ(၂၄)ရက္ေန႔ ညေန(၃း၅၀)အခ်ိန္ခန္႕ ကဧရာ၀တီတံတား(မေကြး) တိုင္အမွတ္(P ၁၇) မွ ဧရာ၀တီျမစ္အတြင္းသို႕ လူတစ္ဦးခုန္ခ် သြားေၾကာင္းသတင္းအရ မင္းဘူးၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္မ်ိဳးကိုကိုဦးေဆာင္ေသာတာဝန္ရွိသူမ်ားက တံတားေအာက္သို႕ ဆင္း၍ ငါးဖမ္းေနေသာဦးေမာင္ႏု ႏွင့္အတူလိုက္လံဆယ္ယူခဲ့ရာ ျမစ္ထဲခုန္ခ်သူ အမ်ိဳးသားအားအသက္ရွင္လွ်က္ ျပန္လည္ဆယ္ယူရရွိခဲ့ေၾကာင္း၊
ဆယ္ယူရရွိစဥ္ ၄င္းမွာရင္ဘတ္ေအာင့္ ေ၀ဒနာခံစားေနသည္ဟုသိရေၾကာင္း၊ ေရထဲသို႕ ခုန္ခ်သူမွာ ေမာင္.................. အသက္(၂၀)ႏွစ၊္ ေက်ာက္စံေက်းရြာ၊ မင္းဘူး(စကု) ၿမိဳ႕နယ္ေနသူျဖစ္ေၾကာင္း ၊
၎သည္ ရည္းစားျဖစ္သူ မဥမၼာေအာင္ႏွင့္ ခ်ိန္းဆိုထားရာ၊ မဥမၼာေအာင္ ေရာက္ရွိလာျခင္းမရွိ၍ စိတ္ညစ္ျပီးေရထဲသို႕ခုန္ခ်၍ မိမိကိုယ္ကိုမိမိိေသေၾကာင္းၾကံစည္ခဲ့ျခင္းျဖစ္သည္ဟုအမႈစစ္၏စစ္ေဆးခ်က္အရသိရေၾကာင္း အထက္ပါတာ၀န္က်ရဲ၀န္ထမ္းကေျပာသည္။
ျဖစ္စဥ္ႏွင့္ပက္သက္၍ ေရထဲခုန္ခ်သူေမာင္..................အား မင္းဘူးျမိဳ႕နယ္၊ၿမိဳ႕မရဲစခန္း (ပ) ၂၈/၂၀၁၆ ၊ပုဒ္မ ၃၀၉ ျဖင့္အမႈဖြင့္ထားသည္ဟုလည္း ၄င္းကေျပာသည္။
စ၀္ျမတ္ၾကည္ၾကည္ဟုန္း
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai
...............
မကွေး၊ဖေဖော်ဝါရီ ၂၅ ။
မကွေး-မင်းဘူးဆက်သွယ်ထားသော ဧရာဝတီတံတား(မကွေး) မင်းဘူဘက်ခြမ်းပေါ်မှ အမျိုးသားတစ်ဦး ရေထဲခုန်ချခဲ့မှု ဖေဖော်ဝါရီ (၂၄)ရက်နေ့ကဖြစ်ပွားခဲ့ကြောင်းမင်းဘူးမြို့မရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းတစ်ဦးကဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကမ္ဘောဇတိုင်းသတင်းဂျာနယ်သို့ပြောသည်။
ဖေဖော်ဝါရီ(၂၄)ရက်နေ့ ညနေ(၃း၅၀)အချိန်ခန့် ကဧရာဝတီတံတား(မကွေး) တိုင်အမှတ်(P ၁၇) မှ ဧရာဝတီမြစ်အတွင်းသို့ လူတစ်ဦးခုန်ချ သွားကြောင်းသတင်းအရ မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်မျိုးကိုကိုဦးဆောင်သောတာဝန်ရှိသူများက တံတားအောက်သို့ ဆင်း၍ ငါးဖမ်းနေသောဦးမောင်နု နှင့်အတူလိုက်လံဆယ်ယူခဲ့ရာ မြစ်ထဲခုန်ချသူ အမျိုးသားအားအသက်ရှင်လျှက် ပြန်လည်ဆယ်ယူရရှိခဲ့ကြောင်း၊
ဆယ်ယူရရှိစဉ် ၄င်းမှာရင်ဘတ်အောင့် ဝေဒနာခံစားနေသည်ဟုသိရကြောင်း၊ ရေထဲသို့ ခုန်ချသူမှာ မောင်.................. အသက်(၂၀)နှစ၊် ကျောက်စံကျေးရွာ၊ မင်းဘူး(စကု) မြို့နယ်နေသူဖြစ်ကြောင်း ၊
၎င်းသည် ရည်းစားဖြစ်သူ မဥမ္မာအောင်နှင့် ချိန်းဆိုထားရာ၊ မဥမ္မာအောင် ရောက်ရှိလာခြင်းမရှိ၍ စိတ်ညစ်ပြီးရေထဲသို့ခုန်ချ၍ မိမိကိုယ်ကိုမိမိိသေကြောင်းကြံစည်ခဲ့ခြင်းဖြစ်သည်ဟုအမှုစစ်၏စစ်ဆေးချက်အရသိရကြောင်း အထက်ပါတာဝန်ကျရဲဝန်ထမ်းကပြောသည်။
ဖြစ်စဉ်နှင့်ပက်သက်၍ ရေထဲခုန်ချသူမောင်..................အား မင်းဘူးမြို့နယ်၊မြို့မရဲစခန်း (ပ) ၂၈/၂၀၁၆ ၊ပုဒ်မ ၃၀၉ ဖြင့်အမှုဖွင့်ထားသည်ဟုလည်း ၄င်းကပြောသည်။
စဝ်မြတ်ကြည်ကြည်ဟုန်း
Kanbawza Tai News Journal
https://www.facebook.com/kanbawzatai