Quantcast
Channel: MP4 YoU
Viewing all articles
Browse latest Browse all 13796

ဒုတိယအႀကိမ္ လႊတ္ေတာ္အစည္း အေဝးေတြမွာ လက္ရွိအစိုး ရတာဝန္ ရွိသူေတြ တက္ေရာက္ ေဆြးေႏြးျခင္းကို ဆိုင္းငံ့ထားဖို႔ အစိုးရ အဖြဲ႕က ဆုံးျဖတ္

$
0
0
ဦးရဲထြဋ္ (ျပည္ေထာင္စုဝန္ႀကီး)

ေနျပည္ေတာ္္ ေဖေဖာ္ဝါရီ ၂၅

ေဖေဖာ္ဝါရီ ၂၅ ရက္တြင္ က်င္းပသည့္ ဒုတိယ အႀကိမ္ ျပည္သူ႕လႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝး ၁၂ ရက္ေျမာက္ေန႔တြင္ ပုလဲမဲဆႏၵနယ္မွ ေဒၚခင္စန္းလႈိင္ က အေရးႀကီးအဆိုကိုတင္သြင္းခဲ့ၿပီး ယင္းအဆိုကို လႊတ္ေတာ္က လက္ခံေဆြးေႏြးရန္ သေဘာတူေၾကာင္း ဆုံးျဖတ္ခဲ့သည္။

အဆိုပါအစည္းအေဝးသို႔ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းဝင္မ်ား တက္ေရာက္ရန္ လႊတ္ေတာ္က ဖိတ္ၾကားထားရွိေသာ္လည္း သက္ဆိုင္ရာ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းဝင္မ်ား တက္ေရာက္ခဲ့မႈမရွိ ျခင္းႏွင့္ စပ္လ်ဥ္း၍ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးရဲထြဋ္အား သတင္းအဖြဲ႕က ေမးျမန္းခဲ့သည္။

အဆိုပါ ကိစၥႏွင့္စပ္လ်ဥ္း၍ ျပည္ေထာင္စုဝန္ႀကီးက “ဖြဲ႕စည္းပုံအေျခခံဥပေဒ အရ သမၼတ ဦးသိန္းစိန္နဲ႔ လက္ရွိျပည္ေထာင္စုအစိုးရက ပထမ အႀကိမ္ျပည္ေထာင္စု လႊတ္ေတာ္ကို တာဝန္ခံရတာပါ။ အခု ဒုတိယအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ကို တာဝန္ခံျခင္း ရွိ၊ မရွိ ဆိုတာ က ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ အေသအခ်ာ ျပန္လည္သုံးသပ္ရမယ့္ ကိစၥျဖစ္ပါတယ္။ ဒါေပမယ့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာျဖစ္ပြားေနတဲ့ တိုက္ပြဲကိစၥ ေတြ၊ အယ္လ္နီၫို ကိစၥေတြဟာ အမ်ိဳးသားအက်ိဳးစီးပြားနဲ႔ ဆက္စပ္ေနလို႔ ဝန္ႀကီး၊ ဒုတိယဝန္ႀကီးေတြက သြားရွင္းျပခဲ့တာပါ။

အခုေတာ့ ေနာက္ထပ္အဆိုေတြ ေမးခြန္းေတြပါ ဆက္တိုက္တင္လာလို႔ ဒုတိယအႀကိမ္ လႊတ္ေတာ္အစည္း အေဝးေတြမွာ လက္ရွိအစိုး ရတာဝန္ ရွိသူေတြ တက္ေရာက္ ေဆြးေႏြးျခင္းကို ဆိုင္းငံ့ထားဖို႔ အစိုးရ အဖြဲ႕က ဆုံးျဖတ္ခဲ့ တာျဖစ္ပါတယ္။ တကယ္လို႔ ေနာက္တာဝန္ယူမယ့္ အစိုးရ အဖြဲ႕အေနနဲ႔ သိသင့္တာ၊ အႀကံျပဳခ်င္တာရွိရင္ တာဝန္လႊဲေျပာင္းမႈ အေထာက္အကူျပဳအဖြဲ႕ခ်င္းၫွိႏႈိင္းေမးျမန္း လို႔ရပါတယ္။ ေနာက္ၿပီး ေဒၚခင္စန္းလႈိင္အဆိုမွာ အျဖစ္ မွန္ကိုမသိဘဲ စြပ္စြဲထားတာေတြပါဝင္ေန တယ္လို႔ သိရပါ တယ္။ ဥပမာ 2600 MHz လႈိင္းႏႈန္းကိစၥဆိုရင္ Red Link ကုမၸဏီနဲ႔ ရတနာပုံတယ္လီပို႔က ၂၀၀၉ ခုႏွစ္ ကတည္းက အဲ့ဒီလႈိင္းႏႈန္းကို စီးပြားေရးအတြက္ အခမဲ့ သုံးေနတာျဖစ္တဲ့အတြက္ ႏိုင္ငံေတာ္အတြက္ နစ္နာမႈမရွိ ေအာင္ ေလလံပစ္ရ တာျဖစ္ပါတယ္။ ၿပီးရင္ အခမဲ့သုံးထား တဲ့ႏွစ္ေတြအတြက္ ေငြေၾကးျပန္လည္ေတာင္းခံဖို႔လည္း ရွိပါတယ္။

အစိုးရအဖြဲ႕ဝင္ေတြအေနနဲ႔ လႊတ္ေတာ္မွာသြား ေရာက္ ရွင္းျပတာမ လုပ္ေပမယ့္ ေဒၚခင္စန္းလႈိင္အဆိုမွာပါတဲ့ ေဆြးေႏြးခ်က္ေတြနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာဝန္ႀကီးဌာနေတြက ျပည္သူေတြကို ျပန္လည္ရွင္းလင္း တင္ျပသြားမွာပါ” ဟု ေျဖၾကားခဲ့သည္။
MOI
.........
ဒုတိယအကြိမ် လွှတ်တော်အစည်း အဝေးတွေမှာ လက်ရှိအစိုး ရတာဝန် ရှိသူတွေ တက်ရောက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ အစိုးရ အဖွဲ့က ဆုံးဖြတ်
ဦးရဲထွဋ် (ပြည်ထောင်စုဝန်ကြီး)

နေပြည်တော်် ဖေဖော်ဝါရီ ၂၅

ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပသည့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့တွင် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင် က အရေးကြီးအဆိုကိုတင်သွင်းခဲ့ပြီး ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ တက်ရောက်ရန် လွှတ်တော်က ဖိတ်ကြားထားရှိသော်လည်း သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ တက်ရောက်ခဲ့မှုမရှိ ခြင်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်အား သတင်းအဖွဲ့က မေးမြန်းခဲ့သည်။

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက “ဖွဲ့စည်းပုံအခြေခံဥပဒေ အရ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိပြည်ထောင်စုအစိုးရက ပထမ အကြိမ်ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရတာပါ။ အခု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုတာ က ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသေအချာ ပြန်လည်သုံးသပ်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စ တွေ၊ အယ်လ်နီညို ကိစ္စတွေဟာ အမျိုးသားအကျိုးစီးပွားနဲ့ ဆက်စပ်နေလို့ ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေက သွားရှင်းပြခဲ့တာပါ။

အခုတော့ နောက်ထပ်အဆိုတွေ မေးခွန်းတွေပါ ဆက်တိုက်တင်လာလို့ ဒုတိယအကြိမ် လွှတ်တော်အစည်း အဝေးတွေမှာ လက်ရှိအစိုး ရတာဝန် ရှိသူတွေ တက်ရောက် ဆွေးနွေးခြင်းကို ဆိုင်းငံ့ထားဖို့ အစိုးရ အဖွဲ့က ဆုံးဖြတ်ခဲ့ တာဖြစ်ပါတယ်။ တကယ်လို့ နောက်တာဝန်ယူမယ့် အစိုးရ အဖွဲ့အနေနဲ့ သိသင့်တာ၊ အကြံပြုချင်တာရှိရင် တာဝန်လွှဲပြောင်းမှု အထောက်အကူပြုအဖွဲ့ချင်းညှိနှိုင်းမေးမြန်း လို့ရပါတယ်။ နောက်ပြီး ဒေါ်ခင်စန်းလှိုင်အဆိုမှာ အဖြစ် မှန်ကိုမသိဘဲ စွပ်စွဲထားတာတွေပါဝင်နေ တယ်လို့ သိရပါ တယ်။ ဥပမာ 2600 MHz လှိုင်းနှုန်းကိစ္စဆိုရင် Red Link ကုမ္ပဏီနဲ့ ရတနာပုံတယ်လီပို့က ၂၀၀၉ ခုနှစ် ကတည်းက အဲ့ဒီလှိုင်းနှုန်းကို စီးပွားရေးအတွက် အခမဲ့ သုံးနေတာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် နစ်နာမှုမရှိ အောင် လေလံပစ်ရ တာဖြစ်ပါတယ်။ ပြီးရင် အခမဲ့သုံးထား တဲ့နှစ်တွေအတွက် ငွေကြေးပြန်လည်တောင်းခံဖို့လည်း ရှိပါတယ်။

အစိုးရအဖွဲ့ဝင်တွေအနေနဲ့ လွှတ်တော်မှာသွား ရောက် ရှင်းပြတာမ လုပ်ပေမယ့် ဒေါ်ခင်စန်းလှိုင်အဆိုမှာပါတဲ့ ဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေက ပြည်သူတွေကို ပြန်လည်ရှင်းလင်း တင်ပြသွားမှာပါ” ဟု ဖြေကြားခဲ့သည်။
MOI

Viewing all articles
Browse latest Browse all 13796

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အခ်ိန္ကုန္သက္သာေစမယ့္ အုတ္ခင္းစက္


ဘာျဖစ္လို႕ စစ္သားေတြ အေလးျပဳၾကသလဲဆိုတဲ့ ေမးခြန္းအတြက္ပါ


မယ္ႏု ႏွင့္ ေမာင္အို အုပ္စု တန္ခုိးထြားျခင္း


“ေတြးမိတိုင္း အ႐ိုးနာသည္ အမ်ဳိးပါ ဆဲခ်င္ေပါ့ေလး”


သားသမီး ရင္ေသြးရတနာအတြက္ ပူပင္ေသာက မ်ားေနတယ္ဆိုရင္


♪ ေလးျဖဴ -BOB - ဘဂၤလားပင္လယ္ေအာ္ MP3 Album ♫


ပူေဇာ္ျခင္းႏွစ္မ်ိဳး


ေထာင္ထဲမွာ ေတြ႕ခဲ့ရေသာ ဆင္ဖမ္းမယ္ က်ားဖမ္းမယ္ဆုိတဲ့ ဗုိလ္မွဴး ဗုိလ္ခ်ဳပ္ေတြ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>